* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 11, 2010

ဓါတ်ပုံနှင့် အခြားဓါတ်ပုံများ

(က)သာသနာ့တက္ကသိုလ်နေ့များ(မန္တလေး)



သာသနာ့တက္ကသိုလ်မုခ်ဦးရှေ့မှာ စာကြည့်တိုက်တွေ ၀ါသနာပါတဲ့ ဂျပန်မလေးတစ်ယောက်နဲ့



သာသနာ့တက္ကသိုလ်ဒုတိယနှစ်(အဆောင် ၁၅)


သာသနာ့တက္ကသိုလ်တတိယနှစ် (အဆောင် ၂၀)


သာသနာ့တက္ကသိုလ် စတုတ္ထနှစ်(အဆောင် ၁၇)


ဘွဲ့ယူစာတမ်း(Term Paper) တင်ဖို့ ပြင်နေတာ...




နှစ်နှစ်တာ သာသနာပြုခရီးအတွင်း ရှမ်းအရှေ့ပိုင်းက တောင်ပေါ်တွေမှာ တောင်ဝှေးလေးကို အားပြုတက်ရင်း လားဟူတိုင်းရင်းသားတို့ရဲ့ ကမ္ဘာဦးအစားအစာ(မုန်လာပြုတ်၊ ၀ဥပြုတ်၊ ငရုတ်သီးနဲ့ ဆားတစ်ခွက်)၊



သာသနာပြုနှစ်နှစ်တာ ကွင်းဆင်းအပြီး ကမ္ဘာအေးကုန်းမြေဘွဲ့နှင်းသဘင်တက်ဖို့ အသွား ဥတ္တရကုရုအဆောင်တော်ရှေ့ မန္တလေးသာသနာ့တက္ကသိုလ်က ဘွဲ့ခံရဟန်းတော်များ

ဓါတ်ပုံလေးအချို့တွေ့တာနဲ့ ဥပါဒါန်ပိုးလေး ပြန်ထလာပါတယ်။ အမှတ်ရစရာဓါတ်ပုံအချို့ ပျောက်ဆုံးသွားတာ နှမျောစရာပါ။ ပထမနှစ် အဆောင်၁၉ ရှေ့မှာ ရိုက်ထားတဲ့ ဓါတ်ပုံရှာမတွေ့တော့ဘူး၊ ပြီးတော့ နောက်ဆုံးနှစ်စာမေးပွဲဖြေကာနီး ကုသိုလ်တော်ဘုရားအနီးက ထနှောင်းရိပ် လက်ဘက်ရည်ဆိုင်လေးမှာ လက်ဘက်ရည်တစ်ကြိုက် သောက်လိုက်၊ စာလေးတစ်ပိုဒ်ဖတ်လိုက်၊ စကားလေးနည်းနည်း ပြောလိုက်မြင်ကွင်းကို အမှတ်မထင်ရိုက်ထားတဲ့ ဓါတ်ပုံလေး ။ ပြီးတော့ သာသနာ့တက္ကသိုလ်ဘွဲ့ယူဓါတ်ပုံတွေလည်း မရှိတော့။ ဘာပဲဖြစ်ဖြစ် သာသနာ့တက္ကသိုလ်နေ့ရက်များက ရိုက်ထားတဲ့ ဓါတ်ပုံအချို့မှာ မရင့်ကျက်မှုလေးတွေ (ထွင်ကြတာပေါ့လေ) ပါနေတာ တွေ့ရပါတယ်။ ဖြည့်သာ ကြည့်ကြပေရော့.....။

(ခ)ထေရ၀ါဒတက္ကသိုလ်နေ့များ(ရန်ကုန်)


ထေရ၀ါဒတက္ကသိုလ်မုခ်ဦးမှာ ဗုဒ္ဓဓမ္မဒီပလိုမာတန်းအမှတ်တရ


ထေရ၀ါဒစာသင်ခန်းထဲ (ရဟန်းတော်တွေက ရှေ့ဆုံးက ထိုင်ရလေတော့ ငိုက်မရ)


နိုင်ငံတကာသင်တန်းသားများ (အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ် ၊ ကမ္ဘောဒီယား၊ နီပေါလ် ၊သြစတေးလျ အာရှ တိုက်သားက ပိုများတော့ မြန်မာတွေနဲ့ ခွဲခြားမရ)


ဘွဲ့နှင်းသဘင်မြင်ကွင်း


ထေရ၀ါဒတက္ကသိုလ်ဘွဲ့နှင်းသဘင်မှာ


ဗန်းမော်ဆရာတော်ကြီးထံမှ ဘွဲ့ပုံလက်မှတ်ကို ခံယူ...(ကျွန်းသားယတ်တောင်ကြီးက လေးပါ့။)

မိခင်ဖခင်တို့အတွက် ဘွဲ့ယူအပြီး ဓါတ်ပုံလေးရိုက်ပို့လိုက်ပါတယ်...(ဘွဲ့နှင်းသဘင်တက်ဖို့ ကျေးလက်ကနေ တကူးတက ရောက်လာခဲ့ကြပေမယ့် ဘွဲ့သတ်မှတ်ရက် အပြောင်းအလဲကြောင့် ကျေးဇူးရှင်များက မြို့မှာ ကြာကြာမနေနိုင်ဘဲ ရွာပြန်ကြလေသကိုး...။

တရားနာချင်ကြသတဲ့လေ...(ကဲ မထတမ်း ဟောတော့ လန့်သွားရော) ရိုးရိုးတရားပွဲလေးပါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP