* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 9, 2011

ဗုဒ္ဓဘာသာ နှင့် မြန်မာ့ယဉ်ကျေးမှု သင်တန်း



စင်္ကာပူရောက် ပထမဒုတိယမျိုးဆက် မြန်မာကလေးငယ်များအတွက်

“ဗုဒ္ဓဘာသာ နှင့် မြန်မာ့ယဉ်ကျေးမှု သင်တန်း”

ပထမနှစ်တွင် စတင်သင်ကြားပေးမည့် ဘာသာရပ်များ -
╰⊰⊹✿ ဗုဒ္ဓဘာသာ ✿⊹⊱╮
- သြကာသ၊ သရဏဂုဏ်၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊
- ခုနစ်နေ့ ဘုရားရှိခိုး၊ ဗုဒ္ဓ၀င်အကျဉ်း၊
- ဘုရားရှင်၏ နာမည်ကျော် သာဝကများ စသည်။

╰⊰⊹✿ မြန်မာ့ယဉ်ကျေးမှု ✿⊹⊱╮
- ရွှေတိဂုံ ပုဂံ စသည့် ဘာသာရေးနှင့် လူမျိုးရေး အမွေအနှစ်များ၊
- မြန်မာပြည်တည်နေရာ၊ ရာသီဥတု၊ အစားအစာ၊
- တိုင်းရင်းသားလူမျိုးစုများ၊ ၀တ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှု စသည်။
- မြန်မာနှစ်၊ လ၊ ပွဲလမ်းသဘင် နှင့် ရာသီပန်း စသည်။

[စာသင်ချိန် နာရီ (၄၀)ခန့်၊ အီလီနွိုက်တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းကို မှီးသည်]

နေရာ - မင်္ဂလ၀ိဟာရ၊ 30 Jalan Eunos, Singapore 419495
နေ့ရက် - ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၂ရက်မှ စ၍ တနင်္ဂနွေနေ့တိုင်း
အချိန - ညနေ (၇)နာရီမှ (၉)နာရီအထိ
သင်တန်းကာလ - သုံးနှစ် ။

★နှစ်စဉ် စာမေးပွဲ စစ်မည်။ အောက်လက်မှတ်နှင့် ဆုများ ချီးမြှင့်မည်။
★မိဘကိုယ်တိုင် လက်မှတ်ထိုး၍ အပ်နှံရမည်။
★ကျောင်းသားဦးရေ ကန့်သတ်ချက် ရှိသည်။

ဆက်သွယ်ရန်
၁။ ဒေါက်တာအရှင်အာစာရ ၊ ☎ ၉၆၄၀ ၉၃၄၄ ၊ ✉ven.acara@gmail.com
၂။ ဦးမြင့်သိန်း ၊ ☎ ၈၁၅၉ ၃၉၈၉ ၊ ✉mtheingeo@gmail.com
၃။ ဒေါ်မြင့်မြင့်သန်း၊ ☎ ၉၄၂၄ ၂၇၁၃ ၊ ✉mamyintthan@gmail.com

“ပစ္စုပ္ပန်ကို မကျေနပ်လို့ အနာဂတ်နောက်ကို အသဲအမဲ လိုက်နေရင်း အတိတ်က ခမ်းနားတဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု အမွေတွေ ကျကျန်ခဲ့မှာစိုးလို့ ဒီ သင်တန်းကို စခဲ့ကြပါတယ်။

သင်တန်းဖြစ်မြောက်ရေးအဖွဲ့
Posted 4 hours ago by

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP