* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, February 25, 2011

စွမ်းအင်ကိုယ်စီနဲ့ လမ်းကိုတည် ဓမ္မစာစဉ် - အရှင်သုမင်္ဂလ (ဒယ်အိုး)

ငြိမ်ငြိမ်လေးထိုင်ပြီး အကြာကြီး စာဖတ်စာရေး မလုပ်ဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်စုလောက်ကြာခဲ့ပြီ။ ဒီတော့ ငြိမ်ငြိမ်ထိုင်ပြီး အချိန်ကြာကြာလုပ်ရတဲ့အလုပ်နဲ့ ကိုယ်နဲ့ သိပ်အဆင်မပြေတော့ဘူး။ မလုပ်ချင်တော့။ နေ့စဉ်နှင့်အမျှ ပြေးလွှားပြီး တစ်မြို့ပြီးတစ်မြို့၊ တစ်နေရာပြီးတစ်နေရာ သွားလိုက်လာလိုက်၊ တရားဟောလိုက်၊ စကားပြောလိုက်နဲ့ အချိန်တွေကိုသုံးစွဲရတာ ကျင့်သားရနေတော့ ဘယ်အချိန်မှာထိုင်ပြီး စာရေးရမယ်ဆိုတာ တိုင်ပင်ကိုက်လို့မရဘူးဖြစ်နေတယ်။ စာတွေရေးချင်တယ်၊ ရေးပေးချင်တယ်၊ ရေးဖို့ စဉ်းစားထားတာတွေအများကြီး။ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး။

ဒီလိုနေရင်းက စင်္ကပူနိုင်ငံမှာ တရားဟောပေးဖို့ ဒကာကြီးကို ဒီးဒူ (ခ) ရောဘတ်ဦးက လျှောက်ထားလာပါတယ်။ စင်္ကပူမှာ (၃)ရက် တရားဟောပေးဖို့လျှောက်ရင်းက (၃) ရက်တရားပွဲမှာတစ်ရက်လျှင် တရားဒကာတစ်ယောက် တာဝန်ယူမှာဖြစ်ပြီး ဓမ္မဒါနအဖြစ် တရားပွဲလာ တရားနာပရိသတ်ကို ဓမ္မဒါနစာအုပ်လေးတွေ ဝေချင်တဲ့ ဆန္ဒပြင်းပြနေကြပါတယ်။ အဲ့ဒီအတွက်အရှင်ဘုရားမှ (၃) ရက်စာတစ်ရက်လျှင် တစ်ပုဒ်-တစ်အုပ် ရေးပေးတော်မူပါဆိုပြီး လျှောက်ထားလာတယ်။

ပြီးတော့ဆက်လျှောက်တာက တပည့်တော်တို့အတွက် ရေးတဲ့အခါမှာ ဒါန၊ သီလ၊ ဘာဝနာဆိုပြီးတော့ (၃)အုပ်ရေးပေးပါဘုရား၊ တပည့်တော်အပါအ၀င် အတော်များများ ဗုဒ္ဓဘာသာများမှာ ဒါနဘယ်လိုပြုရမယ်။ ဘယ်လိုပြုမှ အကျိုးများမယ်ဆိုတာ မသိကြသူများပါတယ်ဘုရား၊ အရှင်ဘုရားတို့ ပြောကြဟောကြလို့ လူဖြစ်ကျိုးနပ်ဖို့ဒါန၊ သီလ၊ ဘာဝနာပြုကြရမယ်ဆိုတာတော့သိကြရပါပြီ။

ဒါကြောင့် ဒါန၊ သီလ၊ ဘာဝနာအကြောင်း သိသင့်သလောက်သိကြရအောင် အရှင်ဘုရားက ရေးသားချီးမြှင့်ပေးတော်မူပါလို့ လျှောက်ထားလာတယ်..

စွမ်းအင်ကိုယ်ဆီနဲ့လမ်းကိုတည် ဓမ္မစာစဉ်မှ အမှာစာကောက်နှုတ်ချက်ဖြစ်ပါတယ်. Download စွမ်းအင်ကိုယ်ဆီနဲ့ လမ်းကိုတည် ဓမ္မစာစဉ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP