မှတ်ကျောက်အစစ်
မှတ်ကျောက်အစစ်
၁။ တစ်ဆင့်စကား ပြောသံကြားကို ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူကြလေနှင့်-
၂။ ရိုးရာအစဉ်အလာဓလေ့ထုံးစံ နှင့် ကိုက်ညီသော စကားဖြစ်၍လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူကြလေနှင့်-
၃။ ရှေးကဤသို့ဖြစ်ခဲ့ဖူးသည်ဆိုပြီး ကောလဟလ စကားများဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု ချင်ချင်းအတည်မယူကြလေနှင့်-
၎။ ကျမ်းဂန်များနှင့် ကိုက်ညီသည်ဆိုပြီး ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူကြလေနှင့်-
၅။ မိမိ ထင်မြင်ယူဆချက်များနှင့် ယုတ္တိရှိနိုင်သည် ဟူ၍ စဉ်းစားတွေးခေါ်ပြီးတော့လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်းအတည်မယူကြလေနှင့်-
၆။ လက်ခံနိုင်စရာ ဖော်ပြချက်၊ အကြံပြုချက်၊ ရှင်းလင်းချက်များရရုံဖြင့်လည်းဟုတ်ပြီမှန်ပြီဟု ချက်ချင်းအတည်မပြုလေနှင့်-
၇။ အကြောင်းအကျိုးဆီလျော်နိုင်သည်ဟု အပေါ်ယံမှန်းဆကြည့်ပြီး သဘောကျမိရုံဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်းအတည်မယူကြလေနှင့်-
၈။ တစ်စုံတစ်ယောက်၏ ထူးခြားသော စွမ်းပကား စွမ်းရည်များကို တွေ့မြင်နိုင်ရုံဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်းအတည်မယူကြလေနှင့်-
၉။ နဂိုလက်ခံထားသော အယူဝါဒနှင့် ကိုက်ညီသည်ဆိုပြီး ဟုတ်ပြီမှန်ပြီဟုချက်ချင်းအတည်မယူကြလေနှင့်-
၁၀။ ငါတို့လေးစားသော ဆရာ (ရဟန်း) ၏ စကားဆိုပြီး ဟုတ်ပြီမှန်ပြီဟု ချက်ချင်းအတည်မယူကြလေနှင့်-
မိမိကိုယ်တိုင် လက်တွေ့-လေ့လာ-ကျင့်သုံးကြည့်ပြီး ကိလေသာကင်းရာ တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ချုပ်ငြိမ်းရာ အမှန်ဖြစ်ကြောင်း (မိမိရော အခြားသူများပါ အမှန်တကယ် အကျိုးကျေးဇူး များကြောင်း၊ ပညာရှိများ ကျင့်သုံးကြရာချီးမွမ်းကြရာဖြစ်ကြောင်း) ကိုယ်တိုင်- သိရှိနားလည် သွားခြင်းသည်သာ ဟုတ်ပြီမှန်ပြီဟု အတည်ယူနိုင်ရေး (သို့) အမှန်တရား- သစ္စာတရား အတွက်မှတ်ကျောက်အစစ် ဖြစ်လေသည်။
(ဗုဒ္ဓ- ကာလာမသုတ်၊ အင်္ဂုတ္တရနိကာယ်)

0 comments:
Post a Comment