* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 26, 2011

ကမ္ဘာနှင့်ချီ၍ အရာအားလုံးကို ပိုင်စိုးသောအရာ

ကမ္ဘာကြီးဘယ်တော့ ပျက်မှာလဲ၊ ပျက်ခဲ့ရင်ရော ဘယ်လို၊ ဘယ်နည်းပျက်မှာလဲ၊ လဆိုတာဘာလဲ၊ နေဆိုတာကရော ဘာလဲ၊ လောကကြီးမှာ အကြီးဆုံးအရာက ဘယ်အရာလဲ၊ အသေးဆုံးကရော ဘယ်အရာလဲ၊ စသဖြင့်စသဖြင့် အရာအားလုံးကို တိတိကျကျ စူးစမ်းလိုစိတ်၊ သုတေသနပြုလိုစိတ်ရှိကြတာ လူတွေရဲ့ အကျင့်တစ်ခုပါပဲ။ တစ်စုံတစ်ခုကို တွေးတယ်၊ စူးစမ်းတယ်၊ ပြီးတော့ အဖြေကို မတွေ့တွေ့အောင် ရှာဖွေလိုက်စားလိုစိတ်ရှိကြတယ်။

ဒီလိုသုတေသနပြုလိုတဲ့ စိတ်မျိုးရှိကြတာလည်း ကောင်းတာပါပဲ။ အမှန်တရားပေါ်ထွက်လာရေးအတွက် သုတမယဥာဏ်၊ စိန္တာမယဥာဏ်တွေ တိုးပွါးတာပေါ့။

လူတွေမှာသာ သုတေသနပြုလိုစိတ်ရှိကြတာလားဆိုတော့ မဟုတ်သေးဘူး။ လူလိုပဲ နတ်တွေ၊ ဗြဟ္မာတွေလည်း သုတေသနလုပ်လိုစိတ်ရှိကြတာပါပဲ။ မြတ်စွာဘုရားရှင်ကို ကြံကြံဖန်ဖန် ပြဿနာတွေ မေးလျှောက်တတ်တဲ့ သန်းခေါင်စာရင်းထဲမှာ သူတို့လည်း ပါဝင်ကြတယ်။ သူတို့မေးတဲ့အရာတွေက မြတ်စွာဘုရားရှင်မို့သာ တော်သေးတယ်၊ သာမန်အတန်းစားထဲကပုဂ္ဂိုလ်သာ ဆိုရင်တော့ “ဘူး” ပဲခံလိုက်ရမှာ သေချာပဲ။

အခုလည်းကြည့်၊ အတွေးနယ်ကျွံနေတဲ့ နတ်သားတစ်ပါးက သူ့ပြဿနာ သူကိုယ်တိုင် အဖြေရှာမရလေတော့ မြတ်စွာဘုရားရှင်ကို မေးလိုက်ပြန်ပြီ။ “မြတ်စွာဘုရား ကမ္ဘာလောကကြီးမှာ သက်ရှိသက်မဲ့အရာအားလုံးကို အလွှမ်းမိုးနိုင်ဆုံးသောအရာက ဘာပါလဲ၊ သက်ရှိ၊ သက်မဲ့အရာ အားလုံးတို့က လိုက်လျောပေးနေရတဲ့ သူကရော ဘယ်အရာဖြစ်နိုင်ပါသလဲဘုရား” တဲ့။

မေးလာတဲ့ ပြဿနာက အားလုံးအတွက် အကျိုးရှိမယ်၊ အမြတ်စွန်းထွက်မယ်ဆိုရင် ဘုရားရှင်တို့ ထုံးစံအရ ပြန်ဖြေပေးလေ့ရှိပါတယ်။ အခုလည်း နတ်သားရဲ့အမေးက ကမ္ဘာသူ၊ ကမ္ဘာသား အားလုံးတို့အတွက် အကျိုးသက်ရောက်မှုရှိတာမို့ ဒီလို ပြန်ပြီး ဖြေပေးတော်မူပါတယ်။

“ကမ္ဘာလောကကြီးမှာ ရှိရှိသမျှ သက်ရှိ၊ သက်မဲ့ အရာအားလုံးကို လွှမ်းမိုးထားတာတဲ့အရာက ခေါ်တွင်စရာ အမည်နာမသာဖြစ်တယ်။ အမည်လွတ်တဲ့ သတ္တ၀ါမရှိ၊ သင်္ခါရမရှိ၊ အမည်မဲ့သော နိုင်ငံ၊ မြို့၊ ရွာစသည် မရှိ။ အရာအားလုံးတို့ဟာ နာမည်ရဲ့အောက်မှာသာ ကျရောက်ရတယ်။ အမည်နာမထက် ပို၍လွှမ်းမိုးဆုံးသော အရာ လောကမှာ မရှိပေဘူး။ သူ့ရဲ့ အလိုသို့သာ ကမ္ဘာနဲ့ချီပြီး သက်ရှိ၊ သက်မဲ့အားလုံးတို့က လိုက်လျော ပေးကြရစမြဲ”။

ကဲ...ဟိုဒင်း...ဟိုဝှါတို့....အမည်လွတ်တာဘာမှ မရှိဘူးတဲ့ဗျာ...။
မော်ကွန်းသစ်
၂၄.၆.၂၀၁၁

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP