* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 26, 2011

ဧ၀ံ ပႆံ

ဧ၀ံ ပႆံ

အနတ္တလက္ခဏ သုတ်
( အဆက် )

နိဂုမ်းပိုင်း

မြတ်စွာဘုရားရှင်ဟာ ပဉ္စ၀ဂ္ဂီ ၅ ဦးတို့ ကို ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ်
အမျိုးမျိုးကိုပင် အသေးစိပ် ထပ်ခါထပ်ခါ တစ်ခုချင်းစီ နေတံ မမ ၊
နေသောဟ မသ္မိ ၊ န မေသော အတ္တာ။ ငါ့ ဟာ မဟုတ် ၊ ငါ မဟုတ် ၊ ငါမပိုင်
ရှင်းလင်းသွားသည်အထိ ဟောကြားတော် မူခဲ့ပါတယ်။

အဲသလိုဟောလိုက်လို့ လည်း ပဉ္စ၀ဂ္ဂီ ၅ ဦး စလုံး ဘုရားရှင် ဆိုလိုတဲ့ အတိုင်း
အော် ဟုတ်ပါ့လား င့ါဟာ မဟုတ် ၊ ငါ မဟုတ် ၊ ငါ မပိုင် ပါ့လား ဆိုတာကို
ကွဲကွဲပြားပြား နားလည် သိမြင် သဘောပေါက်ခဲ့ကြတာပါ။

အဲလိုသဘောပေါက်တာ နားလည်သိမြင်တာကိုပဲ သုတ၀ါ အကြားမြင်ရှိတဲ့
အရိယသာဝက ဘုရားရှင်ရဲ့  တပည့်ရင်း လို့  ဆိုလိုတာပါ။ အရိယာသာဝက
ဘုရားရှင်ရဲ့ တပည့်ရင်း စစ်စစ်ဖြစ်တယ်ဆိုရင်ပဲ ရုပ် ဝေဒနာ သညာ သင်္ခါရ
ဝိညာဏ်တို့ အပေါ်မှာ ငြီးငွေ့ လာပါတယ်။

ဒီနေရာလေးမှာ ပြောစရာရှိတာက ငြီးငွေ့ တာဟာ စိတ်ပျက်တာ မဟုတ်၊
စိတ်ရှုပ်သွားတာမဟုတ်။ တကယ့်ကို တရားသဘောပေါက်ပြီး
ခန္ဓာ ၅ပါးလုံးရဲ့  အပေါ် အမှန်အတိုင်း မြင်လာတာပါ။

ဟိုတုန်းက သူတို့  ထင်ထားတာက ငါ့ရဲ့ ဟာ ၊ ငါပဲ ၊ ငါပိုင်တာ ပဲ ထင်လာခဲ့တာ။
ဘုရားရှင် ဟောပြလိုက်တော့ ခန္ဓာမှာ ဥာဏ်သက်ဝင်သွားကြတဲ့အခါ
ဟုတ်ပါ့လားနော် ၊ ခန္ဓာ ၅ပါးလုံးဟာ ငါ့ဟာ မဟုတ် ၊ ငါ မဟုတ် ၊ ငါမပိုင်ပါ့လား
လို့  အသိမှန်တွေ ၀င်ရောက်လာတာပါ။ နိဗ္ဗိန္ဒဥာဏ်လို့  ခေါ်ပါတယ်။

အဲလို ဥာဏ်ဖြစ်လာတော့ ခန္ဓာ ၅ပါးအပေါ်မှာ မတပ်မက်တော့ပါဘူး။
ငြီးငွေ့ လာတယ် ဆိုတဲ့ သဘောမှာ မလိုချင်တာတွေ ပါနေတယ်ပေါ့။
မလိုချင် မတပ်မက်တော့ဘူးဆိုရင် လိုချင်တဲ့စိတ်တွေမှ လွတ်မြောက်သွားတယ်။

ဒီနေရာမှာ ဒီသုံးခု အပြန်အားဖြင့် စဉ်းစားကြည့်ပါ။
လိုချင်ရင် တပ်မက်မယ်။စွဲလန်းမယ်။ တပ်မက်စွဲလန်းနေပြီဆိုရင်တော့
ဘယ်တော့မှ ငြီးငွေ့ မှု ဖြစ်လာမှာ မဟုတ်ဘူး။ မငြီးငွေ့ တော့ဘူးပေါ့။

ခု ပဉ္စ၀ဂ္ဂီ ၅ဦးစလုံးဟာ ခန္ဓာပေါ်မှာ ငါ့ဟာ မဟုတ် ငါမဟုတ် ငါမပိုင် ဆိုတဲ့
တရားကို လက်ကိုင်ထားပြီး အားထုတ်လိုက်တာ ဘ၀လွတ်မြောက်သည်အထိ
ဖြစ်သွားကြပါပြီ။ ရဟန္တာ ဖြစ်သွားကြတယ် လို့  ဆိုလိုတာပါ။

အဲဒီလို လွတ်မြောက်ပြီးတဲ့နောက်မှာတော့ ဘ၀မှ လွတ်မြောက်သွားပါပေါ့လား လို့ 
ပြန်ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဥာဏ် ဖြစ်ပေါ်လာပါတယ်။

ဆင်ခြင်ပုံကတော့-
ခီဏာ ဇာတိ- နောက်ထပ်ပဋိသန္ဓေ ဘ၀သစ် ဖြစ်ဖို့  အတွက် ကုန်သွားပြီ။
ဝုသိတံ ဗြဟ္မစရိယံ- နောက်ထပ်ကျင့်ဖို့  မဂ်ကိစ္စတွေလည်း အထူး မရှိပြီ။
ကတံ ကရဏီယံ- ဘ၀လွတ်မြောက်အောင် လုပ်ဖို့  ပြုသင့်ပြုထိုက်တဲ့
ကိစ္စအ၀၀ကိုလည်း ပြုပြီးသွားပြီ။
နာပရံ ဣတ္ထတ္တာယ- နောက်ထပ် အထက်မဂ်ကို ရအောင်လုပ်ရမည့်ဟာလည်း
ထူး မရှိတော့ပြီ။ ဘာမှကို နောက်ထပ်လုပ်စရာမလိုတော့ လို့  စဉ်းစားဆင်ခြင်
ကြပါတယ်။

မြတ်စွာဘုရားရှင်ဟာ ခန္ဓာ ၅ပါးနဲ့  စပ်ပြီး နည်းအမျိုးမျိုးဖြင့်
ငါ့ဟာ မဟုတ် ၊ ငါ မဟုတ် ၊ ငါ့ မပိုင် ငါ့အတ္တ မဟုတ်ကြောင်း
ဟောတော်မူခဲ့ပါတယ်။ပဉ္စ၀ဂ္ဂီ ၅ ဦးစလုံးဟာလည်း ဘုရားရှင်
ပြောဟောခဲ့တာမှန်သမျှကို နှစ်သက်သဘောကျခဲ့ကြပါတယ်။

အနတ္တလက္ခဏသုတ်ထဲမှာ ဂါထာမပါဘဲ ဘုရားရှင်က စကားပြေ
လေးနဲ့  ပြောဟောတော်မူခဲ့တာပါ။ ဒီစကားပြေများဟောကြား
ပြီးတဲ့နောက်မှာတော့ အားလုံး ရဟန္တာတွေ ဖြစ်သွားကြပါတယ်။
ကမ္ဘာ့ဗုဒ္ဓသာသနာမှာ ဘုရား အပါဝင် ရဟန္တာ ၆ ပါး ရှိလာပါတယ်။

ဒါကြောင့် ဒီ အနတ္တလက္ခဏသုတ်တော်ဟာ ပဉ္စ၀ဂ္ဂီ ၅ ဦးစလုံးကို
ရဟန္တာ ဖြစ်စေခဲ့တဲ့ သုတ်မို့  သေသေချာချာ ဂဃနဏ ကျကျနန
လေ့လာ မှတ်သားဆောင်ထား ကျင့်ကြံ ပွါးများသင့်ပါတော့တယ်။

အနတ္တလက္ခဏ သုတ်တော် ဤတွင် ပြီးဆုံး ကမ္ပတ်ဖုံးလေပြီ။


မှတ်ချက်။ ။ အနတ္တလက္ခဏသုတ်တော် ဒေသနာကို ကျမ်းတတ် အကျော်မော်
ဆရာတော်ဘုရားများ၊ နာမည်ကျော် ဓမ္မကထိက ဆရာတော်ကြီးများ အသီးသီး
ရေးသား ဟောကြားချက် အများအပြား ရှိပါသည်။ အကျယ် အသေးစိပ် သိလိုပါက
နာမည်ကြီး
ဆရာတော်များ၏ ကျမ်းစာနှင့်ပြောဟောထားသော တိတ်စီဒီများကို
ဖတ်ရှု နာယူကြလေကုန်။


သို့ သော် ယခု ဘာလင်မြို့  ခရီးစဉ်ဝယ် အနတ္တလက္ခဏသုတ်ကို ရှင်းပြပေးပါဘုရား ဟု
လျှောက်ထားသည်မို့  ကိုယ်သိသလို အနည်းကျဉ်းလေးကို ကိုယ်သိသလိုမျိုး ပြန်လည်ကာ ပါဠိတော်ကိုကြည့်ရှုလေ့လာပြီး ထိုထိုကျမ်းဂန် တရားများမှ နာယူ လေ့လာ
မှတ်ထားသမျှနှင့် ပေါင်းစပ်ကာ စကားပြောဟန်နှင့် ရေးသား လိုက်ခြင်းဖြစ်ပါသည်။

လူဗြိန်းဟု မဆိုအပ်သော လူအသိသာမန် ဥာဏ်ရှိသူတို့ အတွက် ရည်ရွယ်မှန်းဆကာ
ဖြန့် ဝေ ကုသိုလ်ယူခြင်း တစ်မျိုး ဟု မှတ်စေခလို။


ရေးသားမျှဝေလိုက်ရသည့် ကုသိုလ် အစုစုကို လာရောက် စာဖတ်သူ အပေါင်းနှင့်
ကျေးဇူးရှင် မိဘ ဆရာသမား ရဟန်းဒါယကာ ဆွေမျိုးဥာတိ သူငယ်ချင်းများမှအစ
၃၁ ဘုံသား အားလုံးတို့ အား အမျှ ပေးဝေပါ၏။ သာဓု အားရပါရ ခေါ်ကြစေသောဝ်။




မြတ်ရောင်နီ
( ၂၂ ၊ ၀၆ ၊ ၂၀၁၁ )


ဒီနေရာကလေးမှာ ရေးပါ..

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP