* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 15, 2009

နှစ်သစ်အတွက် ခွန်းဆက်ချွေခြင်း…

နှစ်သစ်အတွက် ခွန်းဆက်ချွေခြင်း…

မင်္ဂလာပါ… ညီတို့ ညီမတို့ရေ…

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း… ဆုမွန်ကောင်းများ ချွေလိုက်ပါတယ်။

အချိန်တွေဟာ သိပ်မြန်လွန်းတဲ့အတွက် တစ်နှစ်ကုန်သွားပြန်ပါပြီ။ ခဏလေးလို့ ထင်ရတယ်နော်… ကုန်သွားတဲ့ တစ်နှစ်မှာ ပြန်ပြီးစဉ်းစားကြည့်ရင် ပျော်ရွှင်စရာတွေ၊ စိတ်ညစ်စရာတွေ၊ အလိုမပြည့်တာတွေ စတဲ့ အကောင်းအဆိုး လောကဓံတွေနဲ့ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ လူတိုင်းပါပဲ…။ ပြီးတော့ အဲဒီကျော်ဖြတ်ခဲ့ရ တာတွေထဲမှာ ကုသိုလ်တွေများသလား… အကုသိုလ်တွေများသလား…လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရင်… အင်း… အများအားဖြင့် အကုသိုလ်တွေက များနေကြမှာပါ။ ထားပါတော့.. အတိတ်ဆိုတာ ကျန်ခဲ့ပြီလေ။ ဒီတော့ တို့တစ်တွေ အခုနှစ်သစ်ကစပြီး အနာဂတ် အချိန်တွေအတွက် ဘယ်လိုကုန်ကြမယ်၊ ဖြတ်သန်းကြမယ်ဆိုတာကိုပဲ စဉ်းစားကြတာပေါ့။ သိတဲ့အတိုင်း ဘ၀က ဘာမှကြိုတွက်လို့ မရ၊ ကြိုမြင်လို့လည်း မရတဲ့ အခြေအနေ ဖြစ်နေတာကိုး။ ဒါကြောင့် အနာဂတ်အတွက် စိတ်သစ်လူသစ်နဲ့ အစီအစဉ်အသစ်တွေ ချတဲ့အခါ မျှမျှတတ စီစဉ်တတ်ဖို့ လိုတာပါ။ မျှမျှတတဆိုတာ အစီအစဉ် ချတဲ့အခါ ဒီဘ၀အတွက်ရော နောင်သံသရာအတွက်ပါ ထည့်ပြီးချရမယ်ဆိုတာကို ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘ၀တိုးတက်ရေးတွေ လုပ်နေတုန်း ရုတ်တရက် တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် နောင်သံသရာအတွက် ပြင်ဆင်ထားမှုတွေလည်း အဆင်သင့်ရှိနေအောင်လို့ပါ။ သိတဲ့အတိုင်း အားလုံးဟာ မမြဲဘူးလေ… ဘာမှပုံသေတွက်လို့မှ မရတာ..။ ဒါကြောင့် ပစ္စုပ္ပန်ရော သံသရာပါ ကောင်းစေမယ့် မျှမျှတတ ရှိမယ့်အစီအစဉ်တွေ ချမှတ်ကြဖို့ တိုက်တွန်းလိုတာပါ။

နှစ်သစ်ကစပြီး စိတ်သစ်လူသစ်နဲ့ ဘ၀အောင်မြင်ရေး တိုးတက်ရေးတွေ ချမှတ်တဲ့အခါ… ပညာရေးအစီအစဉ်၊ စီးပွားရေး အစီအစဉ်၊ ကျန်းမာရေး အစီအစဉ်၊ ကုသိုလ်ရေး အစီအစဉ်ဆိုတဲ့ ဦးတည်ချက်လေးရပ် တစ်ခါတည်း ပါနိုင်၊ လုပ်နိုင်တဲ့ အစီအစဉ်တွေ ချမှတ်နိုင်ဖို့ လိုပါတယ်။ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အခါ ဒီလေးခုလုံး ရနိုင်အောင် ကြိုးစားရပါမယ်။ လေးခုလုံး မရနိုင်တာတောင်မှ အနည်းဆုံး ကုသိုလ်လေးတော့ ရမှဖြစ်မှာ။ ကုသိုလ်ရဖို့အတွက်က ဘာမှ မခက်ပါဘူး။ အိပ်ရာက နိုးတာနဲ့ သရဏဂုံလေး ရွတ်တတ်တဲ့ အကျင့်လေး လုပ်လိုက်ရုံပါ။ ဒါဆို အဲဒီနေ့အတွက် အမြတ်ထွက်သွားတာပေါ့..။ ဒီလိုပဲ တစ်ခြား ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးတွေလည်း ရအောင်ယူနိုင်ဖို့ ကြိုးစားနိုင်ရပါမယ်။ ဒီလေးချက်ညီမယ်ဆိုရင် ယခုဘ၀ရော နောင်သံသရာမှာပါ ကြီးပွားချမ်းသာမှာ မလွဲပါဘူး…။

ဒါကြောင့် နှစ်သစ်မှာ စိတ်သစ်လူသစ် အစီအစဉ်အသစ်တွေနဲ့ ယခုဘ၀ရော နောင်ဘ၀မှာပါ ချမ်းသာရအောင် ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာဆိုတဲ့ အချက်လေးချက်ကို မျှမျှတတ လုပ်နိုင်အောင် ကြိုးစားဖို့ အထူးတိုက်တွန်းရင်း နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် စကားပါးလိုက်ရပါတယ်။
အားလုံး ယခုနှစ်သစ်မှ စပြီး နောင်ဘ၀သံသရာအထိ ကိုယ်ကျန်းမှာ စိတ်ချမ်းသာ၍ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ..

မေတ္တာဖြင့်…
ဘုန်းဘုန်းဦးဝိစိတ္တ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP