* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 9, 2011

(၄) အရှင်မဟာကဿပမထေရ်အကြောင်း သိကောင်းစရာ

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓုတဝါဒါနံ (ဓုတင်္ဂဓရာနံ ကတ္ထစိ) ယဒိဒံ မဟာကဿပေါ။ (အံ-၁၊ ၂၃)

အရှင်မဟာကဿပမထေရ်အလောင်း ရှေးဆုတောင်း---
အရှင်မဟာကဿပ အလောင်းတော်သည် ပဒမုတ္တရဘုရားလက်ထက်တော်ဝယ် ဟံသာဝတီမြို့၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဝိဒေဟမည်သော သူကြွယ်ဖြစ်ခဲ့လေသည်။ တနေ့သောအခါ ကျောင်းတော်သို့ သွားစဉ် ဘုရားရှင်က မဟာနိသဘမည်သော မထေရ်ကို “ဓုတင်အရာ၌ အမြတ်ဆုံး=ဧတဒဂ်ရာထူး” ချီးမြှင့်တော်မူတာ ကြားသိရ၍ ကြည်ညိုစိတ်ဖြစ်ပေါ်လာသောကြောင့် နက်ဖြန်အတွက် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ဆွမ်းဖိတ်ခဲ့လေသည်။ ဝေဒေဟဥပါသကာသည် နောက်နေ့ဝယ် ဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့အား ဆွမ်းဆက်ကပ်နေသောအခါတွင် ဆွမ်းခံကြွလာသော မဟာနိသဘထေရ်ကို မြင်၍ သပိတ်တောင်းယူကာ အိမ်တွင်းသို့ ပင့်ခေါ်သော်လည်း မထေရ်မြတ်က “ဒါယကာ အိမ်တွင်းသို့ဝင်၍ နေထိုင်ရန် အပ်စပ်လိမ့်မည်မဟုတ်”ဟု ပြောဆိုတော်မူလေသည်။ ဥပါသကာသည် သပိတ်အပြည့် ဆွမ်းထည့်၍ မထေရ်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။

ထို့နောက် ဘုရားရှင်၏အနီးသို့ ပြန်လာ၍ “ရှင်တော်မြတ်ဘုရား...မဟာနိသဘထေရ်ကို အိမ်တွင်းသို့ ပင့်ပါသော်လည်း အရှင်မြတ်သည် မဝင်လိုပါ။ ထိုမထေရ်မြတ်မှာ အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးထက် သာလွန်သော ဂုဏ်ကျေးဇူးများ ရှိပါသလားဘုရား”ဟု မေးမြန်းလျှောက်ထားလေသည်။


ဘုရားရှင်တို့၏သန္တာန်တော်၌ ဂုဏ်ကျေးဇူးကို ဝန်တိုမှုတရား-ဟူ၍ လုံဝမရှိပါ (ဗုဒ္ဓါနဉ္စ ဝဏ္ဏမစ္ဆေရံ နာမ နတ္ထိ)၊ သို့ဖြစ်၍ ဘုရားရှင်က “ဒါယကာ...ငါတို့သည် ဆွမ်းကိုငံ့၍ အိမ်၌ ထိုင်နေကြကုန်၏၊ နိသဘမထေရ်ကား ဤသို့ ထိုင်၍ ဆွမ်းကို ငံ့လင့်မှု အလင်းပင် မပြုချေ၊ ငါတို့သည် ရွာနီးကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား တောကျောင်း၌သာ
နေလေ့ရှိ၏။ ငါတို့သည် အမိုးရှိသောကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား ဟင်းလင်းအပြင် လွင်တီးခေါင်၌ သာလျှင် နေလေ့ရှိ၏” ဟု မထေရ်မြတ်၏ ဂုဏ်ကျေးဇူးများကို အကျယ် ဟောကြားတော်မူလေသည်။


ဝေဒေဟဥပါသကာသည် အတိုင်းထက်အလွန် သဒ္ဓါကြည်ညိုဖြစ်ကာ ခုနစ်ရက်တိုင်တိုင် ဆွမ်းအလှူကြီးပေးပြီးနောက် ခုနစ်ရက်မြောက်နေ့မှာ ဘုရားအမှူးရှိသော ရဟန်းအပေါင်အား တိစီဝရိတ်တစုံစီ လှူဒါန်းဆက်ကပ်ပြီးလျှင် မဟာနိသဘ မထေရ် ရအပ်သော ရာထူးကဲ့သို့ ဓုတင်အရာ၌ အမြတ်ဆုံး ဧတဒဂ်ရာထူးကို တောင်းဆုချွေခဲ့လေသည်။


နောက်ဆုံးဘဝ၊ ရဟန်းပ၊ ဓုတဧတဒဂ်---
ထိုဆုတောင်းကြောင့်ပင် နောက်ဆုံးဘဝ ဂေါတမဘုရားရှင် လက်ထက်တော်ဝယ် အရှင်မဟာကဿပ အမည်တော်ဖြင့် “ကိလေသာကို ခါတွက်ကြောင်း ကောင်းမြတ်သော ဓုတင်ပဋိပတ် အကျင့်မြတ်ကို ကိုယ်တိုင်လည်း ကျင့်သုံး၍ သူတပါးတို့ကိုလည်း ဟောကြားပြသ ဆိုဆုံးမကြသော ဘုရားရှင်၏ တပည့်ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး”ကို ရရှိတော်မူလေသည်။ (အံ-ဋ္ဌ-၁၊ ၁၂၆၊ ၁၄၃)


ဥရုဝေလကဿပ, နဒီကဿပ, ဂယာကဿပ, ကုမာရကဿပ-ဟူသော ဤငယ်ကုန်, အလွန်ငယ်ကုန်သော မထေရ်တို့ကို စွဲ၍ ကြီးမြတ်တော်မူသောကြောင့် “မဟာကဿပ”ဟု ခေါ်သည်။

မှတ်ချက်။ ။ ဗာကုလထေရ်သည် ကိုယ်တိုင် ဓုတင်ကျင့်တော်မူ၏။ သူတပါးတို့အား ဓုတင်ကို ဟောကြားတော် မမူချေ။
ဥပနန္ဒထေရ်သည် ကိုယ်တိုင်တော့ ဓုတင်မကျင့်၊ သူတပါးတို့အားသာ ဓုတင်ကို ဟောကြားတော်မူသည်။
မဟာကဿပထေရ်ကား ကိုယ်တိုင်လည်း ဓုတင်ကျင့်၍ သူတပါးတို့အား ဟောကြားတော်မူလေသည်။(အံ-ဋ္ဌ-၁၊ ၁၂၆၊ ၁၂၇)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP