* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 20, 2010

CHILD and ADULT - ကလေး နှင့် လူကြီး

Child Debate - ကလေးစကားရည်လုပွဲ

ကလေးတွေ တော်တော် စကားတတ်တယ်။ လူကြီးတွေ စကားပြောကောင်းတယ်ဆိုတာ၊ ဘုန်းကြီးတွေ တရားဟောကောင်းတယ်ဆိုတာ အချက်ကျကျ အကွက်လှလှ ခွင်တည့်အောင် ဆင်ထည့်တာမျိုး။ ဒါတောင်မှ တရားတွေ စကားတွေမှာ သုံးခွက်တစ်ခွက်တင် ကြိုလိုက်ရတာတွေ၊ ငါ့စကားနွားရတွေ၊ သကာဖုံးတာတွေ၊ နှမ်းဖြူးတာတွေ၊ ဖော်လံဖားတာတွေ၊ စတဲ့စတဲ့ သိပ်အလေးမထားလောက်တာတွေ ပါတတ်သေးတာကိုး။ ဒါတင်လား။ ပြောစကားသက်သက်လည်း ဖြစ်နေတတ်သေးတယ်။ ကျောမွဲက မီလျံနာစကား ပြောတာမျိုး။ အာဏာရှင်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်း ပြောတာမျိုး။ ကပ်စေးနည်းက ဒါနအကြောင်း ပြောတာမျိုး။ စည်းမဲ့ကမ်းမဲ့ ကိုယ်ကျင့်ပျက်က သီလစကားပြောတာမျိုး။ တရားမထိုင်ဘူးဘဲ ၀ိပဿနာတရား ဟောတာမျိုး။ ဒါတင်လား။ ပြောရင်းဆိုရင်း ရှေ့မျက်နှာနောက်ထားလုပ်လို့ရတယ်။ မျက်နှာပြောင် တိုက်လို့ရတယ်။ ကိုယ့်ကိုယ်ကိုယ် မေ့ထားပြီး ဖြီးချင်ရာ ဖြီးလို့ရတယ်။ တစ်ဘက်သားကို ထည့်မစဉ်းစားဘဲ ဟဲချင်ရာ ဟဲလို့ရတယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းလို့ရတယ်။ မှိုချိုးမျှစ်ချိုး ချိုးလို့ရတယ်။ ကလေးစကားတွေကတော့ တစ်ချို့(တစ်ချို့) စီးပွားရေးသမားကြီးတွေ စီးပွားရေးစကားပြောတာမျိုး၊ တစ်ချို့(တစ်ချို့) နိုင်ငံရေးသမားကြီးတွေ နိုင်ငံရေးတရားဟောတာမျိုး၊ တစ်ချို့(တစ်ချို့) ဓမ္မကထိက ဆရာတော်ကြီးတွေ နိဗ္ဗာန်ရောက်ကြောင်း သာသနာပြုတရား ဟောတာမျိုးနဲ့ တော်တော်ကွာတယ်။ အနည်းဆုံး နည်းနည်းတော့ ကွာတယ်။

၂၀၀၆ ခုနှစ်က စပြီး ရွာကျောင်းမှာ ကလေးတွေကို ကျောင်းသားပွဲတော် လုပ်ပေးလာတာ။ ပထမဆုံး ပွဲတော်ရဲ့ မှတ်တမ်းတစ်ချို့ ရှိသေးတယ်။ မှတ်တမ်းဟောင်းတွေထဲက ပွဲတော်ရဲ့ တစ်ခန်းတစ်ကဏ္ဍဖြစ်တဲ့ ကလေးတွေရဲ့ စကားရည်လုပွဲလေးတွေကို ပြန်ပြီး စိတ်ဝင်စား နေမိတယ်။

အဲဒီတုန်းက စကားရည်လုပွဲ ထုံးစံအတိုင်း ကျောင်းသူကျောင်းသာတွေကို နှစ်အုပ်စုခွဲပေးပြီး သူနိုင်ကိုယ်နိုင် အပြိုင် အငြင်းခိုင်းတာ။ ပျော်ပျော်ကြီး ငြင်းလိုက်ခုန်လိုက်ကြပုံများ ဆူလို့ညံလို့။ အမှန်အမှား နဲ့ အဆိုးအကောင်းကို သူတို့နားလည်သလောက် ကျိုးကြောင်းယုတ္တိပြပြီး စတုတ္တတန်း ကလေးတွေ၊ တောကြိုအုံကြားမှာ ဖုန်နဲ့ကစားတဲ့ကလေးတွေ ငြင်းကြတာ။ ထင်ထားတာထက် ပိုပြီးတော့တောင် ငြင်းတတ်ခုန်တတ်ကြသေးတယ်။

ဘယ်ဟာဘယ်ဟာက ဘာ့ကြောင့်ဘာ့ကြောင့် ကောင်းတယ်မကောင်းဘူးဆိုတာ အကြောင်းပြပြီး ကောက်ချက်ချရမယ်လို့ မူချပေးလိုက်တယ်။ ဗြုန်းကနဲ တီထွင်ကြံဆတတ်အောင် တွန်းအားပေးတဲ့ အနေနဲ့ ခေါင်းစဉ်ကို ကြိုပြီး အသိပေးမထားဘဲ နှစ်ဘက်အုပ်စု ပြောကြဖို့ အဆင်သင့် ဖြစ်နေမှ ပြောကြတော့ဆိုပြီး ခေါင်းစဉ်ပေးလိုက်တယ်။ သူတို့ ပြောနိုင်မယ့် ခေါင်းစဉ်မျိုးပေါ့။ ခု စုစပ်ပြီး ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ အဟောင်းလေး တစ်ခု - “ကလေး နှင့် လူကြီး”။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP