* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 15, 2011

အနာဂတ်ကာလ မပွင့်သေးသော ဘုရားများအား ရှိခိုးသင့်၊ မရှိခိုးသင့်

အရှင်ဘုရား-

ယေ စ ဗုဒ္ဓါ အတီတာ စ

ယေ စ ဗုဒ္ဓါ အနာဂတာ

ပစ္စုပ္ပန္နာနဉ္စ ယေ ဗုဒ္ဓါ။

အဟံ ၀န္ဒာမိ သဗ္ဗဒါ။

ဤဘုရားရှိခိုးဂါထာတွင် အတိတ်၊ အနာဂတ်နှင့် ပစ္စုပ္ပန်၌ ဖြစ်တော်၊ ပွင့်တော်မူကုန်သော မြတ်စွာဘုရားတို့အား ရှိခိုးပါ၏ဟု ဆိုလိုရာ ပစ္စုပ္ပန်၊ အတိတ်ဘုရားတို့အား ရှိခိုးခြင်းမှာ ဖြစ်နိုင်သော်လည်း အနာဂတ် မပွင့်သေးသော ဘုရားတို့အား ရှိခိုးခြင်းမှာ သင့် မသင့် သိလိုပါသည် ဘုရား။

ဤပြဿနာကို ရှင်းလင်းဖြေကြားတော်မူပါ အရှင်ဘုရား။

ခင်ထွေးကြီး

စာရေးဆရာမ၊ ရန်ကုန်။

ဤအကြောင်းနှင့် ပတ်သက်၍ ပါရမီခန်းပျို့တွင်-

ဒီပင်္ကရော လောက၀ိဒူ

အာဟုတီနံ ပဋိဂ္ဂဟော

မမကမ္မံ ပကတ္တေတွာ

ပဒက္ခိဏံ ပါဒမုဒ္ဓရိ။

ယေ တတ္ထ အာသုံဇိနပုတ္တာ

သဗ္ဗေ ပဒက္ခိဏမကံသု

နရာ နာဂါ စ ဂန္ဓဗ္ဗာ

အဘိဝါ ဒေတွာန ပက္ကမုံ။

၂၁။ သေဋ္ဌ ဇေဋ္ဌ၊ ကျေးဇူးစသော၊ အပ္ပမေယျ၊ ဤဆုံးမဟု၊ သိရခဲလှော်၊ ကျယ်ဝန်းမြော်သည်၊ နောင်တော်စောထွတ်၊ ဗျာဒိတ်မှတ်သား၊ ရွတ်ခဲ့ကိုယ်တိုင်၊ ငါဖို့ပိုင်ဟု၊ ချက်ရိုင်ကျွတ်သုံး၊ ကြာပြီးဆုံးမှ၊ စက်ဘုန်းလက္ခဏာ၊ တစ်ရာမက၊ စဲစဲလှလျက်၊ ပုံချခတ်နှိပ်၊ ရွှေတံဆိပ်သို့၊ ဦးထိပ်အဖျား၊ ရပ်တံ့နားပြီး၊ ဘုန်းကြီးကြရငှန်း၊ ရှစ်ဆုပ်ပန်းဖြင့်၊ ကြဲဖျန်းလက်ယာ၊ လှည့်ခဲပါ၍၊ စကြာခြေသော်၊ ကြွခဲ့သော်တည့်၊ ထိုရော်အခါ၊ နောက်တော်ပါသည့်၊ အရာခပ်သိမ်း၊ ရှင်လေးသိန်း လည်း၊ ကြည့်စိန်းဖြိုးဖြိုး၊ ဘုရားမျိုးကို၊ စိုက်ပျိုးပေထ၊ သုံးလူဘဟု၊ ရှေ့မှ တလျဉ်း၊ အကြီးစဉ် လျဉ်၊ ရှောင်ကြဉ်ရွံ့ရှာ၊ ပတ်လက်ယာဖြင့်၊ ပါခဲ့ နောက်တော်…”

(ပါရမီ-၇၂။၇၃။)

ဆိုလိုသည်မှာ ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာ ရှင်ရသေ့အား နောင်အခါ ဘုရားဖြစ်လတ္တံဟု ၀ယတ ဗျာဒိတ် ပေးတော်မူပြီးလျှင် ဤသူသည် ဘုရားလောင်းတည်းဟု ပန်းရှစ်ဆုပ်ဖြင့် ပူဇော်ပြီးလျှင် ခြေတော်ဖြင့် လက်ယာရစ် ကွေ့ဝိုက် အရိုအသေပေးပြီ၊ ကြွတော်မူ ၏ ။ နောက်ပါ ရဟန္တာလေးသိန်းတို့ကလည်း ဒီပင်္ကရာမြတ်စွာဘုရား အတူပင် လက်ယာရစ်ဝိုက် အရိုအသေပေးကာ ကြွတော်မူကြလေ၏ဟု ဆိုလိုပါသသည်။

