* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 15, 2009

အနှစ်ပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံအပ်သော ...

စတုက္ကပုဂ္ဂလပညတ်-မှ...

သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်သည် တို့နည်း၊

သစ်ပင်တို့သည် ...
၁။ မိမိက အကာပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံအပ်သော သစ်ပင်၊
၂။ မိမိက အနှစ်ပင်ဖြစ်လျက် အကာပင်တို့ ဝိုင်းရံအပ်သော သစ်ပင်၊
၃။ မိမိက အကာပင်ဖြစ်လျက် အကာပင်တို့ ဝိုင်းရံအပ်သော သစ်ပင်၊
၎။ မိမိက အနှစ်ပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံအပ်သော သစ်ပင်တို့ဖြစ်ကြသည်၊

ဤအတူပင်လျှင် သစ်ပင်လေးမျိုးတို့နှင့် တူသော...
ပုဂ္ဂိုလ်လေးယောက်တို့သည် ဤလောက၌ ထင်ရှားရှိကုန်၏၊

သစ်ပင်လေးမျိုးတို့နှင့် တူသော ပုဂ္ဂိုလ်လေး ယောက်တို့ဟူသည် အဘယ်တို့နည်း၊

၁။ မိမိက အကာပင်ဖြစ်လျက် ...
အနှစ်ပင်တို့ ဝိုင်းရံအပ်သော သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်၊
၂။ မိမိက အနှစ်ပင်ဖြစ်လျက် ...
အကာပင်တို့ ဝိုင်းရံအပ်သော သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်၊
၃။ မိမိက အကာပင်ဖြစ်လျက် ...
အကာပင်တို့ ဝိုင်းရံအပ်သော သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်၊
၎။ မိမိက အနှစ်ပင်ဖြစ်လျက် ...
အနှစ်ပင်တို့ ဝိုင်းရံအပ် သော သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်တို့ဖြစ်ကြသည်။

၁...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိက အကာပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံအပ် သော သစ်ပင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်၏ ပရိသတ်သည်ကား သီလရှိ၏၊ ကောင်း သော အကျင့်ရှိ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မိမိက အကာပင် ဖြစ်လျက် အနှစ်ပင် တို့ ဝိုင်းရံအပ်သော သစ်ပင်နှင့် တူ၏၊ ထိုသစ်ပင်သည် မိမိက အကာပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထိုသစ်ပင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၂...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိက အနှစ်ပင်ဖြစ်လျက် အကာပင်တို့ ဝိုင်းရံအပ် သော သစ်ပင်နှင့် တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်၏ ပရိသတ်သည်ကား သီလမရှိ၊ ယုတ်ညံ့ သော အကျင့်ရှိ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မိမိက အနှစ်ပင် ဖြစ်လျက် အကာ ပင်တို့ ဝိုင်းရံအပ်သော သစ်ပင်နှင့် တူ၏၊ ထိုသစ်ပင်သည် မိမိက အနှစ်ပင်ဖြစ် လျက် အကာပင်တို့ ဝိုင်းရံသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထိုသစ်ပင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၃...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိက အကာပင်ဖြစ်လျက် အကာပင်တို့ ဝိုင်းရံအပ် သော သစ်ပင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း အကျင့်သီလ မရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မိမိက အကာပင်ဖြစ်လျက် အကာပင်တို့ဝိုင်းရံအပ်သော သစ်ပင်နှင့် တူ၏၊ ထိုသစ်ပင်သည် မိမိက အကာပင် ဖြစ်လျက် အကာပင်တို့ ဝိုင်းရံသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထိုသစ်ပင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၎...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိက အနှစ်ပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံအပ် သော သစ်ပင်နှင့် တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း သီလရှိ၏၊ ကောင်း သော အကျင့်ရှိ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မိမိက အနှစ်ပင် ဖြစ်လျက် အနှစ်ပင် တို့ ဝိုင်းရံအပ်သော သစ်ပင်နှင့် တူ၏၊ ထိုသစ်ပင်သည် မိမိက အနှစ်ပင်ဖြစ်လျက် အနှစ်ပင်တို့ ဝိုင်းရံသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထိုသစ်ပင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၎ - စတုက္ကပုဂ္ဂလပညတ် မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။ 170


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP