* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 4, 2011

တောင်ကိုရီးယားမှဗုဒ္ဓဘာသာမေးခွန်း အမှတ်စဉ် (၄၄)

မေးခွန်း။ အရှင်ဘုရား တပည့်တော်လည်း မေးစရာလေးတစ်ခုလောက် ပေါ်လာလို့ပါ တပည့်တော်ကို ကလေးတစ် ယောက်က ဖားအောက်ဆရာတော်ကြီး ကြွလာစဉ် မေးလျှောက်ခိုင်းတာပါ တခြားစကားတွေ အများကြီး ပြောရင်း မေးခွန်းအတွက် အဖြေ မရလိုက်တာ မေ့သွားလို့ ထပ်ပြီး မမေး လျှောက်လိုက်ရလို့ပါဘုရား။မြတ်စွာ ဘုရားရဲ့ တကယ့်အရပ်တော်က ဘယ်လောက်လဲဆိုတာ စာတွေထဲမှာ ရှိပါသလား ဘုရား။ မြတ်စွာဘုရားဟာလောကမှာ သပ္ပါယ်တော်အမူဆုံး မဟာပုရိသလို့ ဖွဲ့ဆိုကြပါတယ်။ မုံညင်းစေ့ထဲမှာ ၀င်ထိုင် လို့ရအောင် ဖန်ဆင်းနိုင်သလို အကြီးကြီး ဖြစ်အောင်လည်း ဖတ်ဆင်းနိုင်တယ် ဆိုတာ ကြားဖူးပါတယ်ဘုရား။ ဒါပေမယ့် တကယ့်အရပ်တော်က ဘယ်နှစ်တောင်ခန့် (ယခုခေတ်အခေါ် ဘယ်နှစ်ပေခန့် ) ရှိမယ်လို့ သိပါ သလားဘုရား။ ရိုသေစွာဖြင့် တပည့်တော် ရွှေမာသန်း

ဖြေ။ မရွှေမာ၏ အမေးကို တောင်မြို့ဆရာတော်ကြီး၏ ရတနာ့ဂုဏ်ရည် စာအုပ်မှ အဖြေကို ကူး ယူဖေါ်ပြအပ်ပါသည်။ ဘုရားရှင်၏ အရပ်တော်ကို ဗုဒ္ဓ၀င်ပါဠိတော်ကြီး၌ (၁၆) တောင်ဟုဆိုထားပါသည်။ များစွာသော အဋ္ဌကထာများတွင် (၁၈) တောင်ဟု ဆိုပါသည်။ သုတ်မဟာဝါဋီကာတွင် (၁၂) တောင်ဟုဆိုထားပြီး အပရေ၀ါဒဟု ၀ါဒကွဲကိုဖေါ်ပြထားပါသည်။ ၁၆၊ ၁၈၊ ၁၂ အားဖြင့် သုံးဝါဒကို တွေ့ရပါ သည်။ ထိုသို့ဆိုရခြင်းမှာ ဟတ္ထဟူသောပါဠိကို (တစ်တောင်) ဟု မြန်မာတို့က ဘာသာပြန်ထား၍ ဖြစ်ပါသည်။ သီဟိုဠ်ကိုကမူ ဟတ္ထအတွက် တစ်မိုက်ဟု ဆိုပြန်ပါသည်။ ဤသို့ပြန်ပါလျှင်လည်း တော်တော်မြင့်နေပါဦးမည်။ တောင်မြို့ဆရာတော်ကြီးက လက်မခံပါ။ အော်လကော့မည်သော အမေရိကန်သား ဗုဒ္ဓ ဘာသာဝင်ကမူ ပကတိလူများထက် ထူးခြားစွာ မမြင့်ဟု ရေးပါသည်။ ထိုင်းနိုင်ငံ သာသနာပိုင်ဆရာတော် ကြီးကလည်း ထို့အတူပင် ယူဆပါသည်။ တောင်မြို့ဆရာတော်ကြီးကလည်း ထိုင်းသာသနာပိုင်လိုပင် ယူဆ ပါသည်။ ယူဆရခြင်းအကြောင်းများစွာကို အောက်ပါအထောက်အထားများဖြင့် ပြဆိုပါသည်။

၁။ ဗုဒ္ဓခေတ်က လူသားများထက် နှစ်တောင် သုံးတောင်ခန့် ထူးခြားအောင် မမြင့်နိုင်ခြင်း၊ ထိုခေတ်က လူသားများ၏ အရပ်မှာ ယနေ့ခေတ်နှင့် အတူတူပင်ဖြစ်မည်။ (ကျောက်စာများတွင်တွေ့ရသည်)

၂။ ၁၈တောင်မြင့်မှာပေါ့ကွာ တန်ခိုးနဲ့ လုပ်တာကိုးဟု လူသားဘုရား၏ အဖြစ်ကို သံသယ၀င်စေခြင်း၊ (မဟာပဓာနသုတ်ဋီကာ)၊

၃။ ယသော်ဓရာကို စေ့စပ်လက်စွပ်ပေးရာတွင် သူမ၀တ်ဆင်နိုင်ခြင်း၊ (လလိဝိတ္ထာရ မြောက်မိုင်းဗုဒ္ဓ၀င်)

၎။ ဘုရားဖြစ်သွားမှ မြင့်သွား တာရောမဖြစ်နိုင်ဘူးလားဟု စောဒကတက်လာလျှင် တရာဦး သွားဟောရာ တွင် လမ်းတွင်တွေ့ရသောဥပကက သာမန်လူလို အမြင်ဖြင့်ပင် ရုပ်လှသော ဘုရားကို မေးခွန်းမေးခြင်း၊ ( မဟာ ၀ါပါဠိတော်၊ မစ္ဖျိမပဏ္ဏာသပါဠိတော်၊ ရာဇ၀ဂ်၊ ဗောဓိရာဇကုမာရသုတ်)

၅။ ပုဏ္ဏားတစ်ယောက် ယဇ်ပူဇော်ပြီးနောက် တစ်ခြား ပုဏ္ဏားတို့အား ယဇ်စာကျွေးဖို့ လိုက်ရှာရာတွင် သင်္ကန်းခေါင်းမြီးခြုံပြီး သစ်ပင်အောက်တွင် ထိုင်နေသော ဘုရားရှင်ကို ပုဏ္ဏားအမှတ်ဖြင့် ဖွင့်လိုက်ရာ လူမှားနေခြင်း၊ ၁၈တောင်မြင့်ရင် လူမှားဖို့မဖြစ်နိုင်၊(သံယုတ်ပါဠိတော်)

၆။ ပါဠိလေယျကတောတွင် တောစောင့်ကြီးက ဘုရားရှင်ကို ရဟန်းကြီးမ၀င်ပါနှင့် အမျိုးကောင်းသားတွေ တရားအားထုတ်နေကြပါတယ်ဟု တားမြစ်ခံရခြင်း၊ အရှင်နန္ဒိယ၊ အရှင်ကိမိလနှင့် အရှင်အနုရုဒ္ဓါ တို့ သုံးပါးသည် ထိုအချိန်က တရားအားထုတ်နေကြပါသည်။ (ဥပရိပဏ္ဏာသ၊ ဥပက္ကိလေသသုတ်)

၇။ ပုဏ္ဏားတစ်ယောက်သည် မိမိဝတ်နေကျ အ၀တ်ကို ဘုရားရှင်းအား လှူဒါန်းဖူးသည်။ (မဟာပရိနိဗ္ဗာန သုတ်)

၈။ အရှင်နန္ဒသည် ဘုရားရှင်ထက် လက်လေးသစ်သာ အရပ်နိမ့်သည်၊ ဘုရားရှင်သင်္ကန်းကို ၀တ်ရုံဖူး သည်၊ (၀ိနည်း၊ ပါစိတ်ပါဠိတော်၊ ရတန၀ဂ်)

၉။ မာဂဏ္ဍီမည်သော ပုဏ္ဏားသည် သူ၏သမီးအချောအလှအတွက် ယောင်္ကျားလိုက်ရှာရာတွင် ဘုရားရှင်ကို တွေ့သဖြင့် ဆက်သမည်ဖြစ်ကြောင်း ပြောဖူးသည်၊ ၁၈တောင်အရပ်မြင့်နေလျှင် မစဉ်းစားတန်ရာ။ (ဓမ္မပဒအဋ္ဌကထာ သာမာဝတီဝတ္ထု)

၁၀။ ဘုရားရှင်သည် အရှင်မဟာကဿပနှင့် သင်္ကန်းချင်း လဲဝတ်ခဲ့ဖူးသည်၊ (နိဒါန၀ဂ်၊ ကဿပသံယုတ်၊ စီဝရ၀ဂ်ပါဠိတော်)

၁၁။ လူ့ပြည်လူ့လောကတွင် ခြေရာတကာတို့တွင် ဆင်၏ ခြေရာသည် အကြီးဆုံးဟု ဟောတော်မူသည်။ အကယ်၍ (၁၈) တောင်မြင့်ပါက ဘုရား၏ခြေရာသာ အကြီးဆုံးဖြစ်ချိမ့်မည်။ ထို့ကြောင့် ငါဘုရား၏ ခြေရာသာလျှင် အကြီးဆုံးဟု ဆိုပေမည်။(မူလပဏ္ဏာသ၊ဟတ္ထိပဒေါပမသုတ်)

၁၂။ ပရိနိဗ္ဗာန်စံပြီးနောက် အလောင်းတော်ကို ဗန္ဓုလစစ်သူကြီး၏ဇနီးက သူ၏ အ၀တ်တန်ဆာဖြစ်သော မဟာလတတန်ဆာဖြင့် ပူဇော်ခဲ့ပေရာ တစ်ကိုယ်လုံးကို ဖုံလွမ်းမိသည်။ (မဟာပရိနိဗ္ဗာနသုတ်အဋ္ဌကထာ) ဤသို့စသဖြင့် အထောက်အထားများကို ဆရာတော်ကြီးက ဖေါ်ပြထားပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP