* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 11, 2010

အဘိဓမ္မာသင်ရအောင်(၁၆)

သင်တန်းမှာတော့
စာရေးသူရဲ့ သင်တန်းမှာတော့ ဒီလိုသင်တယ်။ (က) ပါဠိဖတ်၊ (ခ) အင်္ဂလိပ် ဘာသာပြန်၊ (ဂ) အဓိပ္ပါယ် ရှင်းလင်းပြောပြ၊ (ဃ) အကျယ်တ၀င့်ဆွေးနွေး၊ (င) ဘယ်လို ကျင့်သုံးရမယ်ဆိုတာကို ချပြပေးတယ်။ အားလုံးက ကိုရီးယား၊ ဂျပန်၊ ဂျာမာန်၊ အိန္ဒိယ စတဲ့ နိုင်ငံခြားသားများချည်းဖြစ်လေတော့ အင်္ဂလိပ်လိုပဲ ရှင်းလင်း ပြောပြ ပေးရတယ်။ သင်တန်းချိန်မှာ မေးခွန်းတွေ အဖြေတွေ၊ ငြင်းခုံမှုတွေ၊ ဆွေးနွေးမှုတွေနှင့် အတော်လေးကို စိုစိုပြေပြေရှိလှပါတယ်။

နမောတဿ ဘုရားရှိခိုး
သင်တန်း မစမီမှာ အားလုံး နမောတဿ သုံးကြိမ် ရွတ်ဆိုပြီးတော့ ဘုရားကန်တော့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးမှု အစဉ်အလာတစ်ခုကို ထိန်းသိမ်းရာရောက်လို့ ဖြစ်တယ်။ ဟုတ်တယ် ဒီအစဉ်အလာက စာပေ သင်ကြားမှုမှာ သိပ်အရေးပါတယ်။ နမောတဿ ရွတ်ဆိုတဲ့အချိန်မှာ ကုသိုလ်စိတ်ဖြစ်တယ်။ ကုသိုလ်ရတယ်ဆိုပါတော့။ အဲဒီကုသိုလ်(စိတ်) က ရွတ်ဖတ်သူကို ဘေးအန္တရာယ်ကင်းအောင် ပြုလုပ်နိုင်စွမ်းရှိတယ်။ ဒီနေရာမှာ ဆရာရော တပည့်ပါ လိုချင်တဲ့ အကျိုးတရားက အန္တရာယ်ကင်းစွာနဲ့ သင်ယူမယ့်ကျမ်းစာကို ပြီးဆုံးတိုင် သင်ယူနိုင်ခြင်းဆိုတဲ့ အကျိုးတရားဖြစ်တယ်။ ဒါကြောင့် အန္တရာယ်ပျောက်ကင်း ကျမ်းပြီးခြင်း အကျိုးငှာ ကျမ်းစာ သင်ယူ မှုရဲ့အစမှာ ဘုရားရှိခိုးခြင်းဖြစ်တယ်လို့ အစဉ်အလာ ပြောဆိုမှု ရှိခဲ့တယ်။ အဋ္ဌကထာ ဋီကာကျမ်းစာများမှာ ကျမ်းဦးပဏာမ အနေနဲ့ ဘုရား တရား သံဃာနှင့် ဆရာသမားတွေကို တစ်လေးတစ်စား ကန်တော့ပန်းဆင်ထားတာ ရွှန်းရွှန်းကို ဝေနေတာပဲ။ ပိဋကတ်ကျမ်းစာ စာအုပ်တိုင်းရဲ့ အဖွင့်စာမျက်တိုင်းမှာ နမောတဿ ပါရှိနေတာကို သတိပြုမိလိမ့်မယ်။ ဆိုလိုတာက ကျမ်းစာရေးသားမှု သင်ယူမှုကိစ္စတွေမှာ အနှောက်အယှက်ပေးနိုင်တဲ့ (ဖျားတာ နာတာ စာသင်ချိန်ဧည့်သည်လာတာကအစ)မည်သည့် အန္တရာယ် အနှောက်အယှက် မျိုးမဆို မလိုလားဘူး။ အဲလို အန္တရာယ်ကင်းမှလည်း ကျမ်းစာကို လွယ်လွယ် ကူကူ ပြီးဆုံးတိုင် သင်ယူရေးသားနိုင်မယ်လေ။ ဒါကြောင့် ကျမ်းဦးအစမှာ သင်တန်းမစမီမှာ ရတနာသုံးပါး အမြတ်ဆုံးထား ရှိခိုးသမှုပြုကြတာပေါ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP