* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 9, 2011

( ၇ )ကြိမ်မြောက် ပိဋကတ်ကျမ်းစာအုပ်များ လှူဒါန်းမှုမှတ်တမ်း

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွက် ဓမ္မနန်းတော်၏ ဓမ္မစာပေဆိုင်ရာ ကျမ်းစာအုပ်များ လှူဒါန်းမှုကို စစ်ကိုင်းတောင်ရိုးမှ စာသင်သားသံဃာ( ၃၀၀ ) ကျော်သီတင်းသုံးနေထိုင်တော်မူသော ဇိနောဒယပရိယတ္တိစာသင်တိုက် အတွင်းရှိ သာမဏေ ကျော်ကိုရင်ငယ်များအား လှူဒါန်းဖြစ်ခဲ့ပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် စာရေးသူကိုယ်တိုင် မြန်မာပြည်ကို ရောက်ရှိနေချိန်မို့ ဒီတကြိမ်မှာတော့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းဖြစ်ခဲ့တယ်။

ကျမ်းစာအုပ်များ လှူဒါန်းမှုကို အလှူရှင်များ ပိုမို ပီတိဖြစ်စေရန်ဟူသော ရည်ရွယ်ချက်၊ မိမိတို့ လှူဒါန်းလိုက်သော စာအုပ်များကို နှစ်ပေါင်းများစွာ ကြာရှည်စွာ သံဃာများ အသုံးပြုနိုင်စေရန် ဟူသော ရည်ရွယ်ချက်များဖြင့် စိတ်ရှည်ရှည်ဖြင့် ကပ်ထူဖုံးဖြင့် အလှူရှင်ကမ္ဗည်းထိုးကာ ပြီးစီးသည်အထိ စောင့်ဆိုင်းကာ လှူဒါန်းဖြစ်ခဲ့တာပါ၊
သံဃာများ လိုအပ်သော စာအုပ်စာရင်းများကို မန္တလေးမြို့ရှိ စာအုပ်ဆိုင်တွင် လှမ်းမှာယူပြီး ဂျပ်ထူအဖုံး ဖုံးစေကာ စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ကျောင်းတိုက်များဆီကို တကူးတက သယ်ယူပြီး လှူဒါန်းရတာမို့ အခုလို ဒီဇင်ဘာ လဆန်းပိုင်းမှပဲ လှူဒါန်းမှု ပြီးစီးပါတော့တယ်။
ဒီတကြိမ်မှာလည်း ဇိနောဒယစာသင်တိုက်မှာ ၀ါဆိုသံဃာ သုံးရာကျော် ရှိသော်လည်း သာမဏေ ကျော် စာမေးပွဲ ဖြေဆို သော သာမဏေများက အနည်းစုသာ ရှိခဲ့ပါတယ်၊ ဒါကြောင့် စာမေးပွဲအတွက် အားယူနေကြသော ကိုရင်ငယ်များအား စာအုပ်ရေ ( ၂၇ ) အုပ် လှူဒါန်းဖြစ်ခဲ့တယ်။

နိုဝင်ဘာလအတွက် ဓမ္မစာပေ အလှူရှင်
အရှင်သုနန္ဒာလင်္ကာရ M.A အား အမှုးထား၍ စင်္ကာပူနိင်ငံမှ မောင်ဇော်ဝင်းထိုက် က ပညာပါရမီဖြစ်စေရန် နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါသည်။

လှူဒါန်းခဲ့သော ဓမ္မစာအုပ်များ စာရင်း

၁။ အဂုင်္တ္တရ အဋ္ဌကထာ ဒုတိယအုပ် ၁ အုပ် ၅၀၀၀ ကျပ်၊
၂။ အဂုင်္တ္တရ အဋ္ဌကထာ တတိယအုပ် ၁ အုပ် ၅၀၀၀ ကျပ်၊
၃။ တိပိဋက ပါဠိမြန်မာ အဘိဓာန် ပထမတွဲ ၁ အုပ် ၁၂၅၀၀ ကျပ်၊
၎။ တိပိဋက ပါဠိမြန်မာ အဘိဓာန် ဒုတိယတွဲ ၁ အုပ် ၁၂၅၀၀ ကျပ်၊
၅။ တိပိဋက ပါဠိ မြန်မာ အဘိဓာန် တတိယတွဲ ၁ အုပ် ၁၂၅၀၀ ကျပ်၊
၆။ မဟာဝါ မှတ်တမ်း ၁ အုပ် ၃၃၀၀ ကျပ်၊

၇။ အင်္ဂုတ္တရ ပါဠိတော် နိဿယ ပထမတွဲ ၅၅၀၀ ကျပ်၊
၈။ အင်္ဂုတ္တရ ပါဠိတော် နိဿယ တတိယတွဲ ၅၅၀၀ ကျပ်၊
၉။ ကစ္စည်း ဘာသာဋီကာ ဒုတိယတွဲ ၂ အုပ်၊ တအုပ် ၄၇၀၀ နှုံးဖြင့် ၉၄၀၀ ကျပ်။
၁၀။ ဋီကာကျော် ပါဋ္ဌ် ၁အုပ် ၃၃၀၀ ကျပ်၊
၁၁။ ရူပသိဒ္ဓိ ပါဠိ ၁ အုပ် ၄၀၀၀ ကျပ်၊

၁၂။ ရူပသိဒ္ဓိ ဘာသာဋီကာ ပထမတွဲ ၂ အုပ်၊ တအုပ် ၄၇၀၀ နှုံးဖြင့် ၉၄၀၀ ကျပ်၊
၁၃။ ရူပသိဒ္ဓိ ဘာသာဋီကာ ဒုတိယတွဲ ၄ အုပ်၊ တအုပ် ၄၇၀၀ နှုံးဖြင့် ၉၄၀၀ ကျပ်၊
၁၄။ ဓမ္မပဒ ပန်းကုံး ၃ အုပ်၊ တအုပ် ၆၅၀၀ နှုံးဖြင့် ၁၉၅၀၀ ကျပ်၊
၁၅။ ဓာတွတ္ထပန်းကုံး ၆ အုပ်၊ တအုပ် ၈၅၀၀ နှုံးဖြင့် ၅၁၀၀၀ ကျပ်၊

စုစုပေါင်း စာအုပ်ရေ ( ၂၇ ) အုပ်၊
သင့်ငွေ - ၁၇,၇၂၀၀ ကျပ်၊
စာအုပ်များ သယ်ယူစရိတ် - ၂၇၀၀ ကျပ်၊
အားလုံး ကုန်ကျငွေ - ၁၈၀၀၀၀ ကျပ်၊
ဒီတလအတွက် လွှဲအပ်ငွေ = ( ၃ ) သိန်းကျပ်တိတိ၊
ကျန်ရှိငွေ - ၁၂၀၀၀၀ ကျပ်၊
လက်ကျန်ငွေ ၁ သိန်း ၂ သောင်းကျပ်ကို နောက်အကြိမ် လှူဒါန်းမှုတွင် ဆက်လက် ထည့်ဝင်လှူဒါန်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

















ဘ၀သံသရာတွင် ကျင်လည်နေစဉ်အတွင်း လက်ယာရံအဂ္ဂသာဝက အရှင်သာရိပုတ္တရာမထေရ်၊ ပညာဧတဒဂ်ရ လက်ယာရံဘိက္ခုနီမ အရှင်မခေမာ ရဟန္တာမတို့ကဲ့သို့ ဥာဏ်ပညာအရာတွင် ထက်မြက် ထူးချွန်လိုသူ ဖြစ်လိုပါက အကြောင်း နှစ်ချက်ဖြင့် ပြည့်စုံ ဖြည့်ဆည်းရန် လိုအပ်ကြောင်း မှတ်သားရဖူးသည်။

ယခုမျက်မှောက်ဘ၀တွင်လည်း ဘာသာ သာသနာရေးနှင့် ပက်သက်၍ မိမိကိုယ်တိုင် သိလိုသောအကြောင်းအရာများ၊ အချက်အလက်များကို တတ်သိနားလည်သော လူပုဂ္ဂိုလ်၊ ရဟန်းပညာရှိတို့ထံ မရွံ့မကြောက် စူးစမ်းမေးမြန်းကာ နာယူ မှတ်သားတတ်သောအလေ့အကျင့်သည် ဖြစ်လေရာဘ၀တွင် ဥာဏ်ပညာထက်မြက်ကြောင်း အချက်တစ်ခုဖြစ်၏။

ဥပမာအားဖြင့် ငယ်ရွယ်စဉ်က နှုတ်တက်ရွရွ ကျက်မှတ်ခဲ့သော စာများသည် အရွယ်ရောက်ကာ ဘွဲ့ဒီဂရီများ ရရှိနိုင်ဖို့ အထောက်အပံ့ပေးသကဲ့သို့၎င်း၊ ယခုဘ၀လေ့လာ ဆည်းပူးထားသော အသိပညာ ဗဟုဿုတ ဓမ္မအကြောင်း အရာ များသည် နောက်ဘ၀များတွင်လည်း ဥပနိဿယသတ္တိဖြင့် အမှီသဟဲပြုကာ ဥာဏ်ပညာအလင်း ရရှိဖို့ အထောက် အပံ့ကောင်းကောင်း ပေးတတ်ကြောင်း အဂုင်္တ္တရပါဠိတော်လာ ထိုထိုသုတ္တန်တို့တွင် မြတ်စွာ ဗုဒ္ဓ ဟောကြား ထားတော် မူခဲ့သည်။ ထို့ကြောင့် ယခုဘ၀တွင် အသိပညာ ဗဟုဿုတ များ ဆည်းပူးခြင်းသည် နိဗ္ဗာန်မရမီ အထိ အထောက် အပံ့ပေးတတ်ကြောင်း မှတ်သားရပေသည်။

ဥာဏ်ပညာ ထက်မြက် တိုးတက်ဖို့ နောက်တချက်ကတော့ ယခုကဲ့သို့ ပညာပါရမီဖြစ်မြောက်စေသော ဒါနပါရမီများကို တတ်စွမ်းသလောက် ဖြည့်ဆည်းပူးခြင်းပင် ဖြစ်သည်၊ ထိုသို့ဆည်းပူးခြင်းဖြင့် ဖြစ်လေရာဘ၀တိုင်း သူတော်ကောင်း တို့နှင့် သာ ပေါင်းသင်းဆက်ဆံရတတ်ပြီး ဓမ္မစကားများကို မကြာခဏ ကြားနာရကာ တရားထူး တရားမြတ်များကို လျင်မြန်စွာ ရရှိနိုင်ပေသည်။ ထိုကဲ့သို့သော အကျိုးတရားများကို သိမြင်ကြပြိး ယခုအကြိမ် ဓမ္မစာအုပ်များအလှူရှင် မောင်ဇော်ဝင်းထိုက် ကိုယ်စား အားလုံးသော သူတော်ကောင်းတို့အား ပြုပြုခဲ့သမျှသော ကုသိုလ်အားလုံးအတွက် အမျှ အမျှ ပေးဝေအပ်ပါသည်။
မေတ္တာဖြင့်…
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.8.Dec.2011

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP