* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 20, 2010

ဆန့် ကျင့်ဘက် အမှန်များ ( ၄ )

စိတ်

၁။ ဘ၀ဟာ ဒုက္ခ
ဒုက္ခဟာ ဘဝ
ယထာဘူတသိပြီး
မိမိဘ၀ကို
စိတ်နာပါ။

၂။ ဘ၀ဟာ ခဏ
ခဏတာ ဘဝ
သဘာဝကိုသိပြီး
အညမညကို
စိတ်မနာမိပါစေနဲ့ ။


အနည်းငယ် ဖွင့်ဆိုချက်

၁။စိတ်နာတယ် စိတ်နာတယ် ပြောကြပေမယ့် ဘ၀ကို မနာမိကြသေး။ ဘ၀ထိ စိတ်မနာသေးသမျှ ကာလပတ်လုံးလည်း ဘာဝနာက သိပ်ပြီး ပြင်းပြင်း ထန်ထန် လုပ်ဖြစ်မှာ မဟုတ်ဘူး။

ဘ၀နာပါမှ ဘာဝနာဆိုတာ အထူးတလည် လုပ်ဖြစ်မှာပါ။ ဥပမာဆိုပါစို့ - စိးပွါးရေးမကောင်းလို့ ဆင်းရဲကို တကယ် လက်တွေ့ ရင်ဆိုင်နေရသူက ချမ်းသာဖို့ အမှန်တကယ် ရှာကြပါတယ်။ လက်တွေ့ ဆင်းရဲ တယ်ဆိုတာ သူတကယ် လက်တွေ့  တွေ့ နေတာကိုး။ သိနေတာကိုး။ ဘ၀ အပေါ် တကယ် ဆင်းရဲတာလို့  သိမှလည်း ဆင်းရဲက လွတ်ချင်တာပါ။ ဘယ်လောက် ဆင်းရဲတယ်လို့  သူများပြောပြော ကိုယ့်ဘ၀လေးကိုတော့ ပျော်အောင် ဖန်တီးနေတတ်ကြလေရဲ့ ။

ဘုရားရှင်ကတော့ ဘုရားမဖြစ်ခင် ကတည်းက ဒီအတွေးကိုသိပြီး ဖြစ်လို့  အတွေးရှိသည့်အတိုင်း လက်တွေ့ လွတ်မြောက်မည့် နည်းလမ်းကို ရှာတွေ့ ပြီး ချမ်းသာအစစ်ကို ရရှိသွားတော်မူပါတယ်။ ရရှိသွားတော်မူလို့ လည်း ဘုရားဖြစ်စ နေ့ ကတည်းက ငါတော့ ကောင်းကောင်းသိပြီးပြီ၊ ဘ၀ဆိုတာ ဒုက္ခပဲ၊ ဒုက္ခဟာဘ၀ပဲတဲ့။ လိုချင်မှုတွေက စခဲ့တဲ့ ဒုက္ခ။ ခု လိုချင်မှု ဆုံးပြိမို့ ဒုက္ခလည်းသုဉ်းပြီ။ ဘ၀ကိုစိတ်နာခဲ့လို့  ဘ၀ မှ လွတ်မြောက်သွားတော်မူပါပြီ။

ဒီလိုဆိုတော့ ဘ၀ ဆိုတာ ဒုက္ခ လို့ 

(ရဲရဲတင်းတင်းကြီး )သိပြီး
ယထာဘူတ ကျကျ

ဘ၀ကို စိတ်နာ သင့်ပါတယ်။

၂။လူ့ ဘ၀ဟာ တကယ်တမ်းတော့ ခဏလေးရယ်ပါ။ လူ့ ရဲ့  သက်တမ်းအရ ကြည့်ရင် နှစ်၁၀၀ မှ သည် ၇၅ နှစ်သက်တမ်းထိ ရွေ့ လျောလာလိုက်တာ။ တစ်ဖြေးဖြေး အသက်တမ်းက တိုဖို့ ပဲ ရှိတယ် ၊ ဆုတ်ကပ်ခေတ်မို့ ။ တစ်နည်းပြောရရင် မတရားတာ တွေ လွှမ်းမိုးနေတဲ့ခေတ်မို့ ။

ထပ်ပြောပါဦးမယ်- ကိုယ့်အသက်၇၀ကျော် ၈၀ ကျော်နေရတာကိုပဲ ငါတို့ သက်တမ်းက ရှည်လှပြီလို့  ထင်တတ်ကြပါတယ်။ ထင်ပါပေါ့လေ။ လူကလည်း လူ့ အတိုင်းတာနဲ့  တိုင်းတာကို။ လူ့ ဘ၀တို တယ်ဆိုတာ ဥပမာနဲ့  ပြောရင် ပိုထင်ရှားမယ်။

သက်တမ်းအတိုဆုံးလို့  ပြောလို့ ရတဲ့ ပိုးဖလံလေးတွေဟာ ညမီးရောင်ကို ရွှေမှတ်ပြီး ထင်လို့  တိုးသလားတော့ မသိ၊ သူတို့ မီးထဲတိုးတိုးပြီး တစ်ညတာလေး အသက်တမ်းရှည်ခွင့်ရကြတယ်။ လူတွေက ထင်ကောင်းထင်မယ်။ ပိုးဖလံလေးက သက်တမ်းတိုလိုက်တာလို့ ။အခြားသတ္တ၀ါလေး တွေလည်း ဒီအတိုင်းပါပဲ ၊ နှစ်ရှည် လ ရက်တွေ မနေရကြပါဘူး။ ဘ၀ဟာတိုတယ်ပေါ့။

လူ့ ဘ၀က သက်တမ်းကို နတ်ဘ၀က နတ်တွေအနေနဲ့  ကြည့်ပြီး အသက်က တိုလိုက်တဲ့ဆိုတဲ့ဟာ သာဓက အနေနဲ့ ပြောချင်ပါ တယ်။ နတ်ပြည်မှာ ပန်းကုံးဖို့  ပန်းကောက် ပန်းခူးနေတဲ့ နတ်သမီးလေး၊ သူဟာ တစ်စုံတစ်ခုကြောင့် နတ်သက်ကြွေတယ်ပေါ့။ အဲဒါနဲ့ လူပြည်လာပြီး လူမိန်းမဖြစ်တယ်။ အိမ်ထောင်ကျတယ်။ ကလေးရတယ်။ နောက် သူလာခဲ့တဲ့ နတ်ပြည်ဘ၀ ဆိုတာကိုသိတယ်။
ဒါနဲ့ ပဲ လူပြည်က ဇယားရှုပ်တယ် ၊ ဒုက္ခများတယ် ဆိုပြီး နတ်ပြည်ပဲ ဖြစ်ချင်တာနဲ့  နတ်ပြည်ဖြစ် အောင် ဒါန သီလ ဘာဝနာများ ပြုလုပ်ကာ နတ်ပြည်ရောက်တယ်ပေါ့။ အပေါင်းသင်း နတ်များက ညည်း မနက်က ဘယ်ပျောက်သွားတာလဲ တဲ့။ သူတို့ အပြောက- မနက်တဲ့ နော် မနက်ကတဲ့။

ဒါကိုကြည့်သောအားဖြင့် လူ့ ပြည်လူလောက
လူ့ ဘ၀ ဆိုတာ နတ်သက်တမ်းနဲ့ ကြည့်ရင်တော့
ခဏလေးရယ်ပါ။

ဘယ်လိုပဲဖြစ်ဖြစ်လေ လူ့ ဘ၀ လူ့ သက်တမ်းကဘဲ တိုတိုလေးလို့  ပြောချင်ပြော။ ကိုယ်နဲ့ တွေ့ ရတဲ့သူတို့ ရဲ့ သက်တမ်းက ခဏလေးရယ်ပါလို့  ဆိုချင်ဆိုပေါ့။ အဓိကတော့ အညမည အချင်းချင်း ကိုတော့ စိတ်မနာမိစေနဲ့ ပေါ့။ အချင်းချင်းကို စိတ်နာမိတယ် ဆိုရင်ပဲ ကိုယ့်အတွက်က မကောင်း တဲ့ဘက်ကိုဘဲ သူနဲ့  ပါတ်သက်ပြီးတွေးတော့မယ်။ ကောင်းရာကို မမြင်တော့ပါဘူး။

စိတ်နာလေ ကိုယ့်ရဲ့  ကိုယ်ပါ လိုက်ပြီးနာတယ်။ စိတ်နာတော့ အစားသောက် မစားချင် ။ အစား သောက် မစားချင်တော့ ခန္ဓာကိုယ်ပါ လာပြီး ဒုက္ခပေးပြီပေါ့။ တွေ့ သခိုက် ခဏလေးမှာ ခွင့်လွတ် တတ် တဲ့ စိတ်ထားကလည်း ရှိဖို့ လိုတယ်။ သည်းခံရမယ်ပေါ့။ သဘာဝကိုလည်း သိထားရမယ်ပေါ့ ။ သည်းခံခြင်းဟာလည်း အမြတ်ဆုံးသော ဗုဒ္ဓလမ်းစဉ်ပေမို့ သဘာဝကိုသိပြီး စိတ်မနာအောင် ကြိုးစားရမယ်ပေါ့။

ဒီလိုဆိုတော့
ဘ၀ဆိုတာ
ခဏတာလေးပါလားလို့ 
သဘာဝကိုသိပြီး
အညမညကို
စိတ်မနာမိစေပါနဲ့ ။


မြတ်ရောင်နီ

( ၂၀၊ ၁၀ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP