* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 11, 2010

*အေတြးမွတ္စု*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

ဆရာတော်ဦးဇောတိက ရေးသားတော်မူသော ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်၊ သတိဖြင့်နေထိုင်ခြင်း စာအုပ်မှပြန်လည်ကူးယူပြီးဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
၁။ ဘယ်လိုအလုပ်မျိုးကိုပဲလုပ်လုပ်၊ မိမိလုပ်တဲ့ အလုပ်ကြောင့် မိမိကိုယ်ကို မိမိပူဇော်နိုင်ရမယ်။ လေးစား နိုင်ရမယ်။
၂။ သူများကို နိုင်ချင်တဲ့စိတ်ဟာ ကလေးဆန်တဲ့ စိတ်ဖြစ်တယ်။ သူများကိုအပြစ်ရှာချင်တဲ့ စိတ်ထားဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
၃။ သင်ဘယ်လိုလူလဲဆိုတာသိချင်ရင် သင်နဲ့သင့်ပတ်ဝန်းကျင်က လူတွေရဲ့ဆက်ဆံရေးကို အကဲခတ်ပါ။ ကိုယ့်ရဲ့ဆက်ဆံရေးဟာ ကိုယ့်ရဲ့Personality ကိုဖော်ပြနေတယ်။
၎။ အောင်မြင်မှုဆိုတာ မှန်ကန်တဲ့စိတ်ထားပါ။အောင်မြင်မှုဆိုတာ စိတ်ဓာတ်အရည်အသွေး ပြည့်ဝသူတွေ သာရရှိပိုင်ဆိုင်နိုင်တယ်။
၅။ စက္ကန့်တိုင်း စက္ကန့်တိုင်း တစ်ခဏတိုင်း တစ်ခဏတိုင်းကို တန်ဖိုးထားနိုင်မှ ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ဖြစ် မှာပါ။
၆။ ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို အပျက်အစီးမခံပဲနဲ့ သူတစ်ပါးကို စိတ်ဆင်းရဲအောင် လုပ်လို့မရနိုင်နိုင်ဘူး။
၇။ သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွား မယ်။

ဆရာတော်ဦးဇောတိက
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP