* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 26, 2011

အမေရိကန်နိုင်ငံ၊ မေရီလင့်ပြည်နယ်၊ ရန်ဒေါစ်တောင်းမြို့ ဝေဇယန္တာကျောင်း သာသန၀ိသုဒ္ဓနီ သိမ်အောင်စာ

ဘုရားကိုယ်တော်မြတ်သည် ရာဇဂြိုဟ်မြို့တော်ကြီး၏ အနီးဂိဇ္ဈကုဋ်တောင်တွင် သီတင်းသုံးတော်မူစဉ် ရဟန်းတို့သာမဂ္ဂီ ဖြစ်မှုနှင့်စပ်၍ ဧကာဝါသ တူသော ပေါင်းဖော်ခြင်း၏ သဘာဝကို သံသယဖြစ်ကြသဖြင့် ဗုဒ္ဓအား မေးလျှောက်ကြရာ ဗုဒ္ဓက ဧကာဝါသ သာမဂ္ဂီသဘာဝ သိကြစေရန် ’’အနုဇာနာမိ ဘိက္ခဝေ သီမံ သမ္မန္နိတုံ’’ ဟု သိမ်သမုတ်ရန် ခွင့်ပြုတော်မူသည်မှ စ၍ သိမ်ကို အသုံးပြုကာ ရဟန်းတော်တို့ သာမဂ္ဂီဖြစ်ခဲ့ ကြသောကြောင့် သမ္မုတိသံဃာတော်သည် ယနေ့အထိ တည်ရှိခဲ့ခြင်းဖြစ်လေသည်။
ဤသို့ သာသနာတော်၏အသက် ရဟန်းတော်တို့ သာမဂ္ဂီဖြစ်လျှက် သာသနာတော်တည်တန့်ရန် အချက်သည် သံဃရတနာရှိမှုနှင့် ဆက်စပ်လျှက်ရှိရာ ထိုသံဃရတနာအစစ်ဖြစ်သော သမ္မုတိသံဃာ အဆက်ဆက် ဖြစ်ပေါ်မှုသည်လည်း သိမ်ရှိမှသာ ဖြစ်နိုင်ပေရာ ရဟန်းတော်တို့၏ ကံဆောင်ရာ သိမ်ဟူ သော အပိုင်းအခြားတစ်ရပ်ရှိမှုလည်း လွန်စွာ အရေးပါလျှက် ရှိပေသည်။
ယခုအခါ အမေရိကန်ပြည်ထောင်စု၌ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ထွန်းကားရန် အခြေပျိုးလျှက်ရှိရာ ထိုအမေရိကန်ပြည်ထောင်စု၌ စစ်မှန်သော ဗုဒ္ဓ၀ါဒပြန့်နှံ့ရေးအတွက် တစ်တပ် တစ်အား ဆောင်ရွက်လျှက်ရှိကြသော ဆရာတော်ဦးမဟောသဓပဏ္ဍိတ၊ ဆရာတော်ဦးဣန္ဒာစာရ၊ ဆရာတော်ဦးသြသဓသာရ သုံးပါးတို့သည် အမှတ် 4406 Windy Hill Road, Randallstown, MD 21133 ၌ ဝေဇယန္တာမည်သော မြန်မာဘုန်းတော်ကြီးကျောင်းကို စုပေါင်းတည်ထောင်၍ အခြေချ သာသနာပြုကြ မည်ဖြစ်ရာ ထိုကျောင်းတိုက်အတွင်း၌ စစ်မှန်သော သံဃရတနာ အဆက်ဆက် တည်ရှိမှုတွင် အရေးပါ လှသော သိမ်ရှိဖို့လည်း လွန်စွာ လိုအပ်လျှက် ရှိပေသည်။
ထိုကြောင့် ဗုဒ္ဓသာသနာ အပွင့်လင်းဆုံး အထွန်းကားဆုံး ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ စွယ်စုံတောက်ပလျှက် ပဋိဝေဓနယ်အထိ ပေါက်ရောက်နေသည့် မြန်မာနိုင်ငံတော်တွင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၌ သီတင်းသုံးတော်မူသော ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ) အရှင်မြတ်ကို ပင့်ဆောင်ပြီး ထိုလိုအပ်လျှက်ရှိသော ဗဒ္ဓသိမ်တော်မြတ်ဖြစ်မြောက်ရေး ဆောင်ရွက်တော်မူပါရန် တောင်းပန်ကြသည်။
ထိုဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ) အရှင်မြတ်ကိုယ်တိုင် ဦးစီး၍ သာသနာနှစ် ၂၅၅၅ ခုနှစ်၊ ခရစ်နှစ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၄) ရက်၊ မြန်မာနှစ် ၁၃၇၃ ခုနှစ်၊ နယုန်းလဆန်း (၃) ရက် စနေနေ့ နံနက် ဒေသစံတော်ချိန် ၉ နာရီ ၃၀ မိနစ် အချိန်မှ စ၍ သိမ်မြေရာ သန့်ရှင်းလျှာထားကြကာ ဖေါ်ပြပါ ဆရာတော် (၇) ပါးတို့သည် သိမ်နှုတ်ကံဆောင်အမှုပြကြ၍ သိမ်သမုတ်ခြင်းကို အောင်မြင်စွာ ပြီးဆုံးခဲ့ပေသည်။


ကံဆောင်ဆရာတော်များ

၁။ ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ)
မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။
၂။ ဘဒ္ဒန္တ ဣန္ဒာစာရ (ဝေဇယန္တာကျောင်း)
4406 Windy Hill Road, Randallstown, MD 21133
၃။ ဘဒ္ဒန္တ ဓမ္မသာမိ (မင်္ဂလာရာမကျောင်း)
1708 Powder Mill Road, Silver Spring, MD 20903
၎။ ဘဒ္ဒန္တ ဥက္ကံသ
1128 Black Torest way, Gaithersburg, MD 20879
၅။ ဘဒ္ဒန္တ သြသဓသာရ (ဝေဇယန္တာကျောင်း)
4406 Windy Hill Road, Randallstown, MD 21133
၆။ ဘဒ္ဒန္တကုသလ (အရှင်ကေလာသ ၀ိဟာရ)
9711 Old Court Road, Baltimore, MD 21244
၇။ ဘဒ္ဒန္တ ၀ိဇယ (အောင်ရတနာကျောင်း)
23601 Peach Tree Road, Clarksburg, MD 20871

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP