* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 26, 2011

အမြတ်ဆုံးတရား လေးပါး…

အဂ္ဂပသာဒသုတ်

ရဟန်းတို့ အမြတ်ဆုံးတို့၌ ကြည်ညိုခြင်းတို့သည် ဤလေးမျိုးတို့တည်း၊

အဘယ်လေးမျိုးတို့နည်း ဟူမူ-

၁… မြတ်စွာဘုရား

၂… မဂ္ဂင်ရှစ်ပါး

၃… တဏှာကုန်ရာ မြတ်နိဗ္ဗာန်

၎…အရိယာသံဃာ


အစအဆုံးဖတ်လိုပါလျှင်




အဂ္ဂပသာဒသုတ်
ရဟန်းတို့ အမြတ်ဆုံးတို့၌ ကြည်ညိုခြင်းတို့သည် ဤလေးမျိုးတို့တည်း၊

အဘယ်လေးမျိုးတို့နည်း ဟူမူ-

၁…
ရဟန်းတို့ အခြေမရှိသောသတ္တဝါ အခြေနှစ်ချောင်းရှိသတ္တဝါ အခြေလေးချောင်းရှိသတ္တဝါ များသော အခြေရှိ သတ္တဝါ ရုပ်ရှိ သတ္တဝါ ရုပ်မဲ့ သတ္တဝါ သညာရှိသတ္တဝါ သညာမဲ့သတ္တဝါ ရုန့်ရင်းသော သညာကားမရှိ သိမ်မွေ့သော သညာမရှိသည် မဟုတ်သော သတ္တဝါအားလုံးတို့ထက် ပူဇော်အထူးကို ခံတော်မူ ထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ မြတ်စွာဘုရား၌ ကြည်ညိုသော သူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။

၂…
ရဟန်းတို့ အပြုပြင်ခံ 'သင်္ခတ'တရား ရှိသမျှတို့ထက် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၌ ကြည်ညိုကုန်သော သူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုကုန်သော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။

၃…
ရဟန်းတို့ အပြုပြင်ခံ 'သင်္ခတ'တရား၊ အပြုပြင်ကင်း 'အသင်္ခတ'တရား ရှိသမျှတို့ထက် ရာဂဟူသော ယစ်ခြင်းကင်းရာ ရာဂဟူသော မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ အတွယ်အတာကို ပယ်ခွါရာ ဝဋ် (မြစ်) ပြတ်ရာ တဏှာကုန်ရာ ကင်းပြတ်ရာ ချုပ်ရာ ငြိမ်းအေးရာ နိဗ္ဗာန်ကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ နိဗ္ဗာန်တရား၌ ကြည်ညိုသောသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။

၎…
ရဟန်းတို့ အပေါင်း 'သံဃာ'၊ ဂိုဏ်း 'ဂဏ' ရှိသမျှတို့ထက် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ကုန်သော၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူ ပူဇော်ရန် ထိုက်တန်ကုန်သော၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံယူတော်မူထိုက်ကုန်သော၊ လက်အုပ်ချီခြင်းငှါ ထိုက်ကုန်သော၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်ကုန်သော၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါး အရေအတွက် ရှိသော၊ မြတ်စွာဘုရား၏ တပည့်သား သံဃာကို အမြတ်ဆုံး ဟု ဆိုထိုက်၏။ ရဟန်းတို့ မြတ်စွာဘုရား၏ တပည့်သားသံဃာ၌ ကြည်ညိုသော သူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုကုန်သော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။ ရဟန်းတို့ အမြတ်ဆုံး၌ ကြည်ညိုခြင်းတို့သည် ဤလေးမျိုး တို့တည်း ဟု မိန့်တော်မူ၏။

မြတ်သော (ရတနာသုံးပါး၏) ဂုဏ်ကို သိကုန်သည် ဖြစ်၍ အမြတ်ဆုံး (သုံးဖြာ ရတနာ) ၌ စင်စစ် ကြည်ညိုသူတို့အား လည်းကောင်း၊ အတုမရှိ မြတ်သော အလှူကို ခံထိုက်သော မြတ်သော ဘုရား၌ ကြည်ညိုကုန်သော သူတို့အား လည်းကောင်း၊ တပ်မက်ခြင်း 'ရာဂ' ကင်းရာ ငြိမ်းအေးရာဖြစ်သော၊ ချမ်းသာကြောင်း ဖြစ်သော မြတ်သော တရား၌ ကြည်ညိုကုန်သူတို့အား လည်းကောင်း၊ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်သော၊ မြတ်သော သံဃာ၌ ကြည်ညိုကုန်သူ တို့အား လည်းကောင်း အမြတ်ဆုံး (သုံးဖြာ ရတနာ) ၌ အလှူကို ပေးလှူသူတို့အား လည်းကောင်း၊ မြတ်သော ကောင်းမှုသည် တိုးပွါး၏၊ မြတ်သော အသက်ရှည်ခြင်းသည် လည်းကောင်း၊ အဆင်းလှခြင်းသည် လည်းကောင်း၊ အခြံအရံများခြင်းသည် လည်းကောင်း၊ ကျော်စောခြင်းသည် လည်းကောင်း၊ ချမ်းသာခြင်းသည်လည်းကောင်း ကိုယ်အား ဉာဏ်အားသည် လည်းကောင်း တိုးပွါး၏။ မြတ်သော ဂုဏ်တရားနှင့် ပြည့်စုံသော မြတ်သော ရတနာ သုံးပါးအား ပေးလှူတတ်သော ပညာရှိသော နတ်ဖြစ်စေ လူဖြစ်စေ အမြတ်ဆုံးသို့ ရောက်သည်ဖြစ်၍ မွေ့လျော်ရလေ သတည်း။ 34

၎ - အဂ္ဂပသာဒသုတ်၊ စက္ကဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP