* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 20, 2010

အရိယာတို့၏ ဝေါဟာရစကားရှစ်ပါးဆိုတာ ဘာတွေလဲ

ဒကာ။ ။ အရိယာသခင် သူတော်စင်တို့ ပြောကြားတော်မူကြတဲ့ အရိယဝေါဟာရ စကားရှစ်ပါးဆိုတာ သိပါရစေ ဆရာတော်၊ ဘယ်လိုစကားမျိုးတွေပါလဲ။
ဆရာ။ ။ အရိယာဝေါဟာရ ရှစ်ပါးဆိုတာ လိုရင်းအချုပ်ကတော့ မုသာဝါဒကို ရှောင်ရှားခြင်းပါပဲ ဒကာကြီးတို့ရာ။
၁။ မမြင်တာကို မမြင်ဟု ပြောတယ်။
၂။ မကြားတာကို မကြားဟု ပြောတယ်။
၃။ မတွေ့ မရောက်တာကို မတွေ့ မရောက်ဟု ပြောတယ်။
၎။ မသိတာကို မသိဟု ပြောတယ်။
၅။ မြင်တာကို မြင်တယ်ဟု ပြောတယ်။
၆။ ကြားတာကို ကြားတယ်ဟု ပြောတယ်။
၇။ တွေ့ ရောက်တာကို တွေ့ ရောက်တယ်ဟု ပြောတယ်။
၈။ သိတာကို သိတယ်ဟု ပြောတယ်။
အဲဒီ အရိယာတို့ ပြောဆိုခြင်းရှစ်ပါးကို သုတ္တနိပါတ် ပါဠိတော်နဲ့ အဋ္ဌကထာကျမ်းများမှာ စိတ်ဝင်စားစရာ ဟောကြားပြဆိုထားတယ်၊ အရိယာမဟုတ်တဲ့ ဒကာကြီးတို့လို ပုထုဇဉ်အတွက်တော့ ခုပြဆိုထားတာနဲ့ ဆန့်ကျင်ဘက်ပြောင်းပြန်ဇောက်ထိုးယူပေါ့။
ဒကာ။ ။ ရှင်းလင်းနှစ်သက် ကျေနပ်လှပါတယ် ဆရာတော်၊ ပုထုဇဉ်ဆိုတာတော့ မုသားတွေ ဗွက်ပေါက်နေတာပါပဲ ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP