* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 20, 2010

သူများကိုအတုလုပ်ရင် ကိုယ်လည်းအတုဖြစ်တတ်တယ်


လူသားတွေဟာ တစ်ခါတစ်လေ ငွေကိုအတုလုပ်ဖို့ကြိုးစားတတ်ကြပေမယ့် လူများစွာဟာငွေရဲ့အတုလုပ် ခြင်းကိုသာခံကြရပါတယ်။ ဘာကြောင့်လဲဆိုင်ရင် ငွေကြေးပေါလာတဲ့အခါ မလုပ် သင့်တာ တွေလုပ်မိလာပြီး လူ့ဘဝတစ်ခုလုံးအတုဖြစ်ကုန်တော့တယ်။

ကောင်းတာကတော့ နှလုံးသားမပါပဲနှင့် ဘာမှမလုပ်နဲ့၊မပြောနဲ့။ ဒါဟာအကောင်းဆုံးပါပဲ။ စိတ်နှလုံးမပါပဲနှင့် ဟန်ဆောင်ပြီး ချွဲနွဲ့ပြောနေတာဟာ ညာတယ်၊လိမ်တယ်လို့အဓိပ္ပါယ်ရပါတယ်။ တကယ်မခင်ပဲနှင့် ခင်သလို၊ တကယ်သဒ္ဓါတရားမရှိပဲနှင့် တကယ်သဒ္ဓါတရားရှိသလို ၊အကျိုးမလိုလားပဲနှင့် အကျိုးလိုလားသလိုမဖြစ်ရပါ။ လျှို့ဝှက်ချက်တစ်ခုကိုသိအောင်ပြောထားပါရစေ။လူတစ်ယောက်ကိုတွေ့လျင်တွေ့ချင်း မျက်နှာကိုကြည့် လိုက်ပါ။ ပကတိအခြေအနေမျက်နှာထားကိုတွေ့ရပါလိမ့်မယ်။ တွေ့လျင်တွေ့ချင်း ဟန်မဆောင်ရသေးလို့ပါ။ ပြိးမှ သူဟာ သူ့မျက်နှာကိုပြင်သွားကြတာပါပဲ။ စိတ်ကောင်းမွေးထားသူဟာ ရွန်းပ ဝင်းလဲ့ စိုရွှန်း နေလိမ့်မယ်။ ကောက်ကျစ်သူဟာ မသာမယာ မျက်နှာထားဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့အချိန်မီပြင်ရင်(၃) လအတွင်းအရှိန်ကောင်းရလာနိုင်ပါတယ်။


စိတ်ကောင်းရှိခြင်းသည် အကြီးဆုံးသောလာတ်တစ်ပါးပါ။ ကောင်းသောစိတ်ကို Wholesome mind, Healthy Mind တွေဟာ ချစ်စရာကောင်းပါတယ်။ သာယာအေးချမ်းပါတယ်။ အဲဒီစိတ်ကို အဖေ အမေ က ပေးလို့ရတာမဟုတ်ပါ။ ကောင်းမှု့လုပ်ပြီးမွေးယူရတာပါ။

အဘိဓမ္မာသဘော ကိုနားလည်အောင်ပြောပြပါရစေ။ ဗုဒ္ဓမြတ်စွာက ရုပ်နှင့်နာမ်ဟာ (ဒီပဇာလ ဝိယ) ဆီးမီးလျံ့ကဲ့သို့လည်းကောင်း ၊နဒီသောတောဝိယ မြစ်ရေအလျံကဲ့သို့လည်းကောင်း တူတယ်လို့ မိန့်တော်မူ ပါတယ်။ ဆိုလိုတာက တောက်လောင်နေတဲ့ဖယောင်းတိုင်မီးလျံလေးကိုကြည့်လိုက်ပါ။ ကြည့်နေ တဲ့၊မြင်နေတဲ့မီးဟာ မျက်စိရှေ့မှာတင် အထက်ကိုပျံတက်လွင့်ပါးသွားနေတယ်။ အသစ်အသစ်တွေက ဆက်ပြီး တောက်လောင်နေလို့ အဲဒီမီးတောက်လို့ထင်နေတာပါ။


တသွင်သွင်စီးကျနေတဲ့မြစ်ချောင်းရေတွေဟာလည်း မျက်စိရှေ့မှာပင် အောက်အရပ်ကိုစီးချင်းသွား ကြပါတယ်။ ဆက်ပြီးမြင်တွေ့နေရတဲ့ရေတွေဟာ အထက် အညာအရပ်က အစားထိုးဝင် ရောက်လာ တဲ့ရေတွေပါပဲ။ဒါပေမဲ့အဲဒီရေတွေဟာ အရောင်လည်းပြောင်းမသွားဘူး အတိမ်အနက်လည်းပြောင်း မသွားဘူး။ အကျယ်လည်းပြောင်းမသွားတဲ့အခါကျတော့ အဲဒီရေပဲထင်မှတ်တတ်ကြပါတယ်။ ဟောဒီသက်ရှိခန္ဓာ၊ရုပ်၊နာမ်မှန်သမျှဟာ ဒီအတိုင်း ဒလစပ်ပြောင်းလွဲဖေါက်ပြန်ပြီးတော့ သွားနေကြတာပါ။ သတိနဲ့စောင့်ကြည့်မှ မြင်တွေ့နိုင်တယ်။ ဒါကိုဝိပဿနာလို့ခေါ်ပါတယ်။

ပုထုဇဉ်တွေအဖြစ်ကတော့ အထက်အညာက အချို့မြင်း တွေလိုပါပဲ။ မြင်းကလေးတွေမြက် ခြောက်ကိုကျွေးလို့မစားကြတော့ ပိုင်ရှင်က မျက်မှန်အစိမ်းလေးတပ်ပေးလိုက်တာပါပဲ။အဲဒီအခါကျတော့ မြင်းကလေးဟာ မြက်အစိမ်းကိုစားရတယ်ထင်လို့ အားရဝမ်းသာစားတော့တာပါပဲ။ ပုထုဇည်တွေလည်း အဝိဇ္ဇာမျက်မှန်လေးတပ်ထားတော့ ဒီရုပ်၊ဒီနာမ်ပဲထင်ပြီး ချစ်ခြင်း၊မုန်းခြင်းဖြစ်နေကြတာပါ။ ဝိပဿနာ ဥာဏ်နှင့်ကြည့်လိုက်ယင် ဖြစ်စဉ်မျှသာတွေ့ရပါမည်။

အဖြစ်လည်းမစဲ၊အပျက်လည်းမစဲတဲ့ ဟောဒီလောကကြီးမှာ ဘယ်အရာမှ ကြာကြာမခံပါဘူး။ အကြောင်းစုံရင်ပေါ်လာပြီး အကြောင်းကုန်ရင်ပျောက်ကွယ်သွားရမည်သာတည်း။ အကြောင်းတရားသည် မိမိလက်တစ်ကမ်းတွင်ရှိပါသည်။ ထိုအကြောင်းတရားကိုဖြူစင်ရိုးသားမွန်မြတ်စွာ ဖန်တီးမိကြဖို့ အရေးကြီး ပါသည်။ အကြောင်းတရားရဲ့အကျိုးဆက်ကို ဘယ်ထာဝရဘုရား ၊ဖန်ဆင်းရှင်ကမှ တားမြစ်၍မရပါ။ မာရ်နတ်သည်ပင်လျှင် ဒါနစသောကောင်းမှု့မပြုဖြစ်အောင်သာလျင် တားမြစ်၊ဖျားယောင်းထားနိုင်ပါတယ်။ ပြုပြီးသောဒါန စသောအကြောင်းတရား၏ အကျိုးပေးဖြစ်သော ဘဝသမ္ပတ္တိ၊ပြည့်စုံသောဘဝက ရရှိစေခြင်း ၊ဘောဂသမ္ပတ္တိ-စီးပွားဥစ္စာကြွယ်ဝခြင်းစသည်ကို မတားမြစ်နိုင်ပါ။ ကိုယ်ပြုတာကို ကိုယ်ရမှာ သေချာကါတယ်။

စိတ်မပါပဲနှင့်ဟန်ဆောင်ပြောဆိုနေခြင်းသည်အမှန်တရားကိုသစ္စာဖေါက်ရာရောက်ပါသည်။မကြိုက်ပဲနှင့်
လက်ထပ်ထားရခြင်း၊ မကြိုက်ဘဲနှင့်ထောက်ခံနေရခြင်းသည် အမှန်တရားကိုနင်းချေနေရခြင်း
တစ်မျိုး သာဖြစ်ပါသည်။

အမှန်က လူသားတွေရဲ့သန္တာန်မှာ Sense ဆိုတာရှိပါတယ်။ အပူကိုခံစားရခြင်းးသည် အအေး ကို
တောင်း ဆိုနေခြင်းဖြစ်သလို ၊အအေးကိုခံစားရခြင်းသသည်လည်း အနွေးကို တောင်းဆို နေခြင်း
ဟုအ ဓိပ္ပါယ် ရောက်ပါသည်။

လူတစ်ယောက်သည်ပညာနှင့်ယှဉ်ပြီးကောင်းမှု့ကိုတကယ်လက်တွဲပြုလာပြီဆိုလျင်တိုးတက်ကြီးးပွား
သည်သာတည်း။ ဘာကြောင့်လဲဆိုတော့ ကောင်းတဲ့စိတ်တွေ နှလုံးအိမ်ထဲမှာ ဖြစ်ပေါ်လာပြီး ခန္ဓာ
အစဉ်မှာ ဝါယောဓာတ်နှင့်ပေါင်းစပ်ကာ ကြီးမြတ်တဲ့ စွမ်းရည်ကို ရရှိလာရန်ဖြစ်ပါသည်။

အဲဒီစိတ်တွေဘယ်ကလာတာလဲဆိုရင် မီးခြစ်ဆံနှင့်မီးထွန်းလိုက်တဲ့အခါ မီးတွေပေါ်ထွက်လာသလို
ကောင်း တာပြုလိုက်ရင် ကောင်းတဲ့စိတ်တွေပေါက်ဖွားလာပြီး ခန္ဓာ၊နာမ်ရုပ်အစဉ်မှာ ကုဋေ သန်း
ပေါင်း များစွာ လှည့်ပတ်ပြီး စွမ်းရည်ဖြစ်ပေါ်လာသလိုပါပဲ။ ကောင်းမှု့ပြုသူသည် ဆုတောင်း
စရာ ပင်မလိုအပ်ပါ။ ပြုစဉ်ခဏကပင် အဲဒီစွမ်းရည်ကိုရရှိပိုင်ဆိုင်ပြီးသားပါ။
ဆက်ရန်(အနန္တမေတ္တာအဖွဲ့)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP