* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 11, 2010

“ငါ့ဟာတွေကုန်ပါပြီ”

တခါကဇနီးမောင်နှံနှစ်ဦးတို့ရှိကြလေသည်။သူတို့နှစ်ဦးတို့တွင် လင်ယောက်ျားဖြစ်သူသည်ကား အလွန်ကပ်စေး နှဲသည်။ဇနီးသည်ကားအလွန်စေတနာကောင်းသည်။တစ်နှစ်တွင်သူတို့သည် စပါး ကြက်သွန်ငရုတ်စသည်တို့ကို ထူးခြားစွာရလေသည်။ ထို့ကြောင့်သူတို့သည်ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ သားဖြစ်သူများကို ရှင်ပြု ပေးကြလေသည်။ လင်သားဖြစ်သူသည် ဇနီးသည်၏ အလိုအရလည်းကောင်း ထုံးတမ်းစဉ်လာဖြစ်နေသည်က တစ် ကြောင်း သားဖြစ်သူများကို ရှင်ပြုပေးလိုက်ရသည်။ ငွေကုန်မှာကိုကားအလွန် ကြောက်နေလေသည်။ ရှင်ပြု ပွဲကြီးကို ပြုလုပ်ပါပြီ။အလှူပွဲကြီးနေ့ နံနက်ခင်းတွင် ပရိသတ်များကို ထမင်း ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေနေစဉ် အလွန်ကပ်စေးနှဲသော အလှူဒါယကာကြီးသည် “ငါ့ဟာတွေကုန်ပါပြီ ငါ့ဟာတွေကုန်ပါပြီ”ဟု ထမင်းထည့်ထား သောပုတ်ကြီးကို မ,ကာ မ,ကာနေလေတော့သည်။ထိုအချိန်အခါ အလှူဒါယ ကာကြီး၏ ရင်ဝယ်ပုတ်မစေတနာ သည်ဖြစ်ပေါ်၍လာလေ၏။ ထို့နောက် အလှူဒါယကာကြီးသည် ထမင်းကို အလှူအကျွံစားသော သူများကို ကြည့် ကာ မုန်းစစေတနာသည် ဖြစ်ပြန်လေ၏။ နောက်ဆုံးတွက်ကား အလှူဒါယကာကြီးသည် အပါယ်ရစေတနာ ဖြစ်လေတော့သတည်း။

မှတ်ချက်=ဗုဒ္ဓဘာသာဝင်တို့၏ထုံးတမ်းစဉ်လာအရ အလှူတစ်ခုပြုတော့မည်ဆိုလျှင်မလှူခင်ရှေးဦးအစ၌လှူချင် စိတ်တွေတစ်ဖွားဖွားဖြစ်နေခြင်းသည် ပုဗ္ဗစေတနာဖြစ်သည်။ သို့သော် အလှူဒါယကာကြီးသည်ကား ထိုပုဗ္ဗ စေတနာမဖြစ်မူ၍ “ငါ့ဟာတွေကုန်သွားပါပြီ၊ ငါ့ဟာတွေကုန်သွားပါပြီ”ဟု ပုတ်ကြီးကို မ,ကာ မ,ကာဖြစ်နေ လေတော့ ထိုဒါယကာကြီး၏ ရင်ဝယ်ပုတ်မစေတနာသာဖြစ်လေတော့သည်။ လှူဆဲတွင် ၀မ်းမြောက်ဝမ်းသာဖြစ် နေသော စေတနာသည် မုဉ္ဇစေတနာဖြစ်သည်။ထိုစေတနာမဖြစ်မူ၍ အလှူဒါယကာကြီးသည်ကား အလွန်စား သော သူများကို ကြည့်ကာ မုန်းစစေတနာဖြစ်လေတော့သည်။ အလှူပွဲပြီးနောက် ၀မ်းမြောက်ဝမ်းသာဖြစ်နေရ မည်ဖြစ်သော စေတနာသည်ကား အပရစေတနာဖြစ်သည်။ သို့သော် အပရစေတနာမဖြစ်မူ၍ အလှူဒါယကာ ကြီးဖြစ်သွားသောစေတနာသည်ကား အပါယ်ရစေတနာဖြစ်သွားလေတော့သတည်း။
မှတ်ချက် ဤပုံပြင်ကို ဦးသုဝဏ် (ရမ်းဗြဲ သို့မဟုတ် ရမ်းပြည့်)မှ ပြောပြသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP