ပင့်သက်ရှိုက်သံ၏တေးတစ်ပုဒ်
ဘ၀တဲ့
ဘေးမျဉ်းဆွဲ ခံလိုက်ရတဲ့
ကွက်လပ်တစ်ခုလို
နံပါတ်စဉ်တွေရေးဖို့ကလွဲပြီး
အသုံးမ၀င်ခဲ့တဲ့ဘဝ
ရထားတွေအကြိမ်ကြိမ်ဖြတ်နင်းမှုကို
ရင်ဘက်ကြီးနဲ့ လမ်းခင်းပေးခဲ့ရတဲ့
သံလမ်းတစ်ခုရဲ့ဘဝ
လလည်းမသာ
ကြယ်မလင်းတဲ့ ညမျိုးမှာတောင်
ပိုးစုန်းကြူးတစ်ကောင်လောက်
လင်းပြခွင့်မရတဲ့ဘဝ
လောကဓံရေ….
အေးစက်ခံရတာတွေများလို့
မာကြောသွားခဲ့ရတဲ့
ဒို့အတွက်
ဒုက္ခအကြွင်းအကျန်များရှိသေးရင်
လက်ကျန်စာရင်းတစ်ခု
ပြုစုပေးပါအုံး........
ဘေးမျဉ်းဆွဲ ခံလိုက်ရတဲ့
ကွက်လပ်တစ်ခုလို
နံပါတ်စဉ်တွေရေးဖို့ကလွဲပြီး
အသုံးမ၀င်ခဲ့တဲ့ဘဝ
ရထားတွေအကြိမ်ကြိမ်ဖြတ်နင်းမှုကို
ရင်ဘက်ကြီးနဲ့ လမ်းခင်းပေးခဲ့ရတဲ့
သံလမ်းတစ်ခုရဲ့ဘဝ
လလည်းမသာ
ကြယ်မလင်းတဲ့ ညမျိုးမှာတောင်
ပိုးစုန်းကြူးတစ်ကောင်လောက်
လင်းပြခွင့်မရတဲ့ဘဝ
လောကဓံရေ….
အေးစက်ခံရတာတွေများလို့
မာကြောသွားခဲ့ရတဲ့
ဒို့အတွက်
ဒုက္ခအကြွင်းအကျန်များရှိသေးရင်
လက်ကျန်စာရင်းတစ်ခု
ပြုစုပေးပါအုံး........
လောကဓံရဲ့ ထုစစ်သံတွေကြားမှ တစ်ဆင့်

0 comments:
Post a Comment