* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 21, 2011

ကောင်းကင် ဘာ့ကြောင့် ကိုင်းရတယ်

လောဘကြောင့် အငတ်ဘေးဆိုက်တယ်။ ဒေါသကြောင့် လက်နက်ဘေးဆိုက်တယ်။ မောဟကြောင့် ရောဂါဘေးရောက်တယ်လို့ ကျန်းဂန်မှာဆိုတယ်။ သဘာဝဘေးတွေ ဆိုက်တော့ ဘာကြောင့်လို့ ပြောလို့ ရမတုန်း။ ''

ဘီဘီစီကလာတဲ့ ဂျပန်ဆူနာမီသတင်းကြည့်နေတုန်းမှာ ကိုကြီးညောက မေးလာတာဖြစ်တယ်။ '' သဘာဝဘေးတွေကတော့ အားလုံးကြောင့်လို့ ပြောရမှာပဲ '' လို့ တိုတိုပဲ ဖြေလိုက်တယ်။ ဟုတ်တယ်လေ= သဘာဝဘေးဆိုးတွေ လာရင် သေမယ်။ ငတ်မယ်။ ရောဂါ များမယ် ဒါတွေပဲ မဟုတ်လား။ ယခု ဂျပန်ကြည့် ဆူနာမီကြောင့် လူတွေ သေတယ်။ အစားအစာပြတ် လပ်ကုန်တယ်။ ရာသီဥတု ဆိုးဝါးမှုကြောင့် ရောဂါတွေ ဖြစ်ကုန်တယ်။ ပိုဆိုးတာက နျူကလီးယား ဓာတ်ငွေ့ အဆိပ်သင့်မှု အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်။ လက်နက်ဘေး။ အငတ်ဘေး၊ ရောဂါဘေး တွေ အစုံဝင်သွားတာပဲ မဟုတ်လား။

ဓာတ်လေးပါးအန္တရာယ်

ကမ္ဘာ့နေရာ အနှံ့ အပြားမှာ ကြုံတွေ့ဖြစ်ပွားနေတဲ့ ပြဿနာက သဘာဝဘေးအန္တရာယ်တွေပဲ။ သဘာဝ အန္တရာယ်တွေကို သိပ္ပံကလည်း မချုပ်နိုင်ဘူး။ လာနေမှန်း သိလျက်နဲ့ လက်ပိုက် ကြည့်နေရတာပဲ။ သိပ္ပံတိုင်းတန်လေးတောင် ရေထဲ လေထဲပါပါသွားလို့ လိုက်ကောက်ပြီး ပြန်တပ်ထားရတာ အကြိမ်ကြိမ်ပဲ။ ကမ္ဘာ့တ၀ှမ်း ဖြစ်ပွားနေတဲ့ သဘာဝဘေးတွေကို ချုပ်လိုက် ရင် မြေ ။ လေ။ ရေ။ မီး ဆိုတဲ့ ဓာတ်လေးပါးကို တွေ့ရမယ်။ ယခုဆို ကမ္ဘာ့ မြေကြီးက သိပ်မငြိမ်တော့ဘူး။ ခုန်တာတွေ များလာတယ်။ လေတွေက မလတ်ဆတ် မနုညံ့တော့ဘူး။ ၀ုန်းဒိုင်းကြဲပြီး ဒလကြမ်း လာနေတော့တာပဲ။ ရေတွေကလည်း မအေးတော့ဘူး။ ဒေါသတကြီး ဆူပွက်အော်ဟစ်နေတာပဲ။ မီးတွေကလည်း အချိန်ပြည့် လောင်နေတာ ငြှိမ်းသတ်လို့ကို မရအောင်ပဲ။ အခု ဂျပန်က နျူကလီးယား ဓာတ်ပေါင်းဖိုကို ကြည့်လေ။ စိုးရိမ်ရေမှတ် ရောက် နေတာ။ ၂၀၁၂ မှာ ကမ္ဘာ့လျှပ်စစ်မီးတွေ ထတောက်မယ် ဆိုပါလား။ ဗုန်းတွေ ကျည်တွေ ဆိုကလည်း မီးတောက်တွေပဲ မဟုတ်လား။ မီးတောင်တွေကလည်း ပေါက်တော့မယ် တကဲကဲ လုပ်နေတာ ကျောချမ်းစရာပဲ။ ဒါကြောင့် သဘာဝဘေးဆိုတာ ဓာတ်လေးပါး ပုံမှန်မဟုတ်တော့တာ။ တနည်းအားဖြင့် ဟန်ချက် မညီတော့တာကို ဆိုတာပဲ။ အကယ်၍သာ ဓာတ် လေးပါး ဟန်ချက်ညီနေရင် ကမ္ဘာကြီး ငြိမ်နေမှာပေါ့။

ဘယ်သူ့လက်ချက်လဲ

ဘာဖြစ်လို့ သဘာဝဘေးတွေ ဆက်တိုက်ဖြစ်ပေါ်လာနေရတာလဲ။ ဓာတ်လေးပါး ဟန်ချက် မညီမှုကြောင့်။ ဘာကြောင့် ဒီဓာတ်လေးပါး မညီမမျှဖြစ်နေတာလဲ။ သိပ္ပံကြောင့်။ သိပ္ပံက အကန်းပဲ။ ဘာမှ ခွဲခြမ်းနား လည်နိုင်တာ မဟုတ်ဘူး။ ကမ္ဘာ့အလှကို ဖျက်နေတာ သူပဲ။ မီးဖို ချောင်ကအစ မိုးကောင်းကင်အထိ နေရာတကာ ၀င်ရောက် နှောက်နေတာ သူပဲ။ ကြည့်လေ ကမ္ဘာ့အစားအစာတွေ သူလက်ချက်ကြောင့် မလတ်ဆတ်တော့ဘူး။ သူပေးတာတွေ စားနေကြတော့ ဖြစ်လိုက်တဲ့ ရောဂါတွေ။ မျိုးပေါင်းကို စုံလို့။ ပြီးတော့ ကမ္ဘာ့မိုးကောင်းကင်ကို မှိုင်းတိုက်ပြီး အကျည်းတန်အောင်လုပ်နေတာ။ ကမ္ဘာ့ခေါင်းမိုးကို ဒိုးယိုပေါက်အောင် ဖောက်ပြီး ကမ္ဘာကို အပူဆိုက်အောင် အပူတိုက်ပေးနေတာ။ ကမ္ဘာ့ သယံဇာတဖြစ်တဲ့ မြေ၊ ရေ၊ လေစွမ်းအင်တွေကို အတိုင်းအတာမဲ့ သုံးစွဲပြီးတော့ ကမ္ဘာကြီး ချည့်နဲ့ သွားအောင် လုပ်နေတာ။ ကမ္ဘာဖျက် နျူးကလီးယား….ကို ဖန်တီးပေးပြီး လူသားမျိုးနွယ်အားလုံးကို မျိုးတုန်း သွားအောင် လုပ်ဘို့ ကြိုးစားနေတာ။ လက်နက်တွေ အမျိုးမျိုးထုတ်ပေးပြီး လူသားတွေကို သေတမ်း ကစားခိုင်းနေတာ။ အခုဆို ကမ္ဘာကြီး အသက်က လက်ညှိုးဖျား တစ်ချက်စာသာ ရှိတော့ တာဆိုပဲ။

အကျိုးဆက်

သိပ္ပံအားကိုးနဲ့ ကမ္ဘာတစ်ဝှမ်း ၀ိုင်းသမလိုက်ကြတာ အခုဆို သစ်ပင်တွေ ကုန်သလောက်ဖြစ် နေပြီ။ သစ်ပင်များ မရှိတော့ ကမ္ဘာ့ရာသီဥတုတွေ ဟန်ချက်ပျက်လာတယ်။ အပူတွေ ခိုကိုးရာ မဲ့ဖြစ်ပြီး လေထဲရောက် ရေထဲရောက် မြေထဲရောက်။ အရေးထဲ ကောင်းကင်က ပေါက်နေ တော့ နေအပူက ကမ္ဘာ့မြေဆီ အကာအကွယ်မဲ့ တိုက်ရိုက်ရောက်လာတယ့်။ အပူတွေများ လာတော့ ကမ္ဘာကြီး မခံနိုင်တော့ဘူး။ မြေကြီးခုန် လာတယ်။ လေတွေ ထလာတယ်။ ရေတွေ ဆူလာတယ်။ မီးတွေ ပွင့်လာတယ်။ ရာသီဥတုတွေ ပြောင်း လာတယ်။ AIDS, ကင်ဆာတို့လို အပူနာတွေ အဖြစ်များလားတယ်။

ဘယ်လို လုပ်မလဲ

ဒါတွေ တကယ်ဖြစ်နေတာ။ ဘယ်လို ထိန်းချုပ်ကြမလဲ။ စက်ရုံ အလုပ်ရုံတွေကို လျော့။ သစ်ပင်တွေ ပြန်စိုက်။ ဒါဆို ကမ္ဘာကြီး ပြန်လည် တည့်မတ်လာစရာ ရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် လုပ်ဘို့ သိပ်ခက်နေကြတယ်။ ညှိလို့ မရဘူး။ စိုက်လို့ မနိုင်ဘူးဖြစ်နေတယ်။ ဒါဆို ကမ္ဘာကြီး ရေစုံမျှောတော့မယ်ပေါ့။ သဘာဝဘေး တွေကြောင့် ဒုက္ခ ရောက်နေရတဲ့အထဲ အချင်းချင်း သတ်ဖြတ်တိုက်ခိုက်မှုတွေက တစ်မှောက်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP