* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 9, 2011

သူတော်ကောင်းများကို သိရှိနည်း

မြတ်စွာဘုရား ညွှန်ပြတော်မူခဲ့သော သူတော်ကောင်းသိနည်းများစွာထဲမှ နည်းနှစ်နည်းခန့်မျှ တင်ပြပါရစေ။
ရဟန်းတို့၊ သူတော်ကောင်းသည်-
၁။ သတ္တ၀ါကို မသတ်တတ်။
၂။ အရှင်မပေးသော သူ့ပစ္စည်းကို မယူတတ်။
၃။ မပြစ်မှားအပ်သော မိန်းမ၊ ယောင်္ကျားတို့၌ ပြစ်မှားကျူးလွန်ခြင်း မရှိတတ်။
၎။ မုသားမပြောတတ်။
၅။ ကုန်းမတိုက်တတ်။
၆။ ကြမ်းတမ်းသော စကားကို မပြောတတ်။
၇။ အနှစ်အသားမရှိသော စကားကို မပြောတတ်။
၈။ သူတစ်ပါးပစ္စည်းကို ကိုယ့် ပစ္စည်းဖြစ်အောင် မကြံတတ်။
၉။ သူတစ်ပါးပျက်စီးခြင်းကို မလိုလားတတ်။
၁၀။ အယူအမြင် မမှားတတ်။
ရဟန်းတို့၊ သူတော်ကောင်းသည်-
၁။ မှန်ကန်ကောင်းမွန်သော အယူအမြင်ရှိ၏။
၂။ မှန်ကန်ကောင်းမွန်သော အကြံအစည်ရှိ၏။
၃။ မှန်ကန်ကောင်းမွန်သော စကားကို ပြောဆို၏။
၎။ မှန်ကန်ကောင်းမွန်သော အလုပ်ကို ပြုလုပ်၏။
၅။ မှန်ကန်ကောင်းမွန်သော အသက်မွေးခြင်းရှိ၏။
၆။ မှန်ကန်ကောင်းမွန်သော ၀ီရိယရှိ၏။
၇။ မှန်ကန်ကောင်းမွန်သော သတိရှိ၏။
၈။ မှန်ကန်ကောင်းမွန်သောသမာဓိရှိ၏။
ဤသို့ မြတ်စွာဘုရားသည် သူတော်ကောင်းကို သိရှိနိုင်ရန် နည်းနှစ်နည်းကို ညွှန်ပြတော်မူ၏။ သို့ကြောင့် သူတော်ကောင်းများ ဖြစ်ကြသော သင်တို့သည်လည်းပဲ မိမိသည် မည်သည့် ထဲတွင်ပါဝင်နေသနည်း။ ဆန်းစစ်၍ သူတော်ကောင်းများကို သိရှိနိုင်ကြပါစေသတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP