* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 24, 2011

သင်္ခါရတရား အနိစ္စမြင်အောင်ကြည့်နည်း

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။
ပြုပြင်မှု့ကြောင့်ဖြစ်လာသော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။
မမေ့ မလျော့ မပေါ့ မဆ ခြင်းဖြင့် ကိစ္စပြီးစေကြ။
(ဗုဒ္ဓ)


ဆောင်ပုဒ်တိုလေးဖြင့် စပ်ဆိုပူဇော်ပါ၏။
“ပြုပြင်မှု့ကြောင့် ဖြစ်လာရ မှတ်စွ သင်္ခါရ
သင်္ခါရ၏ အဆုံးဟာ အနိစ္စသဘောပါ
လေးပါးသစ္စာမြင်လိုက နိစ္စမထင်ရ
အနိစ္စကိုမြင်မှသာ သစ္စာဆိုက်မည်သာ
သစ္စာမဆိုက် မဂ်မရ ဝေးစွနိဗ္ဗာန..”

အနက်အဓိပ္ပါယ်-
သူများပြုပြင်မှု့ကြောင့် ဖြစ်လာတာမှန်သမျှသည် သင်္ခါရတရားမည်၏။ သင်္ခါရတရားတို့သည် အနိစ္စဖြင့်သာ အဆုံးသတ်ရသည် ဖြစ်၏။ သင်္ခါရတရားကို အနိစ္စမမြင်သမျှ သစ္စာလေးပါးကို သိမြင်မည်မဟုတ်။ သစ္စာလေးပါး မမြင်သမျှ မဂ်ဉာဏ်ကို ရရှိမည်မဟုတ်။ သင်္ခါရတရားကို အနိစ္စမြင်အောင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ သင်္ခါရတရားကို အနိစ္စ မြင်အောင်ကြည့်နည်း တရားတော်ကို နာယူနှလုံးသွင်း ပွားများနိုင်အောင် မျှဝေဒါနပြု လိုက်ပါတယ်ခင်ဗျာ။ အားလုံးပဲ ရခဲလှသော ဤဗုဒ္ဓသာသနာနှင့် ကြုံကြိုက်သော ကာလအတွင်း သူတော်ကောင်းတရားကို နာကြားခွင့် ရကြ၍ သစ္စာလေးပါးကို ကောင်းစွာသိမြင်၍ မဂ်ဉာဏ် ဖိုဂ်ဉာဏ် ရရှိအောင် ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး မိမိတို့ ကိုယ်စီ ပိုင်ဆိုင်ထားကြသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို အဆုံးသတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်...

တရားတော်နာယူရန်

Download

မေတ္တာဖြင့်...

သန့်ဇင်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP