* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 11, 2010

မနက်ဖြန် ကယ်လို့သာပေါ့


မေတ္တာ အပြည့်အ၀ဖြင့် နောင်တော်ကြီးကို စောင့်ရှောက်ပေးသည့် ဆရာတော် ဒေါက်တာ အရှင်ဇယတိဿ

အိုက်စပ်စပ် ခံစားမှုများနဲ့ နွမ်းလျစွာ လူသူနည်းပါးသည့် နေရာတစ်ခုမှာ စိတ်ရှိလက်ရှိ ထိုင်ချလိုက်သည်။ သူငယ်ချင်း မောင်တိက္ခဆီ ကလည်း ဖုန်းဆက်မရသည့် အခြေနေ။ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်း မသိတဲ့ နောင်တော်ကြီးအတွက် စိတ်ကလည်း အခြေမကျ နည်းလမ်းကလည်း ရှာကြံမရ။ လက်ထဲမှာ ပါလာတဲ့ ကွန်ပျူတာလေးကိုဖွင့်ပြီး အင်တာနက်ချိတ်ကာ မောင်တိက္ခဆီ အီးမေးလောက်တော့ ပို့လိုက်ပါဦးမယ်ပေါ့။ ဂျီမေးဖွင့်လိုက်တော့ စိတ်ထဲမှာ တအားပျော်သွားတယ်။ အီးမေးလေး တစ်စောင်ရောက်နေတယ်လေ။ ......

အကြောင်းပြန်ကြားခြင်း


eidasara ဒေးဒရဲ စင်္ကာပူသို့( ၂၅-၃-၁၀)နေ့ရောက်နေပါပြီ။ ဒီ ဖုန်းနံပါတ်ကို အမြန်ဆက်သွယ်ပါ -(၆၅) ၆၅၂၄၆၃၄၄၊ (၆၅)၉၁၂၀ ၂၆၉၅

--
စင်္ကာပူနိုင်ငံ သစ္စာပါရမီကျောင်း ဆရာတော်
ဒေါက်တာ အရှင် ဇယတိဿ
#04-376, Blk 372,
Bugit Batok Street 31,
Singapore 650372.
Mobile : (65) 9120 2695
Res : (65) 6524 6344

နောင်တော်ကြီး ဘယ်ရောက်နေလဲဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ပျော်ရွှင်ခြင်းများစွာ။ မေတ္တာ ကရုဏာတို့ကို အခြေခံ၍ ရောက်ရှိလာသော အီးမေးတစ်ဆောင်သည် မနက်ဖြန်၏ စိတ်ပူလောင်ခြင်း အိုက်စပ်ခြင်းတွေကို ဖယ်ရှားနိုင်သော တန်ဖိုးကြီးမား သည့် အရာဖြစ်ခဲ့သည်။ နွေခေါင်ခေါင် ခရီးတစ်ကြောင်း အားခဲ၍ လမ်းလျှောက်နေသူအတွက် သစ်တစ်ခက် ၀ါးတစ်ရိပ် ရေတစ်ပေါက်သည် ထိုသူအတွက် တန်ဖိုးကြီးမား သလိုပါပဲ။ ဆရာတော်ဆီကို ချက်ခြင်းပဲ ဖုန်းခေါ်လိုက်သည်။ ကူညီမှုတွေ စောင့်ရှောက်မှုတွေအများကြီး မေတ္တာဖြင့် ကြိုဆိုခဲ့သည့် ဆရာတော် အရှင်မြတ်ကို ကျေးဇူးပါကြောင်း ဦးတင် ဂါရ၀ပြုပါကြောင်းလျှောက်ထား ခဲ့ပါသည်။ နောင်တော်ကြီးက မောင်နာယကလုပ်ပုံကတော့ လူကိုချွေးပြန် သွားတယ်။ မနက်ဖြန်… ကယ်လို့သာပေါ့..မနက်ဖြန်နဲ့ မတွေ့ရင် စင်ကာပူထွက်လာတာ အမှားကြီး မှားပြီပေါ့ဟု …ရီစရာအဖြစ် ပြောပါသည်။

ဖြစ်ပုံလေးက ဒီလိုပါ …..
စင်ကာပူရောက်ပြီဆိုတော့ ညီမောင်တော့ အဆင်သင့်စောင့်နေပြီဆိုတဲ့ အတွေးနဲ့ လေယာဉ်ပေါ်ကဆင်း လာခဲ့တာ ညီမောင်ကို ရှာမတွေ့တော့ စိတ်ထဲမှာ ပြဿနာတော့ စတင်ပြီလို့ ခံစားမိတယ်တဲ့။ ယောင်လည် လည်နဲ့ စောင့်နေခဲ့တာ မိနစ် လေးဆယ်ငါးမိနစ်ခန့်ကြာသွားတယ်။ ညီမောင်ဖြစ်သူက ပေါ်မလာဘူးပေါ့။ အဲဒါနဲ့ ထွက်ပေါက်ဆီကို ဦးတည်လာခဲ့ရာ လေဆိပ်မှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်သား ဒကာလေး တစ်ဦးနဲ့ သွားတွေ့တော့ အကူညီတောင်းလိုက်ရတယ်။ ဒကာလေးတွေက အစအဆုံး ကူညီပေးရှာပါတယ်။ ဦးဇင်းက ဘယ်ကို သွားမှာလဲ မေးလေတော့ လက်ထဲမှာပါလာတဲ့ လိပ်စာကိုပြ ဘယ်လိုသွားရမယ်ဆိုတာ အကူညီ တောင်းခဲ့ရတယ်။ လာကြိုမဲ့သူက မရှိ၊ ညီမောင်နဲ့က လွဲ၊ ပြင်ပကမ္ဘာကို ထွက်လာတာက ပထမဆုံး အကြိမ် ဒုက္ခနဲ့ လှလှတွေ့တော့ တာပေါ့။ ဒါနဲ့ ဒကာလေးက လိပ်စာပါလာတဲ့ ကျောင်းကို ကောင်းကောင်း သိပါတယ် ဘုရားတဲ့။

ဖုန်းခေါ်ပြီး ဆရာတော်ကို အကျိုးအကြောင်းလျှောက် ဆရာတော်က အခုလာတဲ့ ဘုန်းကြီးကို မသိဘူး…မိန့်လေတော့ ဟိုက် ဗုဒ္ဓေါ ပြဿနာက ကြီးကြီးပေါ့ စိတ်ထဲမှာ အလုံးလိုက် အတစ်လိုက် ခံစားလိုက်ရသည်တဲ့။ ဆက်သွယ်ထားသည်က အရှင်တိက္ခ၊ လာကြိုမည်က အရှင်တိက္ခ၊ မရေရာ မသေချာ စီစဉ်သည်က မနက်ဖြန်။ အရှင်တိက္ခ၏ ဖုန်းနံပါတ်ကို နောင်တော်ကြီးကို မပေးမိ၊ အရှင်တိက္ခကလည်း ဆရာတော်ကို ကြိုတင်အကြောင်းကြားထားသည်မဟုတ်။ ကြားထဲက နောင်တော်နှင့် လိပ်စာမူခံရသည့် ဆရာတော်တို့ အလုပ်တွေ များ ပြဿနာပွားသွားသည်ပေါ့။ သို့သော် လိပ်စာပါ ကျောင်းဆရာတော်၏ မေတ္တာစေတနာက ကြီးမားသဖြင့် မသိသူဖြစ်လင့် ကစား မြန်မာပြည်က ရဟန်းတော်ဖြစ်သည့်အတွက် အရောက်ပို့ပေးပါဟု ဒကာလေးကို မိန့်သည့်တာကြောင့် နောင်တော်ကြီး ဦးဣန္ဒာစာရ ချမ်းသာခြင်းသုခ အပြည့်ဖြင့် ဆရာတော်၏ မေတ္တာအရိပ် အောက်သို့ ရောက်ခဲ့ရသည်။

နောင်တော်ကြီးက ဆရာတော်ကို ညီမောင်ဖြစ်သူနဲ့ ဤသို့ ဤပုံ စီစဉ်ထားပုံ အစီစဉ်အတိုင်းမဖြစ်ပဲ လွဲလာခဲ့ပုံနှင့် ညီမောင်မှာ အမေရိကမှာ နေသည်ဖြစ်ကြောင်း အလ္လာပ သလ္လာပ ပြောဖြစ်ခဲ့ကြသည်။ ဆရာတော်က ဦးဇင်း ညီမောင်နာမည်ကို သိသလိုလိုတော့ ရှိတယ်.. ဒီဦးဇင်းလေးများ ဖြစ်လေမလားဆိုပြီး ဘလော့ကို ဖွင့်ပြလိုက်စဉ် ညီမောင်၏ ငယ်ရုပ်ကို မြင်ရသဖြင့် စိတ်ထဲမှာ အတော်ပင် ၀မ်းသာလုံးစို့သွားသည်ပေါ့။ နေရတာ ပေါ့ပါးသွားသည်ပေါ့။ အဲဒီနောက် ဆရာတော်မှ ဘလော့မှာ ဆက်သွယ်ရန် ပါရှိသည့် မေးလိပ်စာကို ယူကာ နောင်တော်ကြီးနှင့် ဆက်သွယ်ရန် အီးမေးပို့လာသဖြင့် အဆက်သွယ်ရခြင်းဖြစ်သည်။ ထို့ကြောင့် နောင်တော်မှ မနက်ဖြန် ကယ်လို့သာပေါ့ဟု ……

စင်္ကာပူနိုင်ငံ သစ္စာပါရမီကျောင်း ဆရာတော်ကို ရိုသေစွာ ဦးတင်ကာ ဆရာတော်၏ ကူညီဆောင်မ မွန်မြတ်လှသော မေတ္တာ စေတနာကို ထာဝစဉ် အမှတ်ရနေမည်ဖြစ်ပါကြောင်း မှတ်တမ်းတင်ပါရစေ။

လေဆိပ်တွင် ကူညီမှုဖြင့် ကုသိုလ်ယူခဲ့ကြသော အမည်မသိ လေဆိပ်မှ မြန်မာပြည်သား ဒကာလေးများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါရစေ။
ကျေးဇူးရှင်များကို အမြဲ အမှတ်ရနေမည့်
မနက်ဖြန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP