* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 26, 2011

ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်

သဗ္ဗညုဘုရားရှင်ကို ဗုဒ္ဓ ဟုခေါ်၏။

ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို ဗုဒ္ဓဘာသာ ဟုခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာ နေထိုင်သူကို ဗုဒ္ဓဘာသာဝင် ဟူ၍ခေါ်၏။ ထိုဗုဒ္ဓဘာသာဝင် ဖြစ်လိုသူ ၊ သို့မဟုတ် ဖြစ်နေသူသည် ဗုဒ္ဓ ၊ ဓမ္မ ၊ သံဃ (ဘုရား ၊ တရား ၊ သံဃာ) ရတနာမြတ်၃ပါး၏ အကြောင်းအရာကို ကောင်းစွာနားလည်ရမည်။ ထိုသို့နားလည်ပြီးနောက် ထိုရတနာ ၃ပါးကို မိမိ ယုံကြည်သလား ၊ မယုံကြည်ဘူးလားဟု စဉ်းစားထိုက်၏။ မယုံကြည်လျှင် ဗုဒ္ဓဘာသာဝင်ပါ ဟု ပြောဆိုနေသော်လည်း ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်သေပါ ၊ ယုံကြည်နေလျှင်ကား ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသော သရဏဂုံ ၃ ပါးကို ဆောက်တည်ရ၏။ ထိုအခါ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်၏။

ပညာ ဗုဒ္ဓဘာသာဝင် ။ ။ ထို ဗုဒ္ဓဘာသာဝင်တို့သည် ဥာဏ်နှင့်ယှဉ်၍ နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကို ကိုးကွယ်ရာ၌ သက်တော်ထင်ရှား မြတ်ဘုရားကို စိတ်ထဲ၌ ထင်လာမြင်လာအောင် ကိုးကွယ်သည့်အပြင် ရုပ်ပုံ ၊ စေတီတော်များကိုလည်း (ရွှေရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ) ကျေကျေနပ်နပ် လေးမြတ်လေ့ရှိ၏။ တရားကို ကိုးကွယ်ရာ၌လည်း တရားအစစ်အမှန် ကျမ်းဂန် ပိဋကနှင့် မဂ်ဖိုလ် နိဗ္ဗာန်တရားကို မှန်းဆ၍ အားရပါးရ ပူဇော်၏။ သံဃာကို ကိုးကွယ်ရာ၌လည်း သုပ္ပဋိပန္တွတာ စသော ဂုဏ်တို့နှင့် အတော်အတန်ပြည့်စုံသော ပုထုဇဉ်များကိုလည်းကောင်း ၊ အမှန်းအတားအားဖြင့် အရိယာသံဃာတော်ကိုလည်းကောင်း ကိုးကွယ်၏။ ထိုရတနာ ၃ပါးအတွက်ဆိုလျှင် အသက်ကိုပင် စွန့်ဝံ့၏။ ဤသူကား ဥာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင် ဖြစ်သူပေတည်း။

သဒ္ဓါ ဗုဒ္ဓဘာသာဝင်။ ။ သူများအပြောကောင်း၍ ယုံကြည်သော သဒ္ဓါဖြင့်၊ သို့မဟုတ် မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်နေသူတို့ကား ဘုရားစစ်၊ တရားစစ် ၊ သံဃာစစ်တို့၌ ထိထိရောက်ရောက် သဒ္ဓါစိတ်ပေါက်သူ နည်းပါး၏။ (လုံးလုံးမရှိဘူးဟု မဆိုလိုပါ) ဘုရားကို ကြည်ညိုရာ၌ သက်တော်ထင်ရှား မြတ်စွားဘုရားထိအောင် စိတ်မရောက်နိုင်ဘဲ ရုပ်ပုံ ၊ စေတီတော်လောက်သာ စိတ်ရောက်၏။ ရုပ်ပုံ ၊ စေတီတော်များတွင်လည်း ဆွေဘုရား ၊ မျိုးဘုရား မိမိပူဇော်ထားသော ရုပ်ပွားစေတီတော်များကို ပိုမို၍ ကြည်ညိုတက်ကြ၏။ ရွှေပြောင်ပြောင် စေတီရုပ်ပွားကိုလည်း သာ၍ ကြည်ညိုကြသေး၏။

ထို့ကြောင့်ပင် မိမိတို့၏ ရပ်ရွာ၌ ရွှေမရှိသော ရုပ်ပွားစေတီတော်များကို ပစ်ထားခဲ့၍ မြို့ကြီး ပြကြီးသို့ ဘုရားဖူးသွားကြ၏။ အခါတစ်ပါး၌ တောကမိန်းမတစ်စု မန္တလေးသို့ သွားခါနီးဝယ် ဘုရားဖူးသွားမလို့ ဟု ကျယ်လောင် ကျယ်လောင်နှင့်ပြောဆိုနေကြသည်ကို အတော်နားလည်သော ကျောင်းဒကာကြီးက တိုးတိုးပြောကြပါဟရို့ ၊ တို့ရွာက ကိုယ်တော်မြတ်တွေကြားလျှင် အားနာစရာ ဖြစ်နေပါ့မယ် ဟု ပြက်ရယ်ပြုလိုက်သတဲ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP