* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, February 25, 2011

အနာဂတ်ကိုမျှော်ကြည့်ပါ

ခက်တော့ခက်တယ်၊ ခက်တာက ပြောရလည်းခက် ဆိုရလည်းခက် လုပ်ရလည်းခက်တယ်လို့ဆိုရမှာပဲ၊ တကယ်လည်း နေရာတိုင်း အခက်ကတွေ့နေတာကိုးဗျ။ သာသနာတော်ထဲမှာက ပိုတောင်ခက်လာသေး အဓမ္မနဲ့ ဓမ္မက ဘုရားရှင်သက်တော် ထင်ရှားရှိကတည်းကိုက အားပြိုင်လာနေကြတာ ဒီဘက်ခေတ်ရောက်လာတဲ့အထိပဲ။

အဓမ္မတွေများလာလေလေ လူအပါအ၀င် သုံးဆယ်တစ်ဘုံသားတွေအတွက် အပါယ်လေးဘုံ ပိုပြီးကျယ်ပြန့် လာလေလေပဲ ၊အယောင်ပြဓမ္မကိုဖန်တီးရင်းအဓမ္မကိုဖန်တီးနေကြတဲ့ လောကဖျက်သတ္တ၀ါတွေ လူယောင်ဖန်ဆင်းပြီး
လောကထဲရောက်နေကြတာ မနည်းဘူးကော။ အဲလိုလောကဖျက်သတ္တ၀ါတွေကြောင့်တရားရိပ်သာတွေက စီပွားရေး ကုမ္ပဏီတစ်ခုလိုဖြစ်လာနေကြတယ်။

ရိပ်သာဖြစ်မြောက်ရေးအတွက် အများဆုံးလှူနိုင်တဲ့သူက ဒီရိပ်သာရဲ့ဥက္ကဋ္ဌတွေဖြစ်လာပြီး တာဝန်ရှိဆရာတော်တွေကိုမျက်ကွယ်ပြု ဘေးမှာထားပြီးကျောင်းဂေါပကလို့ပြောရမလား ရိပ်သာအကျိုးတော်ဆောင်အဖွဲလို့ပြောရမလားအဲဒီအဖွဲ့တွေက အဲဒီရိပ်သာကို အားလုံးချုပ်ကိုင် အာဏာသိမ်းတော့တာပါပဲ။

ပြီးတော့ရိပ်သာတွေထဲမှာက စီပွားရေးသမား သူဋ္ဌေးကြီးတွေပေါလာတော့ ဘုရားတကာအမည်ခံခြင်တဲ့ သူဋ္ဌေးလေးတွေက အခွင့်အရေးရဖို့ဒီသူဋ္ဌေးကြီးတွေနဲ့အဆက်သွယ်ရခြင်တော့ မလှူချင်လည်းလှူပြီးရိပ်သာထဲမှာနေရာရအောင်ယူပြီး နောက်တော့အားပြိုင်လာကြတယ်ဂေါပကနေရာလုပွဲပေါ့ဗျာ၊ ကျောင်းထိုင်ဆရာတော်ဆီကို ဘယ်သူကဘယ်လိုဘုရား
ဘယ်ဝါကဘယ်နည်းဘုရား ဆိုသလို တိုင်ဦးရာနိုင်ဆိုသလိုဖြစ်နေကြတာလည်းမနည်းပါလား။

ကျနော်အားလုံးကိုမဆိုလိုပါ တကယ်ကိုယ်ကျိုးစွန့်ပြီးလုပ်နေတဲ့သူတော်ကောင်းအနည်းငယ်ရှိနေပါသည် အများစုကတော့ ရိပ်သာတစ်ခုခု နာမည်ကြီးကျောင်းတိုက်တစ်ခု နာမယ်ကြီးဆရာတော်တစ်ပါးပါးကို အိပ်ထဲထည့်ချင်သောစေတနာက
သာသနာတော်ကိုချည်းမြောက်ထောက်ပံ့ချင်စိတ်ထက်ပိုပါသည်။

ဆရာဒကာလက်တွဲညီမှသာသနာအရောင်တက်မည်ကို သိပါသော်လည်း တစ်ဦအမှားကို တစ်ဦးက မထောက်ပဲနေသော်
သာသနာတော်ပျက်လိမ့်မည်၊ အခုကျနော်တို့ခေတ်မှာ ဘုရားရှင်ရဲ့ သာသနာတော်ကိုမပျက်ပျက်အောင်နည်းပေါင်းစုံနဲ့ အဖျက်ခံနေရတယ်လို့ ကျနော်ထင်သည်၊ ငွေရှိသူကငွေနဲ့ဖျက်သည်၊အာဏာရှိသူက အာဏာနဲ့ဖျက်သည်
သာသနာတော်ကိုပြုချင်ရောင်ဆောင်ပြီး မဟုတ်သောဝါဒဖြင့် သာသနာတော်ကိုဖျက်ဆီးနေကြသူများလည်း ရှိပါသည်၊

ပိုပြီးတော့သနားစရာကောင်းတာက လုပ်သမျှမှန်တယ်ထင်ပြီးလိုက်လုပ်နေကြသော နောက်လိုက်များဖြစ်ကြ၏
ဒီတော့ ကိုယ့်လုပ်ရပ်ဟာ သာနာတော်အတွက် အကျိုးဖြစ်စေလား အကျိုးမဲ့လား အနာဂတ်ကိုကြည့်ပေးပါလို့။

ငြိမ်းချမ်းကြပါစေ
ဥပသကာ

ကိုဥပါသကာ အီးမေးလ်မှ ပေးပို့လာသည်ကို ပြန်လည်မျှဝေပါသည်။ ဟုတ်သင့်သလောက်တော့ ဟုတ်နေကြဟန်ရှိပါသည်။ စာရင်းဇယားမရှိ၍ သေချာတော့ မသိပါ။ (အရှင်ယော)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP