* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 9, 2011

ရှိသည်၊ ဖြစ်သည်၊ ပျက်သည်

ကိုယ်တိုင်ရေးဝတ္ထုမှာ
ဗားရှင်းအဟောင်းနဲ့ လောဘတို့ ရှုပ်ပွ
တစ်ချို့တစ်ဝက်က ရေးလက်စ ဥပါဒါန်တွေနဲ့ရယ်..
မြန်နှုန်းမြှင့် အဖြစ်အပျက်တို့ ရှိသေးရင် ပေးပါ
တစ်ခုခုပဲ ဖြစ်ဖြစ်ပေါ့..။


သာမာန်နေထိုင်ခြင်းမှာ
ဝါကျတွေ သိပ်သည်းဖို့ လို/ မလို
အငြင်းပွားဖို့ မလိုပါဘူး…
ဟော့ဒီမှာ…
မဂ္ဂင် ဘုတ်အုတ်များ အစီအရီ..။


ဧ၀ံ မေ သုတံ နဲ့ စခဲ့တဲ့ ဘ၀မို့
နဲနဲတော့ အမြင်မကျဉ်းဖို့ လိုတယ်
သတင်းခေတ်ကြီးထဲမှာ
လူဖြစ်ရတာ မတန်လိုက်တာ..။


ဒီဘ၀ပြီးရင် ဘာလုပ်မှာလဲ
တစ်ယောက်ထဲ ပြောကြည့်ဖူးတယ်…။
နားလည်လည် မလည်လည်
သင်ဖတ်နေသော ကဗျာကို
“မောနေယျ ” လို့ ပညတ်တင်လိုက်ရအောင်…။


ဟိုမှာ ..
နှင်းတွေ မြင်းကိုယ်စီနဲ့ လာနေပြီ
ကိလေသာ ဖုန်လုံးတွေ ၀င်မလာခင်
ငါ့ရှင်…
ကျေးဇူးပြု၍ တံခါးပိတ်လိုက်ပါ..။

(မောနေယျ)
၀၈.၁၂.၂၀၁၂

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP