* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 3, 2011

ကောင်းမွန်ဘုံဘဝ ရောက်ပါစေကြောင်း ကုသိုလ်လောင်း၍ဝေ

၈-၄-၂၀၁၁(သောကြာနေ့)က ကွယ်လွန်သွားသော ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော် နှင့် ၁၅-၄-၂၀၁၁(သောကြာနေ့) က ကွယ်လွန်သွားသော ကိုလှမျိုးဝင်း တို့အား ကောင်းမွန်သော ဘုံဘဝ ရောက်ပါစေရန် စိတ်ရည်သန်၍ မိတ်ဆွေသူငယ်ချင်းများမှ ဒယ်ဂူးမြို၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကောင်းမှုကုသိုလ် အလှူပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ မိတ်ဆွေသူငယ်ချင်းအပေါင်းတို့အား အတူတကွ အမျှဝေ သာဓုခေါ်ဆိုနိုင်ကြစေရန် ဖိတ်ကြားအပ်ပါသည်။

- နေ့ရက် = ၈-၅-၂၀၁၁၊ တနင်္ဂနွေနေ့
- ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ
- တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀
- နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

(ကုသိုလ်ပွဲအစီအစဉ်တွင် ကွယ်လွန်သွားသော သူငယ်ချင်းများအားရည်စူး၍ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ပရိယတ္တိ စာသင်တိုက်တစ်တိုက်မှ စာသင်သံဃာတော်များအား သင်္ကန်းဆက်ကပ်ရန်ဖြစ်ပြီး ကြွရောက်လာသော မိတ်ဆွေအပေါင်းအသင်းများကိုလည်း အထူးရှယ် ဒန်ပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP