မြေဇင်းတရားအားထုတ်နည်း အတွေ့အကြုံများ-အရှင်တိက္ခဉာဏာလင်္ကာရ
MyayzinExperience-01 by drmathitsar
လွန်ခဲ့ တဲ့ ၂နှစ်သောအချိန်အခါက ကျွန်မတို့ ဓမ္မဘလော့ဂါမောင်နှမများ Skype နဲ့ အွန်လိုင်း တရားပွဲ ကို စတင် ပြုလုပ်ခဲ့ကြတာ ကို သတိရနေမိပါတယ်။ ၂နှစ်တာ ကာလကြာတဲ့ အထိအောင်လည်း ရင်းနှီးပွင့်လင်းစွာ ခင်မင်နေကြဆဲ ဆိုတာ ဘယ်လောက် ကျေနပ်ဘို့ ကောင်း လိုက်တဲ့ ဆက်နွယ်မှု ပါလဲ။
တစ်ယောက်အကျိုး တစ်ယောက်သည်ပိုး ကြ၊ယိုင်းပင်းကြ၊ ကိုယ်တွေတင်သာမက မိသားစုဝင်တွေပါ ခင်မင်မှုတွေတည်ဆောက်ခဲ့ ကြတယ်.... ။
အမှန်တကယ် ပွားစည်းအပ်တဲ့ မေတ္တာ တွေကိန်းလို့ ဘုရားအဆုံးအမ တွေလိုက်နာရင်း ပြန်ပွားအောင် လည်း ဆက်လက် လုပ်ဆောင်ကြဘို့ ခွန်သစ်အားသစ် တွေ ရစေတာအမှန်ပါပဲ။
ဒီအသံဖိုင် လေး ကို အခု တစ်ဖန်နာယူရရင် အမှတ်တရ ဖြစ်မှာအမှန်ပါပဲနော်။
အဲဒီအချိန်ကာလ တုံး က တိုက်တိုက်ဆိုင်ဆိုင်
ဘုန်းဘုန်းဦးလောကနာထ အိမ်တိုင်ယာရောက် ပေးပို့ လှူဒါန်း ပေးတဲ့ အလိုတော်ပြည့် ဘုရားတစ်ဆူ စီလည်းကိုယ်စီကိုယ်စီ ရထားကြပြီးတဲ့အချိန် နဲ့လည်းတိုက်ဆိုင်နေတာပါ။
အဲဒီအွန်လိုင်း တရားပွဲ မှာဟောကြား ထားတဲ့ ဆရာတော်က တော့ ယောအသင်း ဓမ္မဘလော့ဂါ ဘုန်းဘုန်းဦးတိက္ခဉာဏလင်္ကာရ ဖြစ်ပါတယ်။ ဦးဆောင်ကျင်းပ တဲ့ သူကတော့ ကိုဝင်း မြင့်၊မမေဟန် ( သစ္စာတရား-http://www.livedhamma.com) နဲ့ အဖြူရောင်သံစဉ် တို့ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးကြတဲ့သူတွေ ရဲ့ အသံလေး တွေလည်းပါပါတယ်။
ကိုအောင်ဦး (ဓမ္မရသ)
ကိုနန်းထိုက်ဝင်း (အမောင်-ရေနံ့သာ)
ကိုမျိုးသက်ပိုင်
ဒေါက်တာဖြိုးဝေကျော် (အလှတရား)
မမက်မက် (Dream Lover)
မောင်လေး Bliss( ဝိမုတ္တိသုခ)
ဖိုးသား-ပြည့်စုံအောင် (အဖြူရောင်မေတ္တာ)နဲ့
ကျွန်မ သစ္စာအလင်း တို့ ဖြစ်ပါတယ်..။ မမြကြေးမုံ ကတော့နာယူနေတဲ့အထဲပါပါတယ်။
ကျွန်မတို့ တစ်တွေအားလုံး ဟာ ဒီတရားအားထုတ် နည်းနဲ့ ပတ်သက်ပြီး တာဝန်တစ်ခုခု ရှိနေသလို ကျွန်မ ခံစားမိပါတယ်။ ကျန်တဲ့ သူတွေလည်း ဘယ်လိုနေပါလဲ..။
နာယူရင်း ၂၀၀၉ ခုနှစ်-မေလ ရဲ့ အတိတ်ခန္ဓာကို ခဏ ပြန်လည်ဖွဲ့စည်း ဆန်းစစ်ကြည့်ရအောင်..။
ချစ်ခင် မြတ်နိုးရပါသော ဓမ္မဘလော့ဂါ ညီအစ်ကိုမောင်နှမ များသို့အမှတ်တရ..။

0 comments:
Post a Comment