နောင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာ့မင့်မှ ပွင့်တော်မူမည့် သုမေဓာ ရှင်ရသေ့ ( ဂေါတမဘုရား အလောင်း) အား ဒီပင်္ကရာ မြတ်စွာဘုရားကိုယ်တော်တိုင်နှင့် ရဟန္တာလေးသိန်းတို့ လေးလေးစားစား လက်ယာရစ်ကြွသွား၍ ပူဇော်ခဲ့ကြောင်း ဆိုပေရာ အနာဂတ် မြတ်စွာဘုရားတို့အား ရှိခိုးပူဇော်သင့်ကြောင်း အထူးဆိုဖွယ်ရာ မလိုတော့ပေပြီး။

ထို့ပြင် စေတိယာကျင်း၊ မြေအခင်း၊ ပဉ္စင်းရှိခိုးအပ်လိမ့်နည်း ဟူသော ပုစ္ဆာအဖြေတိဖလသမဏစိန္တာကျမ်း (၄င်း ၆၅၅) တွင် နောင်တည်လတ္တံသော စေတီကိုရည်မှတ်၍ တည်လတ်အံ့သော မြေအရပ်ကို ရဟန်း၊ ပဉ္စင်းပင် ရှိခိုးအပ်၏ ဟူသော အဖြေ၌-

ထေရောမဟာ စေတိယဋ္ဌာနံ ပုပ္ဖေဟိပု ဇေတွာ ၀န္ဒိ

ပါရာဇိကံအဋ္ဌကထာအနက်ကား-

ထေရော- မဟိန္ဒအမည်ရှိသော ရဟန္တာမထေရ်မြတ်သည်၊ မဟာစေတီ ယဋ္ဌာနံ- မဟာစေတီတည်လတ္တံသော မြေအရပ်ကို၊ ပုပ္ဖေဟိ- ပန်းတို့ဖြင့်၊ ပူဇေတွာ- ပူဇော်၍၊ ၀န္ဒိ- ရှိခိုး၏။

မေတ္တေယျ စသော သမ္မာသမ္ဗုဒ္ဓ ဘုရားတို့ကိုလည်းကောင်း၊ ပစ္စေကဗုဒ္ဓါ ဘုရားတို့ကိုလည်းကောင်း ဘုရားဖြစ်သော ခဏကို ရည်မှတ်၍ ရှိခိုအပ်၏။

ထို့ကြောင့် ၀ိမတိ ၀ိနောဒနီဋီကာ၍-

“အနာ ဂတေ ပန မေတ္တယျာဒိဗုဒ္ဓ ပစ္စေကဗုဒ္ဓါစ ဗုဒ္ဓဘာဝ က္ခဏ ဥဒဿ ၀န္ဒိတဗ္ဗာဝ သဘာဝေနေ ၀ိသိဋ္ဌပုဂ္ဂလတ္တာတိ ဂဟေတဗ္ဗံ “ ဟု မိန့်အပ်ပြီး။

ပုထုဇဉ်ရဟန်း ဂဟဋ္ဌဖြစ်သူ လူတို့မှာ ဆိုဖွယ်ရာမရှိ၊ ရှိခိုးအပ်သည်သာတည်းဟု မှတ်လေ။

ယခုအခါ အုတ်ပုံကို ရှိခိုး၍ အကျိုးမရှိ ဟူသော မိစ္ဆာတို့၏ စကားကို ယောင်မှား၍ အချို့ အချို့သော ဗုဒ္ဓဘာသာ ပညာနည်းပါး။

အပ္ပသုတ ပုဂ္ဂိုလ်များက အတ္တနောဝါဒ မိမိတို့ ကြံဆ၍ မုချမြတ်နိုး ရှိခိုးထိုက်သော ဓါတ်တော်ကျောင်းမည် အုတ်စေတီကို လျက်ပေါ့ပြက် ဖျင်း ယုံကြည်မြတ်နိုး ရှိခိုးခြင်းကို မပြုအပ်ဟု ပြောဆိုလေ့ရှိကြ၏ ။

ယင်းသို့ ပြောဆိုသော အချက်ကို အယူပျက်ဟူ မှတ်လေဟု တိဖလသမဏစိန္တာကျမ်းတွင် မှာထားသည်ကို ဖတ်ရှုရပါသည်။

မြတ်သတိဝါဒီမဂ္ဂဇင်း၊

ဇန်န၀ါရီလ၊ ၂၀၀၂ ခုနှစ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP