* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 4, 2011

ဟိတောပဒေသမှတ်ဖွယ်





၁။ အကျိုးရှိသောအလုပ်

ရေရှားသောအရပ်၌ မိုးရွာခြင်းသည်လည်းကောင်း
ငတ်မွတ်သူအား အစာပေးခြင်းသည်လည်းကောင်း၊ အကျိုးရှိလေ၏။
ထိုနည်းအတူ၊ ဆင်းရဲသူအား ပေးကမ်းလှူဒါန်းခြင်းသည်
အကျိုးရှိလေ၏။

၂။ စာနာမှု၊ ကရုဏာသက်မှု

ကိုယ့်အသတ်ကို ချစ်မြတ်နိုးသကဲ့သို့၊ အခြားသတ္တ၀ါတို့သည်လည်း
သူတို့အသက် သူတို့မြတ်နိုးကြ၏။ ထို့ကြောင့် သူတော်ကောင်းတို့သည်
ကိုယ်ချင်းစာလျက် သတ္တ၀ါအပေါင်းတို့၏အပေါ်၌ သနားကရုဏာထားကြကုန်၏။

၃။ ပညာရှိ

သူတစ်ပါး၏သားမယားကို အမိကဲ့သို့လည်းကောင်း၊
သူတစ်ပါးပစ္စည်းကို မြေကြီးကဲ့သို့လည်းကောင်း၊ သတ္တ၀ါအားလုံးကို မိမိကိုယ်ကဲ့သို့လည်းကောင်း၊
အောက်မေ့လေ့ရှိသောသူသည် ပညာရှိမည်လေ၏။

၎။ လုပ်သင့်သောအရာ

ဆင်းရဲသူကို ကျွေးမွေးစောင့်ရှောက်သင့်လေသည်။
ချမ်းသာသူကို ကျွေးမွေးစောင့်ရှောက်ရန်မသင့်ပေ။
ရောဂါအတွက်သာလျှင် ဆေးသည်အကျိုးရှိလေ၏။
ကျန်းမာသူအတွက်ဆေးသည် အချည်းနှီးသာလျှင်တည်း။

၅။ အပြစ်ခြောက်ပါး

လောက၌ ကြီးပွားတိုးတက်လိုသောသူသည်
အအိပ်ကြူးခြင်း၊ ထိုင်းမှိုင်းခြင်း၊ ကြောက်ရွံ့ခြင်း၊ အမျက်ထွက်ခြင်း၊
ပျင်းရိခြင်း၊ အလုပ်ကိစ္စ၌လေးကန်ဖင့်နွဲ့နေခြင်းတည်းဟူသော
အပြစ်ခြောက်ပါးကိုပယ်စွန့်သင့်၏။

၆။ သေချိန်ရောက်လာမူ

ယူဇနာတစ်ရာထက်ဝေးကွာသော အရပ်မှပင်၊ မိမိအစာကို မြင်နိုင်သောလင်းတငှက်သည်၊
သေချိန်ရေက်လာမူ၊ အပါးတွင်ရှိသည့် ကျော့ကွင်းအနှောင်အဖွဲ့ကို မမြင်ပေ။

၇။ လူကောင်းများ

ဘေးရောက်သောအခါ၌ မိတ်ဆွေကောင်းကို သိနိုင်လေသည်။
စစ်ပွဲ၌ သူရဲကောင်းကို သိနိုင်လေသည်။
ကြွေးမြီတင်ရှိသောအခါ၌ မှန်ကန်ရိုးဖြောင့်သူကို သိနိုင်လေသည်။
ဥစ္စာပျက်စီးဆုံးရှုံးသောအခါ၌ မယားကောင်းကို သိနိုင်လေသည်။
ဆင်းရဲဒုက္ခရောက်သောအခါ၌ ဆွေမျိုးကောင်းကို သိနိုင်လေသည်။

၈။ စိတ်ချမ်းသာခြင်းကို မပေးနိုင်ပါ

ရှာဖွေစုဆောင်းစဉ်အခါ ဆင်းရဲဒုက္ခကိုဖြစ်စေတတ်၏။
ပျက်စီးဆုံးရှုံးသောအခါ ပူပန်သောကကို ဖြစ်စေတက်၏။
ပြည့်စုံကြွယ်ဝသောအခါ မာန်မာနကိုဖြစ်စေတက်၏။
ဤသို့သဘောရှိသော စည်းစိမ်ဥစ္စာတို့သည်
အဘယ်မှာလျှင် ချမ်းသာမှုကို ပေးနိုင်ပါအံ့နည်း။

၉။ ကံအကျိုးပေး

ယာဉ်ရထားသည် ဘီးတစ်ဘီးတည်းဖြင့် မသွားနိုင်သကဲ့သို့
ထိုနည်းအတူ လုံ့လနှင့်ကင်း၍ ကံသည် အကျိုးမပေးနိုင်။

၁၀။ မိသားတစ်စု

ဤလူကား ငါ့လူ၊ ဟိုလူကား သူ့လူ၊ ဤလူကား ရင်းနှီးသူ၊
ဤလူကား သူစိမ်းဟု ရေတွက်စီစစ်ခြင်းသည် သဘောထားသေးနုပ်သူတို့၏
အလုပ်ဖြစ်၏။
သဘောထားမြင့်မြတ်သူ၊ သနားညှာတာသူတို့အဖို့မှာမူကား၊
မြေပြင်တစ်ပြင်လုံး တစ်အိမ်ထောင်တည်းသာလျှင် ဖြစ်လေ၏။


စာပေဗဟုတဖြင့် ပြည့်စုံကြပါစေ


Show/Hide

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP