* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 4, 2011

တောင်ကိုရီးယားမှဗုဒ္ဓဘာသာမေးခွန်း အမှတ်စဉ် (၄၂)

မေးခွန်း ဗြဟ္မာစိုရ်တရား ဗြဟ္မာ့ဝိဟာရတရား၊ မေတ္တာတရား ဘာများ ကွာခြားသလဲသိခြင်လို့ပါဘုရား။ (လောလော ဆယ်တော့ အင်တာနက်သုံးတာရပ်တော့မှာမို့ပါဘုရား)

ဒေါ်ကြည်ကြည်သက်၊ရေဆင်း၊စိုက်ပျိုးရေးတက္ကသိုလ်

ဖြေ။ ဗြဟ္မတွင် ရေးချထည့်ပြီး မရေးရပါ။ ဗြဟ္မသဒ္ဒါ၏ အဓိပ္ပါယ်မှာ မြင့်မြတ်ခြင်း နှင့် ဒေါသမရှိခြင်း ဖြစ်ပါသည်။ (လောဘရှိနေသေးသည်ကို သတိပြုရပါမည်။) မေတ္တာ၊ ကရုဏာ၊ မုဒိတာ နှင့်ဥပေက္ခာ တို့ကို ဗြဟ္မ ၀ိဟာရတရား လေးပါးဟု ခေါ်ပါသည်။ ဗြဟ္မ၀ိဟာရ ဟုခေါ်ဆိုခြင်းမှာ ဒေါသမရှိသော ဗြဟ္မာများ နေသကဲ့သို့ မိမိတို့ အသက်ရှိနေစဉ် နေ့စဉ် ဒေါသမရှိအောင် နေခြင်းကို ဗြဟ္မ၀ိဟာရဖြင့်နေခြင်းဟု ခေါ်ဆိုရပါသည်။ (လောဘဖြစ်ချင် ဖြစ်နိုင်သော်လည်း ဒေါသကတော့ဖြင့် ကင်းရပေမည်။) လောဘရှိနေသဖြင့် မြင့်မြတ်သူ ဟုဖြင့်မဆိုနိုင် ဒေါသမရှိသဖြင့် ဗြဟ္မာလိုလူသားဟုခေါ်ဆိုနိုင်ပေသည်။

မေတ္တာတရားသည် ဗြဟ္မ၀ိဟာရ တရားလေးပါးတွင် ပါဝင်ပေသည်။ မေတ္တာ၏ သဘောသည် သူတစ် ပါး၏ အကျိုးစီးပွါးကို ရနိုင်မည့် အကြောင်းကို ရှာဖွေပေးတတ်သည်၊ သူတစ်ပါးကို ကိုယ်တိုင် ကူညီပေး တတ်သည်။ သူတစ်ပါးအပေါ် ဒေါသအာဃာတတရား မထားရှိတတ်ပေ။ ဗြဟ္မ၀ိဟာရ တရားလေးပါး တို့တွင် မေတ္တာသည်သာ ကျန်သုံးပါးတို့၏ မှီရာဖြစ်ပါသည်။ ဤတိဝုတ် အဋ္ဌကထာ ၈၇၊

ကရုဏာ ဆိုသည်မှာ မိမိ၏ ဆင်းရဲကို မငဲ့ဘဲ သူတစ်ပါးဆင်းရဲကို ပယ်ရှားပေးတတ်သည်။ သူတစ်ပါး ဆင်းရဲဒုက္ခကို မြင်ရလျှင် မခံစားနိုင်ခြင်းသည် ကရုဏာ။ ဗြဟ္မဇာလုတ်အဖွင့်။ သံယုတ္တနိကာယ အာနာပါန၀ဂ်တွင်လည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဥပေက္ခာကို့ကို ပွါးများရမည် ဖြစ်ကြောင်း ဟောထားပါ သည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP