* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 4, 2011

ချမ်းသာလေးမျိုး

တစ်ခါတုန်းက ရဟန်းတော်များဟာ အတူတူဝိုင်းဖွဲ့ပြီးတော့ “ချမ်းသာခြင်း” ဆိုတာ ဘာလဲဆိုတာကို သူအမြင် ကိုယ့်အမြင်နဲ့ ဆွေးနွေးပြောဆိုနေကြပါတယ်။ "တစ်ချို့က ဥစ္စာဓန ကြွယ်ဝချမ်းခြင်း၊ ဂုဏ်သတင်းကျော်ကြားခြင်းစတာတွေဟာ ချမ်းသာခြင်းဖြစ်တယ်။ တစ်ချို့က ကာမဂုဏ်ချမ်းသာကို အပြည့်အ၀ခံစားရခြင်းဟာ ချမ်းသာခြင်းဖြစ်တယ်။ တစ်ချို့က အစားကောင်း အသောက်ကောင်း စားသောက်ရခြင်းဟာ ချမ်းသာခြင်းဖြစ်တယ်…..စသည်ဖြင့် မိမိဉာဏ်ရှိသလောက် တွေးထင်မိသလောက် “ချမ်းသာခြင်း”ဆိုတာကို အဓိပ္ပါယ် ဖွင့်ချပြောဆို ဆွေးနွေးနေခိုက်မှာ ဗုဒ္ဓမြတ်စွာ ကြွရောက်လာပါတယ်။ ရဟန်းတို့ ဘာကိုဆွေးနွေးပြောဆိုနေကြတာလဲ…လို့ ဗုဒ္ဓမြတ်စွာက မေးတော့ ချမ်းသာခြင်း ဆိုတာကို ဆွေးနွေးပြောဆိုနေကြတာပါဘုရား…..ဆိုပြီးအထက်ပါ ဖွင့်ဆိုချက်တွေကို ပြန်လည်လျောက်ထားကြပါတယ်။ ဒီတော့ ဗုဒ္ဓမြတ်စွာက….ချစ်သားတို့…..သင်တိုပြောဆိုတဲ့ ကာမဂုဏ်ချမ်းသာခြင်းဆိုတာတွေက ဆင်းရဲဒုက္ခမှ လွတ်မြောက်တဲ့ ချမ်းသာခြင်းမဟုတ်တာကြောင့် ချမ်းသာခြင်း အစစ်မှန်မဟုတ်ဘူး။ တကယ် ဆင်းရဲခြင်းဒုက္ခတရားတွေမှ လွတ်မြောက်တဲ့ ချမ်းသာခြင်း အစစ်ဆိုတာ လေးမျိုးရှိတယ်…….ချစ်သားတို့ ဆိုပြီး ဟောကြားခဲ့ပါတယ်။


ဗုဒ္ဓရဲ့ ဟောကြားချက်ကို မဖတ်ခင် ဒီနေရာမှာ စာဖတ်သူရဲ့ “ချမ်းသာခြင်း” ဆိုတာနဲ့ပတ်သက်လို့ ဖွင့်ဆိုချက်လေးတစ်ခုလောက် ပြောကြည့်ပါလား……………………..။

……………………………………………………………………………….

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP