* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, February 25, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၉)

နိဝါတတရား
နိဝါတတရားဆိုတာ ဖြစ်နေတာနှင့် ဖြစ်ဦးမည့်အရာတွေ ကြားမှာရှိတဲ့ ခြားနားမှုကို သိဖို့ရန် ပညာရှိရဲ့ တိုင်းတာစရာ ကြိယာ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင် မိမိကိုယ်ကိုယ်မိမိ နှိမ်ချတဲ့ အနေနှင့် ကိုယ်တော်မြတ်၏ မင်းသွေးမင်းမာန်များကို စွန့်ပစ်ကာ သာသနာပြုအလုပ် တာဝန်များကို စတင်တော်မူခဲ့ပါတယ်။ ကိုယ်တော်မြတ်ဟာ အရဟန္တအဖြစ်သို့ ရောက်ရှိတော်မူခဲ့သော်ငြားလည်း ပင်ကိုသဘဝ ကင်းလွတ်တော်မူမသွားခဲ့သည့် အပြင် ထောင်လွှားသည့် လေသံမျိုးလည်း ရှိတော်မမူခဲ့ချေ။ ရှင်တော်မြတ်၏ ဒေသနာတော်များ၊ ပုံဆောင်တရားတော်များမှာ ကိန်းကြီးခမ်ကြီးနိုင်ခြင်းမျိုး အလျှဉ်းမရှိပါချေ။ အညတရအဖြစ်ဆုံး လူများအတွက်ပင်လျှင် ရှင်တော်ဗုဒ္ဓ အချိန်ပေးတော်မူခဲ့ပါသည်။ ဟာသဥာဏ်တော်လည်း ပျောက်ကွယ်သွားခြင်း အလျှင်း မရှိပေ။

အချိန်မဖြုန်းပါနဲ့
လူတစ်ယောက်ရဲ့ ဘဝကို အနာဂတ်အကြောင်း တွေးပူပြီး အချိန်ဖြုန်းတာ၊ အတိတ်ကို တန်းတ ပူပန်ပြီး အချိန်ဖြုန်းတာ၊ ပျင်းပျင်းရိရိ မေ့မေ့လျော့လျော့ အချိန်ဖြုန်းတာတွေဟာ ကမ္ဘာမြေပေါ်က အကောင်းဆုံး သတ္တဝါအဖြစ် သူရထားတဲ့ မြင့်မြတ်တဲ့ နေရာအတွက် သင့်တော်မှု မရှိဘူးဆိုတာကို ပြတာပါပဲ။ ဒီနည်းဖြင့် သူနှင့်ထိုက်တန်တဲ့ နေရာကို အဆင့်လျှော့ချပေးမည့် မကောင်းတဲ့ကံကို ဖန်တီးပါလိမ့်မည်။ ဒါကို စိတ်မှာမှတ်ထားပြီး အသက်ရှင်စဉ် ကုသိုလ်ကောင်းမှု လုပ်ပါ။ အချိန်ဖြုန်းခြင်းဖြင့် သင့်ကိုယ်သင်သာ ဒုက္ခဖြစ်စေသည် မဟုတ်၊ သင့်အချိန်သည် သင်ပိုင်သလို အများအားဖြင့် သူတစ်ပါးအချိန်လည်း ဖြစ်နေရကား သူတစ်ပါးကိုလည်း ဒုက္ခပေးပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP