* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, February 25, 2011

ချမ်းသာစွာ ဘဝနေနည်း

အမှန်တရားကို ချစ်မြတ်နိုးသော အရှင်ဓမ္မ ပီယ နှင့် မူလပျက် တရားကို အဓိက ထားဟောကြားသော မူလဓမ္မ ဆရာတော် ဦးဝိဇယ တို့ တရားဆွေးနွေးပွဲ

ဓမ္မ ပီယ – အရှင်ဘုရား၊ လူ့ ဘဝရောက်တုန်း လူဖြစ်မရှုံး ပဲ ချမ်းသာစွာ ဘဝကို တည်ဆေက်နိုင်ရေး အတွက် အဓိက ဘာတွေ လိုအပ်ပါသလဲဘုရား။
ဦးဝိဇယ – မနုသတ္တ ဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘဝဆိုတာ အလွန်ရခဲတဲ့ ဘဝ တစ်ခုဖြစ်ပါတယ်..ဘုရား။ အလွန်ရခဲတဲ့လူ့ဘဝရောက်တုန်း လူဖြစ်မရှုံးလိုသူတိုင်း မသိမဖြစ်လိုအပ်တာတွေကတော့ လူ့ဘဝရောက်ခိုက် မသိလိုက် ရလျှင် လူဖြစ်ရှုံးနိုင်သော

၁။ စွန့်လွှတ်ခြင်း ကုသိုလ် တရားနှင့် စွဲလန်းခြင်း အကုသိုလ် တရားတို့အကြောင်း။

၂။ စိတ် ပြေးခြင်းအထင် တရားနှင့် မပြေးခြင်း အမြင်တရားအကြောင်း။

၃၊ အရှိတရား သတိထားနိုင်မှ သတိပဌာန် တရားအကြောင်း။

၎။ မူလ ဓမ္မ ခေါ် မူလပျက် သုညတ တရားအကြောင်း။

၅။ ငါစွဲ အတ္တဖြုတ်ပုံတရားအကြောင်း ။

ငါးမျိုးသော တရားများကို မသိမဖြစ်လိုအပ်ပါတယ်ဘုရား။

မှတ်ချက်- ဤ ခေါင်းစဉ်များ ဖြင့်ဆက်လက်၍ ဖေါ်ပြပါမည်။

This entry was posted on Wednesday, February 23rd, 2011 at 9:39 pm and is filed under ချမ်းသာစွာဘဝနေနည်း. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP