* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 9, 2011

၂၅၀၀ သာသနာနှစ်အတွင်း သံဂါယနာ

ပထမသံဂါယနာ

မဟာသက္ကရာဇ် ၁၄၈-ဘီစီ(B.C) ၅၄၄ခုနှစ်၊ ရာဇဂြိုလ် ဝေဘာရတောင် သတ္တပဏ္ဏလိုဏ်ဂူ၌ အဇာတသတ် မင်းကို အမှီပြု၍ အရှင်မဟာကဿပအမှူးရှိသော အရှင်အာနန္ဒာ၊အရှင်ဥပါလိနှင့် ရဟန္တာငါးရာတို့ မုခါရုဠှ (နှုတ်ဖြင့်ရွတ်ဆိုခြင်း) ပထမ သံဂါယနာတင်တော်မူခဲ့ကြပါသည်။

ဒုတိယသံဂါယနာ

သာသနာနှစ် ၁၀၀၊ဘီစီ(B.C)၄၄၄ခုနှစ်၊ဝေသာလီပြည် ဝါဠုကာရုံကျောင်းတော်၌ ကာဠာသောကမင်းကို အမှီပြု၍ အရှင်မဟာယသမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ခုနစ်ရာတို့ မုခါရုဠှ(နှုတ်ဖြင့်ရွတ်ဆိုခြင်း) ဒုတိယအကြိမ်သံဂါယနာတင်တော်မူခဲ့ကြပါသည်။

တတိယသံဂါယနာ

သာသနာနှစ် ၂၃၉ ၊ဘီစီ(B.C) ၃၀၈ခုနှစ်၊ ပါဋလိပုတ်ပြည်(ယခုအဆို-ပတ္တနား) သီရိဓမ္မာသောကမင်းကို အမှီပြု၍ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် အမှူးရှိသော ရဟန္တာတစ်ထောင်တို့ မုခါရုဠှီ (နှုတ်ဖြင့်ရွတ်ဆိုခြင်း) တတိယသံဂါယနာတင်တော်မူခဲ့ကြပါသည်။ထိုအခါမှစ၍ ဟိမဝန္တာတောင်တစ် လျှောက်ရှိ တိုင်းပြည်နယ်အရပ်ရပ်သို့လည်းကောင်း၊ မြောက်ဘက်ရှိ စိန့်တိုင်း အနောက်မြောက်ဘက်ရှိ ကသ္မိရကန္တာရ၊ယောနကတိုင်းတို့သို့လည်းကောင်း သာသနာတော်ပျံ့နှံ့ ရောက်ရှိခဲ့ပါသည်။

စတုတ္ထသံဂါယနာ

၎င်းစတုတ္ထသံဂါယနာကို တောင်ပိုင်းစတုတ္ထသံဂါယနာ၊ မြောက်ပိုင်းသံဂါယနာဟု နှစ်မျိုးခွဲ၍ မှတ်ရသည်။ ထိုတွင် သာသနာနှစ်(၄၅၀) ၊ ဘီစီ(B.C) ၉၄ခုနှစ်၊ သီဟိုဠ်ကျွန်း မလယဇနပုဒ်အာလောက လိုဏ်ဂူ၌ ဝဋ္ဋဂါမဏိမင်းကို အမှီပြု၍ ဓမ္မရက္ခိတမထေရ်အမှူးရှိသော သံဃာတော်ငါးရာ တာလပတ္တအက္ခရာ ခေါ် (တောင်ပိုင်းစတုတ္ထသံဂါယနာ- ပေထက်အက္ခရာ) ကိုတင်တော်မူခဲ့ကြပါသည်။

သာသနာတော်နှစ် ၆၀၀၊ ဘီစီ(B.C) ၁ရာစု အိန္ဒိယမြောက်ပိုင်း ကသ္မိရတိုင်း ဇာလန္ဒရမြို့၌ ကနိလျှကမင်းကို အမှီပြု၍ သုမိတြအသွဃောသမထေရ် ကြီးမှူးသော သံဃာတော်များသည် ပိ၌ကတ်တော်များကို သင်္သကရိုဋ်(သက္ကတ)ဘာသာဖြင့် တင်သော သံသတိတြာရုဠှခေါ် မြောက်ပိုင်း စတုတ္ထသံဂါယနာကို တင်တော်မူခဲ့ကြပါသည်။ ထိုအခါမှစ၍ ဟိမဝန္တာမှ မြောက်ဘက်ရှိ တိုင်းပြည်နယ်များသို့ ဗုဒ္ဓသာသနာ ရောက်ရှိပျံ့နှံ့ခဲ့ပါသည်။

ပဉ္စမသံဂါယနာ

သာသနာနှစ် ၂၄၁၂၊ အေဒီ ၁၈၆၈ခုနှစ်၊ မြန်မာပြည် မန္တလေးမြို့တော်၌ မင်းတုန်းဘုရင်မင်းတရားကြီးကို အမှီပြု၍ အရှင်ဇာဂရာဘိဓဇမထေရ်အမှူးပြုသော သံဃာတော် ၂၄၀၀ကျော်တို့ သေလက္ခရာရုဠှ ခေါ် ကျောက်ထက်အက္ခရာ ပဉ္စမသံဂါယနာတင်တော်မူခဲ့ကြပါသည်။

ဆဋ္ဌသံဂါယနာ

ဆဋ္ဌမသံဂါယနာသာသနာနှစ် ၂၅၀၀၊ အေဒီ ၁၉၅၆ခုနှစ် မြန်မာပြည် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ နိုင်ငံတော်အစိုးရ ကြီးမှူးသော ပြည်သူလူထုကို အမှီပြု၍ ထေရဝါဒငါးနိုင်ငံ(မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လော၊ သီရိလင်္ကာ) မှ ဆရာတော်များ ကြီးမှူးသော သံဃာတော် ၂၅၀၀ကျော်ကို ပေါတ္ထကရုဠှ မုခါရုဠှရွတ်ဖတ်ပုံနှိပ်ခြင်း၊ ရွတ်ဆိုခြင်း နှစ်ပါးစုံဖြင့် ဆဋ္ဌသံဂါယနာတင်တော်မူခဲ့ကြပါသည်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Print Friendly and PDFPrint FriendlyPrint Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP