* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 20, 2010

*မိုးရယ်.. နှင်းရယ်.. ကျွန်တော်ရယ်..*


အဲဒီနေ့က (15.10.2010) ကျောင်းသွားရတယ်.. လမ်းတစ်လျှောက်မှာ မိုးစက်တွေက တဖြောက်ဖြောက် ကျလို့.. မိုးစက်တွေကြားမှာ နှင်းပွင့်လေးတွေကလည်း တရွေ့ရွေ့ သက်ဆင်းလို့.. ဒီကြားထဲ နေရောင်ခြည်က ဖြာဆင်းလိုက်တဲ့ အချိန်..၊ ဟိုခြစ် ဒီခြစ်နဲ့ ကဗျာတစ်ပုဒ်တော့ ရေးဖြစ်လိုက်တယ်..။

မိုးစက်တွေနဲ့ နှင်းပွင့်ရောယှက်ကျရောက်တဲ့ နေ့မှာ မွေးလို့.. မိုးနှင်း၊ ရှေ့က ပီ တပ်လိုက်တော့.. ပီမိုးနှင်း.. အဲဒီကနေမှာ ပီမိုးနင်း ဆိုပြီး အမည်တွင်သွားရှာတဲ့ ဆရာပီမိုးနင်း..၊ နောက် (ရုပ်ရှင်ဒါရိုက်တာ ထင်တယ်၊ သိပ်တော့ မမှတ်မိတော့ဘူး) ဒါရိုက်တာ မောင်နှင်းမိုး..၊ နောက်ပြီး ဘယ်ရုပ်ရှင် ကားထဲမှာလည်း မသိပါဘူး.. (ဦး)၀င်းဦး သရုပ်ဆောင်ခဲ့တဲ့ ကိုသက်နှင်းဆိုတဲ့ ဇတ်ကောင်နာမည်..၊ ဘာရယ်မဟုတ်.. မိုးနှင်းတွေကြားက ကျွန်တော် မိုးနှင်းပါတဲ့ နာမည်တွေကို အဲဒီနေ့က မဆီမဆိုင် သတိရလိုက်သေးတယ်..။

မိုးရယ်.. နှင်းရယ်.. ကျွန်တော်ရယ်..

မိုးတဖြောက်ဖြောက်
လွင့်ရောက်ကာနေ..
နေခြည်ယှက်သွေး
ကန့်နွေးလို့လေ..
ဟိုဒီငေးကြည့်
လွမ်းမိပေါ့မေ..
အလှတရား မောက်ကြွားနိုင်လွန်းပေ..။

နှင်းတပေါက်ပေါက်
ဆင့်ရောက်လာပေ..
လေကြည်ဖြတ်ပြေး
ပြန့်အေးလို့နေ..
ပျိုမဒီဆွေးမြည့်
တမ်းမိနိုင်စေ..
ဘ၀သမား ယောက်ျားမောင် ဆုခြွေ..။

*************************************

လေးစားစွာဖြင့်
ဖိုးသား

10/19/2010, TUE:, 9:30:27 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP