* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 15, 2011

*တရားမှန်လေးချပ်*

2/15/2011 တောသားလေး , Posted in , 0 Comments


သမဏအာဇာနည် (ပိဋ္ဋကတ္တယပါရဂူ) ၏ မှန် စာအုပ်မှာ ပါဝင်တဲ့ မြတ်စွာဘုရားရှင် ပေးသနားတော်မူသည့် မှန်လေးချပ်ကို ကောက်နုတ်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာအား “ အာနန္ဒာ ကွယ်လွန်သွားတဲ့ သူတွေရဲ့ လားရာဂတိနဲ့ တမလွန်ဘ၀ အကြောင်းအရာကို တရားနဲ့ပြည့်စုံတဲ့သူတိုင်း လုပ်နိုင်တဲ့ကိစ္စဖြစ်တယ်။ ဘုရားကိုယ်တိုင်ပင် ပါဝင်ဆောင်ရွက်နေရလောက်အောင် ခက်ခဲတဲ့ အထူးအဆန်း ကိစ္စမဟုတ်ဘူး။ လူသေတိုင်း လူသေတိုင်းသာ ငါဘုရားထံ လာမေး အဖြေပေးနေရရင် ငါဘုရားရှင်အား ပင်ပန်းစေရုံသာ ဖြစ်လိမ့်မယ်။ ဒီတော့ သင်တို့ ကိုယ်တိုင်ပင် ကိုယ်ရဲ့ဓမ္မအဆင့် ဘ၀အဆင့်ကို သိနိုင်ကြောင်း တရားမှန် (၄) ချပ်ကို ငါ ဘုရား ပေးအပ်လိုက်မယ်။ တရားမှန်လေးချပ်မှာ-
၁။ ဗုဒ္ဓရတနာအပေါ်မှာ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်း။
၂။ ဓမ္မရတနာအပေါ်မှာ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်း။
၃။ သံဃရတနာအပေါ်မှာ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်း။
၎။ မကျိုးမပေါက် မပျောက်မကျားသော အရိယာတို့ မြတ်နိုးသည့် ငါးပါးသီလနဲ့ ပြည့်စုံခြင်းတို့ပါပဲ ဟု မြတ်စွာဘုရားက တရားမှန်လေးချပ် ကို ပေးတော်မူခဲ့ပါတယ်။
-----------------------------------
လူတိုင်းသိပြီးသား ဖြစ်ပေမယ့်လည်း လူတိုင်းမှာတော့ ပြည့်စုံချင်မှ ပြည့်စုံမှာပါ။ ကျွန်တော်တို့တွေဟာ အိပ်ယာနိုး မျက်နှာသစ်ပြီးတာနဲ့ အလုပ်၊ ကျောင်း အပြင်မသွားခင် မိမိတို့ ခန္ဓာကိုယ်လှပဖို့အတွက် မှန် ကိုကြည့်ကြပါတယ်။ အဲဒီလို ခန္ဓာကိုယ် လှပဖို့အတွက်ဘဲ မှန်ကိုကြည့်ပြီး ပြင်ဆင်နေကြပေမယ့်လည်း မိမိ၏ ဓမ္မအဆင့် ဘယ်လောက်ရှိလဲဆိုတာကိုတော့ ကြည့်မိကြရဲ့လားသိပါဘူး။ မှန် တော့ မှန် ဘဲ။ ဒါပေမယ့် မှန် ချင်းမတူပါဘူး။ ကျွန်တော်တို့ကြည့်နေတဲ့ မှန်က ခန္ဓာကို ရုပ်ကြီး လှမလှကြည့်တဲ့ မှန် ဖြစ်ပြီး မြတ်စွာဘုရားရှင် ဟောကြားပေးသနားတော်မူခဲ့တဲ့ မှန်လေးချပ်ကတော့ မိမိရဲ့ ဘ၀ဓမ္မအဆင့်ကို သိနိုင်တဲ့ မှန်လေးချပ်ဖြစ်ပါတယ်။ ဒီမှန်လေးချပ်ကသာ မိမိ၏ တကယ့်အလှကို ထင်ရှားစွာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ မကြည့်မိသေးရင်လည်း အချိန်မနှောင်းခင် အခုချက်ချင်းပင် ထ၍ မြတ်စွာဘုရားရှင် ပေးသနားတော်မူခဲ့သည့် တရားမှန်လေးချပ်ဖြင့် စစ်ကြည့်လိုက်ကြစို့ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ တရားမှန်လေးချပ်ကို ထင်ရှားစွာ မြင်နိုင်အောင် ကြည့်နိုင်သော သူများဖြစ်ပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP