* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 4, 2011

*ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားဆိုခြင်း*

မပြီးဆုံးသောနေ့ရက်များကိုကျော်ဖြတ်ခြင်း ဘလော့လေးကို မွေးဖွားလာတာ (၂) နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ မမြဲခြင်း သင်္ခါရ သဘောတရားအရ ကျွန်တော့်ဘလော့လေးသည်လည်း ပုံစံအမျိုးမျိုး ပြောင်းလိုက်နဲ့ (၂)-နှစ်တာကာလ အတောအတွင်းကို ဖြတ်သန်းခဲ့ပါပြီ။ ဒီဘလော့လေးကို ရေးသားခြင်းဖြင့် ကျွန်တော်အတွက် မိတ်ဆွေသူငယ်ချင်းကောင်း ဘလော့ဂ်ဂါ များကိုလည်း သိခွင့် ခင်မင်ရင်နှီးခွင့် ရခဲ့ပါတယ်။ ဆရာသမားကောင်းများကို ပူဇော်ဆည်းကပ်ခွင့် ရခဲ့ပါတယ်။
ကျွန်တော် ဒီဘလော့လေးကို မရေးခင်က မြန်မာလက်ကွက် ကောင်းကောင်းမရိုက်တတ်ခဲ့ပါဘူး။ အဲဒီမှာ ကျွန်တော်နဲ့ တမြို့တည်းသားဖြစ်သော သုခရိပ်နဲ့ အွန်လိုင်းပေါ်မှာ သိခွင့်ရခဲ့ပါတယ်။ ကျွန်တော်နဲ့ သူနဲ့ အပြင်မှာ ခုထိ မတွေ့ကြရသေးပါဘူး။ ကျွန်တော် သူငယ်ချင်း သုခရိပ်က စတင်ပြီး ဘလော့စပေါ့လေး လုပ်ပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် အွန်လိုင်းမှာ ပထမဆုံး သိခွင့်ရပြီး ကျွန်တော်ကို ဖိုးသားလို့ အမြဲခေါ်တတ်တဲ့ ဆရာတော် အရှင်နာယကာလင်္ကာရ၏ ကူညီမှု အားပေးမှုတွေကြောင့် ကျွန်တော် အားတက်ခဲ့ရပါတယ်။ ဆရာတော်ကို တပည့်တော် ဒီနေရာကနေ ရှိခိုးကန်တော့လိုက်ပါတယ်ဘုရား။ ဆရာတော် သီတဂူစတား၊ ဆရာတော် အရှင်ပညာနန္ဒ၊ ဆရာတော် အရှင်သာဓိန၊ ဆရာတော် အရှင်ဣန္ဒာစရိယ၊ ဆရာတော် ဦးကောဝိဒ(မြိတ်)၊ ဆရာတော် အရှင်ဥာဏဒီပ(ဓမ္မရတနာ)၊ ဆရာတော် အရှင်တိက္ခဥာဏာလင်္ကာရ၊ တခြားဆရာတော်များစွာနှင့် သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကိုလည်း ရှိခိုးကန်တော့လိုက်ပါတယ်။ မြတ်ဗုဒ္ဓ၏ကျေးဇူး ဓမ္မ၏ကျေးဇူး အရှင်ဘုရားတို့၏ ကျေးဇူးကြောင့် တပည့်တော်၏ မပြီးဆုံးသောနေ့ရက်များကို မှန်ကန်စွာ လျှောက်လှမ်းနိုင်ပါပြီဘုရား။ မပြီးဆုံးသေးသောလမ်းကို လျှောက်လမ်းနေ့သရွေ့ မမှားသောရှေ့နေ မသေသော ဆေးသမား ဆိုတာရှိသလို အမှားများတွေ့ပါကလည်း လမ်းညွန်ဆုံးမပေးရန် လျှောက်ထားလိုက်ပါတယ်ဘုရား။
ဒီ (၂) နှစ်တာကာလအတွင်း အခက်အခဲများကို ၀ိုင်းဝန်းကူညီပေးကြသော သူငယ်ချင်းများ၊ ကျွန်တော်၏ စာရေးဆရာမဟုတ် မရေးတတ်ရေးတတ်နဲ့ ရေးသားထားသော စာပေများကို နားလည်စွာဖြင့် လာရောက်လည်ပတ် အားပေးဖတ်ရှု့ကြသော ဓမ္မမိတ်ဆွေ သူငယ်ချင်းများ၊ Facebook စာမျက်နှာတွင် အားပေးကြသော သူငယ်ချင်းများ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ထို့အပြင် ကျွန်တော်ဘလော့လေးကို ဘလော့စပေါ့ကနေ ဒိုမိန်းဖြစ်အောင် ကူညီပေးသော အလှူရှင်ဆရာတော်နှင့် အလှူရှင် စေတနာရှင်မလေးကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ထိုက်သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ကျွန်တော် တောသားလေးက ဒီနေရာမှနေ၍ ပြောကြားလိုပါတယ်။
မပြီးဆုံးသေးသော ခရီးလမ်းကို ကျွန်တော်ရေးနိုင်သမျှ တတ်နိုင်သမျှ အားလပ်သော အချိန်များတွင် ဆက်လက်၍ ကြိုးစားရေးသားမည်ဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းများကလည်း ဆက်လက်ပြီး လာရောက်အားပေးကြပါရန် ပြောကြားလိုပါတယ်။
ဓမ္မမိတ်ဆွေ သူငယ်ချင်းအားလုံးအတွက် ကျွန်တော်ပြုလုပ်ထားတာလေးတွေကို ဓမ္မလက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
ဓမ္မမိတ်ဆွေ သူငယ်ချင်းများအားလုံး လိုရာဆန္ဒတွေအားလုံး ပြည့်ဝကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP