* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 26, 2011

ဆူးပေါ် ဖက်ကျ ဥပမာ


၁။( မေး ) သိက္ခာပုဒ်နှင့် မညီသော ရဟန်းများ
အရှင်ဘုရား၊ ၀ိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊
( ဥပမာ ) ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲ ချမ်းသာမကြည့်၊ မတရား ဘက်လိုက်သဖြင့် မှန်ကန်သော ဆင်းရဲသား ပိုမို နစ်နာဆုံးရှုံးခြင်း )

ဦးခင်မောင်သိန်း-ညောင်ရွှေမြို့

( ဖြေ ) ဟဲ့-ငတိုး၊ ရှင်ဘုရင်ကြီးတဦးမှာ သားတော် ၂-ပါးရှိတယ်။
သားတော်ကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူ များတယ်၊
သားတော်ငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေ များတယ်၊

ထိုလူယုတ်မာ သားတော်ငယ် လေးကို လက်ဖြင့်သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ ?

( သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ် ဘုရား)

ဆဲရေးတိုင်းထွာလျှင်ကော ?

( အသတ်ခံရ ပါလိမ့်မယ်ဘုရား )

အေးအေး၊ မင်းတို့ ဒီလိုသိတတ်ရင်တော်ပြီ၊
ဘုရားရှင် သားတော်တွေအပေါ်လဲ နင်တို့ သတိထားတတ်ရောပေါ့-ဟု မိန့်တော်မူတယ်၊

ဆူးပေါ်ဖက်ကျမို့ ငါဖြင့် လန့်လိုက်လေကွယ်၊ မောင်ဘိုးအင်ရယ်-
ဟု ညောင်လေးပင်မြို့၌ ဦးဘိုးအင် ဆိုသည့် သူ၏ မိတ်ဆွေအား ရှေ့နေ ဦးတိုးကြီးက ပြန်၍ ပြောပြဖူးသည်ဆို၏။-ဟု ပါရှိသည်။

စကားချပ်၊ ဘုန်းတော်ကြီး ဦးသီလ ဆိုလိုသည်မှာ လူအချင်းချင်း ကိုယ့်ထက် အသက်သိက္ခာ ဂုဏ်ဝါ ကြီးမားသူကိုတောင် ပြစ်မှားမိလျင် အပြစ်ဖြစ်တတ်၏၊ ကိုယ်ပြစ်မှားမိသူသည် သီလ သမာဓိ ပြည့်စုံနေလျင် ဆဲရေး ဝေဖန် တိုင်းထွာသူမှာ အပြစ်ကြီးလေးတတ်၏၊ ထို့ကြောင့် အချို့လူများသည် သေခါနီးအချိန်တွင် ကံသုံးပါးနှင့် ပြစ်မှားမိတာများရှိက သံသရာဝဋ်ကြွေး မပါစေရန် တောင်းပန်လေ့ရှိကြ၏၊ မကောင်းတာ လုပ်နေလျင် ကိုယ်နှင့် မဆိုင်၊ သူ့လမ်းသူ သွားလိမ့်မည် ဆိုသည့် သဘောပင်။

ရည်ညွန်း။ ။ ဘုန်းတော်ကြီး ဦသီလ၏ ထေရုပ္ပတ္တိ

ထိုဘုန်းတော်ကြီး ဦးသီလ၏ စကားတော်အတိုင်း မှတ်သားအပ်ပါသည်။
ဘဒ္ဒ န္တ တိလောကသာရ ( ရဝေထွန်း ) ဆရာတော် ဖြေကြားသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP