* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 15, 2011

ရှေ့လ (၃)ရက်နေ့ပြန်ခဲ့မည်

Monday, 14 February 2011 13:00


အမေ...

တစ်နှစ်တစ်ခါ၊ သားမျက်နှာကို

မြင်ပါရလို၊ တောင်းဆုဆိုသည့်

အမိဆန္ဒ၊ ပြည့်စေရဖို့

ရှေ့လ သုံးရက် ပြန်ခဲ့မည်။

အမေ...

ရဟန်းမိခင်၊ ဖြစ်ပါချင်ကြောင်း

ဆုတောင်းသမျှ ၊ အမေ့ဆန္ဒလည်း

ယခုဘဝပြည့်စေ့မည်။

အမေ...

ရဟန်းမိခင်၊ မဖြစ်ခင်က

ပလ္လင်အလှူ၊ အမေလှူ၍

လှူသည့်ပလ္လင်၊ ဓမ္မခွင်ဝယ်

တင့်တယ်ရွှင်လန်း၊ သားရဟန်း၏

ဟောညွှန်းမြွက်ဖော်၊ တရားတော်ကို

နာပျော်ရလို၊ တောင်းဆုဆိုသည့်

အမိဆန္ဒ၊ ပြည့်စေရဖို့

တရားဓမ္မလည်း ဟောပါမည်။

အမေ...

အမေ့လက်ရာ၊ ချွေးနဲစာဖြင့်

ကောင်းရာဖွေလျှက်၊ ကိုယ်တိုင်ချက်သည့်

ဟင်းခွက်ပူပူ၊ ဆွမ်းပူပူလည်း

ကြည်ဖြူမေတ္တာ၊ ပို့သကာဖြင့်

ကောင်းစွာဘုဉ်းပေးချင်ပါသည်။

အမေ...

တစ်နှစ်တစ်ခါ၊ သားမျက်နှာကို

မြင်ပါရလို၊ တောင်းဆုဆိုသည့်

အမိဆန္ဒ၊ ပြည့်စေရဖို့

ရှေ့လ သုံးရက် ပြန်ခဲ့မည်။

အရှင်ဝိသာရဒ (ရမ္မာဝတီ)

Last Updated on Monday, 14 February 2011 16:36

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP