* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, February 25, 2011

“တစ်စိတ်တဝမ်းတည်း”


ဆိုးလ် မြို့တော်ကြီးက၊ ဟန်ဂူရွာက သူကြီးနဲ့ အဖွဲ့ လာလည်မယ်ဆိုတော့ စိုးရွံ့ တုန်လှုတ်တာတော့ အမှန်။
ပြောရရင် ဟန်ဂူရွာသူကြီးကို အားနာနေတာ။သူက ဆိုးလ်ကို လာဖို့ ဖိတ်ရတာ ခဏခဏ။ကိုယ်က အသွားအလာနည်းတဲ့သူ။
တစ်ပတ်မှာ ခြောက်ရက် သူဌေးက ကျွန်တော့်ကို ပိုင်တယ်။တနင်္ဂနွေ တစ်ရက် က သူငယ်ချင်းတွေပိုင်တယ်။ ကိုယ်ပိုင်တဲ့နေ့ ကို မရှိပါဘူး။
အဲဒီတော့ ဟန်ဂူရွာသူကြီးကို ကိုယ်ကအပြစ်ရှိသူတစ်ယောက်အနေနဲ့ ဘယ်လိုမျက်နှာကြည့်မတုန်း။
နောက်ပြီး နှစ် နှစ်သားသာသာ ရှိသေးတဲ့ စိတ္တသုခ ကို လာမယ်ဆိုတော့ ဆရာဘုန်းကြီးနဲ့ တပည့်ကျော်တွေက ချည့်နဲ့နဲ့ ကျောင်းကို အတင်းကျားကန်နေကြရတာ။
သူတို့မြို့တော်ကြီးက ကျောင်းတွေလို ပြည့်စုံတာမဟုတ်လေတော့ဧည့်ဝတ် မကျေမှာ စိုးပါဘိသနဲ့။ပြီးတော့ သူကြီးဆိုသူက ချောင်းကြည့်တတ်တာ ဝါသနာပါလေတော့ စိတ္တသုခမှာ ပြောစရာတွေများ ပါသွားမှာဖြင့် ခက်ပြီ။
ကဲလေ..ဘာပဲဖြစ်ဖြစ် အိမ်ရှင်ဆိုတော့ ခရီးဦးကြို စကြတာပေါ့။
ဒုံဒေဂူး ဘူတာမှာသွားကြိုဖြစ်ခဲ့ပါတယ်။
နှုတ်ခမ်းမွေးစစ လူကြမ်းမင်းသားနဲ့တူတဲ့ သူကြီးနဲ့ အဖွဲ့ကို ပထမဦးစွာ ကားကြပ်ကြပ်နဲ့ စတွေ့ပေးလိုက်ပါတော့တယ်။
ဘုန်းကြီးကျောင်းရောက်တော့စကားစမည်ပြောကြဆိုကြ၊ခဏနေတော့ ထမင်းစားထွက်ကြတာပေါ့။
ကိုရီးယားတွေ နှစ်ကူးပိတ်ရက်ရဲ့ အဓိက ရက်မှာမှ ဧည့်သည်တွေကို ဘာကျွေးရမှန်းမသိဖြစ်ရပါတော့တယ်။ နို့..ဆိုင်တွေအကုန်ပိတ်ထားတယ်လေ...။အဲဒီမှာ ဒုတိယအကြိမ် တွေ့ပေးလိုက်တာပေါ့။ ထမင်းစား ဖို့ဆိုင်ရှာရပြီလေ...။
ဧည့်သည်တွေကို ဒုက္ခပေးသလိုဖြစ်နေပြန်ပေါ့။မတတ်နိုင်ဘူးလေ။
ပြီးတော့ 갓바위 ဆိုတဲ့ ဘုရားကို လိုက်ပို့ပေးလိုက်ပါတယ်။ရောက်တုန်းရောက်ခိုက် ဘုရားဖူး ကုသိုလ်ပေါ့။
အင်း...ဘာပဲပြောပြော ဆရာသမားတွေ လာလည်တာ ကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေ အများကြီးရပါတယ်။
သူတို့ဆီက များပြားလှတဲ့ အတွေ့အကြုံတွေ သိခွင့်ရတယ်။ အလုပ်သမားတွေရဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေ ပိုသိရတယ်။
မကြာခင်ကာလမှာ ကိုရီးယားရောက် မြန်မာများအတွက် မြန်မာပြည်ကနေ စာရေးဆရာတွေ ပင့်ဖိတ်ပြီး စာပေဟောပြောပွဲ ကျင်းပမယ်ဆိုတော့ စာပေ စိတ်ဝင်စားတဲ့မြန်မာတွေ။စာပေဟောပြောပွဲ ငတ်နေကြတဲ့ မြန်မာတွေ အတွက်တော့ အခွင့်ကောင်း တစ်ခုတော့ ရဦးတော့မှာပေါ့။
ရှေ့ဆက်ပြီးတော့ ဒေဂူးနဲ့ ဆိုးလ် လူမှုရေး ကိစ္စတွေကအစ မြန်မာအလုပ်သမားရေးရာတွေအတွက် လက်တွဲ လုပ်ကြဖို့ တိုင်ပင်နှီးနှော ဖြစ်ကြတာကတော့ အမြတ်ထွက်ခဲ့ပါတယ်။
ကိုရီးယားနှစ်သစ်ကူးပိတ်ရက် တွေ့ဆုံပွဲလေးမှာ မြန်မာတွေအချင်းချင်း တစ်မြို့စီခြားပေမဲ့ တစ်စိတ်တဝမ်းတည်း ရှိကြောင်းပြလိုက်ရတာ ကျွန်တော်တို့အတွက် ဝမ်းသာစရာနေ့ရက်လေးပါပဲဗျာ...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP