ဘဝနှင့်ကြာ
ဘ၀မှာ လောကကောင်းကျိုးဖြစ်စေ၊ မိမိကောင်းကျိုးဖြစ်စေ ကြိုးစားနေတဲ့ သူတွေအဖို့ ခက်ခဲ့ တဲ့ပြဿနာတွေကိုတစ်ခါတစ်ရံမှာအနည်းနဲ့ အများတွေကြုံရင်ဆိုင်ရစမြဲဖြစ်မှာပါ။ ဤလောကမှာအခက်
အခဲ တွေနဲ့ မတွေ့ ကြုံမဆုံခဲ့ ရဘူးဆိုတဲ့ သူရယ်လို့ တော့ ရှိမယ်မထင်ပါဘူး။ ကြာပန်းလေးတစ်ပွင့် ဟာ
ရေပေါ်သို့ ရောက်ရှိရန် အခက်အခဲ့ မျိုးစုံနဲ့ ရွှံညွန်တွေကို ထိုးဖေါက်ရေထုကြီးကို ဖြတ်သန်းပြီး ရေပေါ်မှာ
ရွှေကြာရယ်လို့ လှပ၀င့်ထည်ခဲ့ တာဟာ သူရဲ့ ကြိုးစာချက်ပဲ့ပေါ့ ။ ဒါပေမဲ့ ကြာပန်းလေးရဲ့ ရေပေါ်သို့ 
ရောက် နိုင်ရေးအတွက် ခက်ခက်ခဲ့ ခဲ့ ကြိုးစားခဲ့ တာတွေကိုတော့ မည်သူမျှစဉ်းစားနိုင်ခဲ့ မှာမဟုတ်ပါဘူး။
ကြာပန်းလေးရဲ့ ရေပေါ်သို့ ရောက်လာတဲ့ အချိန် လှပတင့် တယ်မှုအပေါ်မှာ အမြတ်တနိုးစွဲမက်နှစ်သက်
ကြပြီး ဘုရားမှာကပ်လှုချင်တဲ့ သူရယ်၊ ခေါင်းပေါ်မှာပန်ချင်တဲ့ သူရယ်လို့ အလုအယက် ဈေးပြိုင်ပေးပြီး
တန်ဖိုးတက်စေခဲ့ ပါတယ်။ ဒါပေမဲ့ခွန်အားကုန်ခန်း၍ရေပေါ်သို့ မရောက်ရှိနိုင်ခဲ့ ဘဲ အငုံဘ၀နဲ့  လမ်းတစ်
ဝက်မှာပုတ်သွားကြတဲ့  ကြာပန်းတွေလည်းရှိတတ်ပါတယ်။ လူသားတွေရဲ့ ဘ၀ဆိုတာလည်းကြာပန်းလေး
တွေလိုပဲပေါ့ ။ သက်မဲ့ အရာဝတ္တုလေးတွေတောင် အခက်အခဲ့ တွေနဲ့ ရင်ဆိုင်ကြရတယ်ဆိုရင် သက်ရှိလူ
သားတွေအဖို့ကတော့ ဒီထက်ပိုများပေလိမ့် မယ်။
ကမ္ဘာကျော်စာရေးဆရာ ဒေါက်တာကေသရိံဓမ္မာနန္ဒပြောတဲ့ စကားတစ်ခွန်းကိုအမှတ်ရစေခဲ့ ပါ
တယ် ။ Life is a continuous Journey best with problems. As long as we live in this world, problems and troubles will always be a part and parcel of human experience. ‘ဘ၀ဆိုတာဟာ ခက်ခဲ့ တဲ့ ပြဿနာတွေနဲ့  အကောင်းဆုံးဖြစ်ဖို့ လျှောက်လှမ်းနေရတဲ့  ခရီးတစ်ခုပါ။
ဤလောကမှာ ငါတို့ နေထိုင်နေစဉ် ခက်ခဲ့ တဲ့ ပြဿနာဒုက္ခတွေဟာ လူ့ လောကအတွေ့ အကြုံရဲ့ အစိတ်
အပိုင်းတစ်ခုပဲဖြစ်ပါတယ်” တဲ့။ သစ္စာရောင်ခြည်ရဲ့ဆောင်းပါးတစ်ပုဒ်မှကောက်နှုတ်ချက်

0 comments:
Post a Comment