* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 26, 2011

အစိုးရမူလတန်းကျောင်း၊ ရှားဖြူကုန်းကျေးရွာ၊ မြန်အောင်မြို့နယ် အလှူတော်

အစိုးရမူလတန်းကျောင်း၊ ရှားဖြူ ကုန်းကျေးရွာ၊ အင်ပင်အုပ်စု၊ အင်ပင်တိုက်နယ်၊ မြန်အောင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး သို့ စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်း အရာရှိများ၏ အလှူတော်အား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ (၂၈-၅-၂၀၁၁) ရက်နေ့တွင် အလှူငွေ ၆၀၉၀၀၀/ိ-ကျပ်ကို သွားရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် အသင်းသားအားလုံး၊ အလှူရှင်တွေအားလုံးနှင့် ဓမ္မမိတ်ဆွေ အပေါင်းတို့အား ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှု အစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာကြပြီး သာသနာတော်အား အစဉ်ထောက်ပံ့နိုင်ကြပါစေ။

အလှူမှတ်တမ်းဓာတ်ပုံများ -
+/-
Write comment

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP