* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 15, 2009

မဆိုတတ်သောသူ.. ဆိုတတ်သောသူ..

စတုက္ကပုဂ္ဂလပညတ် မှ...

၁...
'မဆိုင်းမလင့်' မဆိုတတ်သော ပုဂ္ဂိုလ် ...

သင့်လျော်စွာ ဆိုတတ်၍
လွတ်လွတ် 'မဆိုင်းမလင့်' မဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် သင့်လျော်သည်ကို ဆိုတတ်၏၊ လျင်မြန်စွာ မဆိုတတ်၊ ဤပုဂ္ဂိုလ်ကို သင့်လျော်စွာ ဆိုတတ်၍ လွတ်လွတ် 'မဆိုင်းမလင့်' မဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။152

၂...
လွတ်လွတ်ဆိုတတ်၍ သင့်လျော်စွာ မဆိုတတ်သော ပုဂ္ဂိုလ်...

လွတ်လွတ်ဆိုတတ်၍
သင့်လျော်စွာ မဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် (ပြဿနာ၏အဆုံး၌) လျင်မြန်စွာ ဆိုတတ်၏၊ သင့်လျော်သည်ကို မဆိုတတ်၊ ဤပုဂ္ဂိုလ်ကို လွတ်လွတ်ဆိုတတ်၍ သင့်လျော်စွာ မဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။153

၃...
သင့်လျော်စွာလည်းဆိုတတ် လွတ်လွတ်လည်း ဆိုတတ်သော ပုဂ္ဂိုလ်...

သင့်လျော်စွာလည်း ဆိုတတ်
လွတ်လွတ်လည်း ဆိုတတ်သော ပုဂ္ဂိုလ် ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် သင့် လျော်သည်ကိုလည်း ဆိုတတ်၏၊ လျင်မြန်စွာလည်း ဆိုတတ်၏၊ ဤပုဂ္ဂိုလ်ကို သင့်လျော်စွာလည်းဆိုတတ် လွတ်လွတ်လည်း ဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ် ၏။154

၎...
သင့်လျော်စွာလည်း မဆိုတတ်၊ လွတ်လွတ်လည်း မဆိုတတ်သော ပုဂ္ဂိုလ်...

သင့်လျော်စွာလည်း မဆိုတတ်
လွတ်လွတ်လည်း မဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် သင့် လျော်သည်ကိုလည်း မဆိုတတ်၊ လျင်မြန်စွာလည်း မဆိုတတ်၊ ဤပုဂ္ဂိုလ်ကို သင့်လျော်စွာလည်း မဆိုတတ်၊ လွတ်လွတ်လည်း မဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။155

၎ - စတုက္ကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP