* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 20, 2010

ဒေါက်တာနေဇင်လတ်သင်တန်းအောင်မြင်စွာပြီးဆုံး

ယမန်နေ့(၁၉-၁၀-၂၀၁၀)က အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ကြီးရဲ့ မြန်မာဗုဒ္ဓဘာသာပညာရေး ဗိမာန်တော်ကြီးမှာ ဆရာကြီးဒေါက်တာနေဇင်လတ် သင်ကြားပို့ချခဲ့တဲ့ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အတတ်ပညာ (၁၀)ရက် သင်တန်းဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ သင်တန်းပိတ်ပွဲအခမ်းအနားမှာ ဆရာကြီးဒေါက်တာနေဇင်လတ်ကို အဖွဲ့ဥက္ကဋ္ဌဆရာတော်ဦးပညာသာမိက ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဓမ္မလက် ဆောင်များ အပ်နှင်းခဲ့ပါတယ်။ (၁၅) ရက်ကြာအောင် ကြီးမားတဲ့ စီးပွားရေးလုပ်ငန်တာဝန်တွေကို ကျောခိုင်ပြီး ဒီသင်တန်းကို ဓမ္မဒါနအဖြစ် မိမိစရိတ်နဲ့ မိမိ လာရောက်ပို့ချပေးခဲ့တဲ့ ဆရာကြီးဒေါက်တာနေဇင်လတ်ကို အဖွဲ့ကြီး မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

သင်တန်းတက်ရောက်ခဲ့ကြတဲ့ ရဟန်းတော်တွေက သင်တန်းအတွေ့အကြုံများ၊ အတွေးမြင်များလည်း သင်တန်းပိတ်ပွဲမှာ ပွင့်လင်းနွေးထွေစွာ ဖွင့်ဟပြောဆိုခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အိန္ဒိယ ရောက်မြန်မာ ပညာသင်ရဟန်းတော်အတွက် စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုအတတ်ပညာကို အစုအဝေးလိုက် သင်ယူတက်ရောက်ခွင့်ရတဲ့ မှတ်တမ်းဝင်သင်တန်းတစ်ခုဖြစ်ခဲ့တာတော့ သေချာလှပါတယ်။ ဒီသင်တန်းကြီးဖြစ် ပေါ်လာဖို့အတွက် ကျေးဇူးတင်ထိုက်တဲ့ ဒကာဝိမုတ္တိသုခ၊ သင်တန်းကာလနေ့ရက်အချို့မှာ သင်တန်းသားရဟန်းတော်များကို ဆွမ်းဆက်ကပ်ကြတဲ့ အလှူရှင်များ၊ အထူးအားဖြင့် ပညာရေး ကော်မတီပဒေသာပင်စိုက်ထူလှူဒါန်းကြတဲ့ သြစတေးလျနိုင်ငံနဲ့ စင်ကာပူမှ အလှူရှင်များ (ပညာရေးကော်မတီအလှူရှင်များကို ဧဟိသွာဂတံဝက်ဘ်ဆိုဒ်တွင် ဖော်ပြပြီး) နဲ့ သင်တန်းကာလ (၁၀)တာ စိတ်အားထက်သန်စွာ တက်ရောက်ခဲ့ကြတဲ့ ဥက္ကဋ္ဌဆရာတော်နဲ့ အဖွဲ့ဝင်များအားလုံး ကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

သင်တန်းပို့ချချက် ဗီဒီယိုဖိုင်လ်တွေကို ကော်နက်ရှင်းကောင်းမွန်တဲ့ အချိန်မှာ အဖွဲ့ဝက်ဘ်ဆိုဒ်မှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလမှတ်တမ်းဓါတ်ပုံလေးတွေကိုတော့ အဖွဲ့ကြီးရဲ့ ဧဟိသွာဂတံစာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီမှာ ကလစ်လိုက်ပါ..။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP