* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 24, 2011

ဥပုသ္သီလကို နာၾကားခဲ့ရေသာ ဥပါသိကာမမ်ား...


မြတ်ဗုဒ္ဓထံပါးမှ
အင်္ဂါရှစ်မျိုးရှိ ဥပုသ်ကို နာကြားခဲ့ရသော ဥပါသိကာမများ

ဗောဇ္ဈာဥပါသိကာ၊
သိရီမာ၊
ပဒုမာ၊
သုတနာ၊
မနုဇာ၊
ဥတ္တရာ၊
မုတ္တာ၊
ခေမာ ဥပါသိကာ၊
ရုစီ၊
စုန္ဒီမင်းသမီး၊
ဗိမ္ဗီဥပါသိကာ၊
သုမနာမင်းသမီး၊
မလ္လိကာမိဖုရား၊
တိဿာဥပါသိကာ၊
တိဿ မာတာ၊
သောဏာဥပါသိကာ၊
သောဏမာတာ၊
ကာဏာဥပါသိကာ၊
ကာဏမာတာ၊
နန္ဒမာတာ ဥတ္တရာ၊
မိဂါရ မာတာ ဝိသာခါ၊
ခုဇ္ဇုတ္တရာဥပါသိကာ၊
သာမာဝတီဥပါသိကာ၊
ကောလိယမင်းသမီး သုပ္ပဝါသာ၊
သုပ္ပိယာ ဥပါသိကာ၊
နကုလမာတာသူကြွယ်မ၊

ဤဥပါသိကာမတို့အား အင်္ဂါရှစ်မျိုးရှိ ဥပုသ်ကို ဟောတော်မူသည်။

(၁-၂၆) သာမညဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ဝါသေဋ္ဌသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ် ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော ဝါသေဋ္ဌဥပါသကာအား မြတ်စွာဘုရားသည် -

''ဝါသေဋ္ဌ အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်း ရှိ၏။ မကဲ့ရဲ့အပ် ကုန်သည်ဖြစ်၍ နတ်ပြည်သို့ ကပ်ရောက်ရကုန်၏'' ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် ဝါသေဋ္ဌဥပါသကာသည် မြတ်စွာဘုရားအား -

''အသျှင်ဘုရား အကျွန်ုပ် ချစ်မြတ်နိုးအပ်ကုန်သော ဆွေမျိုးသားချင်းတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကြပါမူ အကျွန်ုပ် ချစ်အပ်သော ဆွေမျိုးသားချင်းတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏၊ အသျှင်ဘုရား အလုံးစုံသော မင်းတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော မင်းတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏၊ အသျှင်ဘုရား အလုံးစုံသော ပုဏ္ဏားတို့သည်။ပ။ ကုန်သည်တို့သည်။ သူဆင်းရဲတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော သူဆင်းရဲတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါ၏ ဟု လျှောက်၏။ ဝါသေဋ္ဌ ဤစကားသည် လျှောက်သည့်အတိုင်း မှန်၏၊

ဝါသေဋ္ဌ အလုံးစုံသော မင်းတို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော မင်းတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဝါသေဋ္ဌ အလုံးစုံသော ပုဏ္ဏားတို့သည်။ပ။ ကုန်သည်တို့သည်။ သူဆင်းရဲတို့သည် အင်္ဂါ ရှစ်မျိုးနှင့်ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ အလုံးစုံသော သူဆင်းရဲတို့အားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏၊

ဝါသေဋ္ဌ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကသည် လည်းကောင်း၊ သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောကသည် လည်းကောင်း အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို အကယ်၍ ကျင့်သုံးကြပါမူ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောကအားလည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏၊ ဝါသေဋ္ဌ ဤအင်ကြင်းပင်ကြီးတို့သော်လည်း အကယ်၍ စိတ်စေတနာ ရှိသဖြင့် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးကြပါမူ ဤအင်ကြင်းပင်ကြီးတို့ အားသော်လည်း ရှည်မြင့်စွာ အစီးအပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာသေး၏၊ လူဖြစ်သူ အားမူ အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း ဟု မိန့်တော်မူ၏။

၎ - ဝါသေဋ္ဌသုတ်၊ ဥပေါသထ၀ဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP