* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 25, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၃)



(၄) ပဋိပက္ခဟာ လူသားနှင့်လူ့အဖွဲ့အစည်းအတွက် သဘာဝနှင့် မရှိမဖြစ် လိုအပ်ချက်လား?


အနိစ္စ၊ ဒုက္ခ၊ အနတ္တ - ဤလက္ခဏာရေးသုံးခုဟာ ပဋိပက္ခအခြေအနေကို အပြည့်အ၀ ရှင်းပြနိုင်တဲ့ စည်းမျဉ်းများ ဖြစ်ပါတယ်။ ကမ္ဘာတွင် အရာရာတိုင်းကို အထူးအားဖြင့် ပဋိပက္ခနှင့်ပတ်သက်၍ ဤအရာသုံးခုက ထူးခြားသည့် သွင်ပြင်လက္ခဏာကို ဖော်ပြပါတယ်။

အချို့နိုင်ငံရေးပဋိပက္ခ အယူအဆသမားများဟာ “ ပဋိပက္ခဟာ အနိစ္စဆီသို့ ဦးတည်တယ်” ဆိုတာကို အခိုင်အမာ ပြောကြပါတယ်။ လက္ခဏာရေးသဘောတရားအရ နိစ္စသည်လည်း ပဋိပက္ခသို့ ဦးတည်ပါတယ်။ လူသားနှင့်လူ့အဖွဲ့အစည်းများရဲ့ အတွေးအခေါ်များ၊ အပြုအမူများဟာ စဉ်ဆက်မပြတ်ပြောင်းလဲနေပြီး ကြံ့ကြံ့ခံဖို့ အားတင်းထားဖို့ မတတ်နိုင်ကြပါဘူး။ သက်ရောက်မှုအဖြစ် ၄င်းတို့ကို တားဆီးထားလိုသည့် ဆန္ဒရှိလျင်တောင်မှ ထိုအရာများက တားဆီးမည်မဟုတ်ပါ။ ဒ့ါကြောင့် အကျိုးတရား၊ အခြေအနေနှင့်ပတ်သက်၍ မျော်လင့်ချက်များကို တွေ့ဆုံခွင့်မရသည်နှင့်တပြိုက်နက် ပဋိပက္ခဟာ ဖြစ်ပေါ်လာပါတယ်။

အမှန်စင်စစ် တစ်စုံတစ်ယောက်ဟာ လက္ခဏာရေးသဘောတရားနှင့်ပတ်သက်၍ ဥပဒေသများကို နားလည်လာတဲ့အခါ “ပဋိပက္ခဟာ လူသားနှင့်လူ့အဖွဲ့အစည်းများအတွက် မရှိမဖြစ် လိုအပ်တယ်၊ သဘာဝကျတယ်” ဆိုတာ ဟုတ် မဟုတ် ရှင်းပြရန် အလွန်လွယ်ကူပါတယ်။ သည်မေးခွန်းကို ဖြေကြားခြင်းမတိုင်မီ ဤအခြေအနေတွင် လူသားသတ္တ၀ါများနှင့်ပတ်သက်၍ ပထမဆုံး ရှင်းပြသင့်ပါတယ်။ သူတို့ဟာ ပုထုဇဉ် ဒါမှမဟုတ် ရဟန္တာလား ဆိုတာ ဖြစ်ပါတယ်။

သို့စေကာမူ လက္ခဏာရေးအယူအဆကို အသုံးပြုလျက် လူသားသတ္တ၀ါကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ လောဘ ဒေါသ မောဟပါဝင်တဲ့ ပြင်းပြသည့်အရာများက သူတို့ကို ၀ါးမျိုလောင်မြိုက်နေတဲ့ မည်သည့်အချိန် ဖြစ်ဖြစ် တွေးခေါ်ခြင်း၊ ပြောဆိုခြင်းများအပါအ၀င် သူတို့ရဲ့အပြုအမူအရာအားလုံးဟာ ကောင်းမှု မကောင်းမှု အပေါ်မှာ မှီတည်နေပါလိမ့်မယ်။ သည်အခြေအနေတွင် ပဋိပက္ခဟာ ပုထုဇဉ်လူသားများအကြား ဖြစ်ပေါ်လိမ့်မည်ဖြစ်သော ပုံမှန်အရာဝတ္ထုတစ်ခု ဖြစ်ပါတယ်။ တိပိဋကအလိုအရ ပဋိပက္ခများဟာ ကောသမ္ဗီတွင် ၀ိနယဓရနှင့်ဓမ္မဓရရဟန်းတော်များအကြား ဖြစ်ပေါ်သော ပဋိပက္ခ၊ ရောဟိနီမြစ်ရေနှင့်ပတ်သက်၍ မြတ်ဗုဒ္ဓ၏ ဆွေမျိုးဖြစ်သော သကျနှင့်သာကီမျိုးများအကြား ဖြစ်ပေါ်သော ပဋိပက္ခတို့ ဖြစ်ပါတယ်။

သည်ဥပမာအားလုံးက ပဋိပက္ခကို ရှောင်ရှားရန် ခက်ခဲတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ အကြောင်းကတော့ ကျယ်ကျယ်ပြန့်ပြန့် လူအများဟာ အခြားသူများနှင့် ဆက်စပ်ရပါတယ်။ အလုပ်အကိုင်၊ နိုင်ငံရေး၊ စီးပွါးရေး၊ မိသားစုအရေးတို့နှင့် စပ်ဆက်လျက်ရှိပါတယ်။ ဒါ့ကြောင့် “ လူသားနှင့်လူ့အဖွဲ့အစည်းများဟာ ကမ္ဘာတွင် အတူတကွ နေထိုင်ကြဖို့၊ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကျေနပ်ကြဖို့၊ အတူတကွ အလုပ်လုပ်ကြဖို့ လိုအပ်တယ်” ဆိုတာကို ပဋိပက္ခက ဖြစ်ပေါ်စေပါတယ်။

သို့ဖြစ်၍ မြတ်ဗုဒ္ဓ၏ဒေသနာတော်အလိုအရ ပဋိပက္ခဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး လူသားဘ၀၏မရှိမဖြစ် အခန်းကဏ္ဍဟု ဆိုစေဦး ထိုအရာများဟာ လုံးလုံးလျားလျား ကောင်းသည်လည်းမဟုတ်၊ အလုံးစုံ ဆိုးသည်လည်းမဟုတ်ပါ။ တချိန်တည်းမှာဘဲ အကောင်းဆုံးဖြစ်နိုင်ချေနည်းလမ်းများတွင် ပဋိပက္ခနှင့် ဘယ်လို နေထိုင်ကြမလဲဆိုတာကို ကိုယ့်ကိုယ်ကို မေးမြန်းကြရပါမယ်။ ဒါ့အပြင် လူသားနှင့်လူ့အဖွဲ့အစည်းများက ပဋိပက္ခတွင် ကိုယ်ကိုယ်တိုင် တွေ့ကြုံရသည့်အကြောင်းကို ဆင်ခြင်သုံးသပ်ရန် အချိန်ယူသင့်ပါတယ်။





(၅) ရဟန္တာများ သဘောထားကွဲလွဲသလား?

ဗုဒ္ဓဘာသာအလိုအရ အသိညဏ်ထူးကို သိပြီးသော ရပြီးသော ပုဂ္ဂိုလ်ကို ရဟန္တာလို့ ခေါ်ပါတယ်။ ဒီအဓိပ္ပါယ်ဖြင့် သူတို့စိတ်၏အတွင်းဒိဋ္ဌဖြစ်ရပ်ကို ရည်ညွန်းပါတယ်။ အမှန်စင်စစ် ရဟန္တာမှာ ပဋိပက္ခရှိတယ် ဆိုတာကို ပြောဆိုဖို့ မထိုက်တန်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ပြည့်ပြည့်၀၀ အသိညဏ်ထူးကို ရရှိပြီးလို့ ဖြစ်ပါတယ်။
“အို အဂ္ဂိဝေဿန! အသိညဏ်ထူးကို ရရှိပြီးသော ရဟန်းဟာ ကမ္ဘာလောက၏အမြင်များတွင် အခြားသောသူများနှင့် ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ခြင်း မရှိတော့ပါ။ ပညာနှင့်ပြည့်စုံသော မုနိဟာ……၊ ညဏ်အလင်းရပြီးသော သူဟာ …….ခိုက်ရန်ဖြစ်ခြင်း မရှိတော့ပါ”ဆိုတာကို မြတ်ဗုဒ္ဓက မိန့်ပါတယ်။

အခြားတစ်ဖက်တွင် ရဟန္တာများဟာ ပဋိပက္ခရှိခဲ့သော် သံဃာများအတွင်း လုပ်ကိုင်ပြီး၊ စီမံပြီးဖြစ်တယ်ဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။ အဲဒီနောက် အမှန်တရားကို အကြွင်းမဲ့သိမြင်ပြီးတဲ့ ရဟန္တာများဟာ သမရိုးကျဖြစ်တဲ့ အမှန်တရားအားလုံးကို နားလည်နိုင်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။ တကယ်တော့ တရားထူးကို ရောက်ခြင်းမတိုင်မီ သူတို့ဟာ ကွဲပြားခြားနားတဲ့ဗဟုသုတ ဒါမှမဟုတ် အတွေးအခေါ်များ မရှိခဲ့ပါဘူး။

မိလိန္ဒာပဥှာအလိုအရ အရှင်နာဂသေနက ပြောဆိုထားတာ ရှိပါတယ်။ “ ယေဘုယျအားဖြင့် ရဟန္တာများအားလုံး၏သဘာဝအရ အားလုံးသောအရာများကို သိရှိတယ်ဆိုတာ မဟုတ်ပါ။ အချို့က လူများ၏ အမည်နာမများ၊ ဇာတိမျိုးရိုးများကဲ့သို့သော အချို့အရာများကို မသိပါ။ အချို့က ၀ိမုတ္တိကိုသာလျင် သိပါတယ်။ အချို့က အဘိညာဉ်ကိုသာလျင် သိပါတယ်။ သဗ္ဗညုတညဏ်ရှင်သည်သာ အရာအားလုံးကို သိပါတယ်”။ သည်အခြေအနေတွင် ရဟန္တာများဟာ အချို့အရာများနှင့်ပတ်သက်၍ ဗဟုသုတဆိုင်ရာ နယ်နိမိတ်အကန့်အသတ်မရှိပါ။ သို့ဖြစ်၍ သူတို့ဟာ ခြားနားတဲ့အမြင်များရှိနိုင်ပြီး အခြားအရာများနှင့်ပတ်သက်၍ နားလည်ခြင်းများ ရှိနိုင်တယ်ဆိုတာ ဖြစ်နိုင်ချေရှိသော အဓိပ္ပါယ်ကောက်ယူချက် ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်တော်မူအပြီးသုံးလအကြာ ပိဋကများကို စိစစ်တည်းဖြတ်ခြင်း၏ရည်ရွယ်ချက်အတွက် ဗုဒ္ဓ၀ါဒီများကကျင်းပတဲ့ ပထမသင်္ဂါယနာမှာ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သေးငယ်သောသိက္ခာပုဒ် ၀ိနည်းဥပဒေများကို ဆွေးနွေးရန် ရဟန္တာငါးရာဟာ တွေ့ဆုံခဲ့ပါတယ်။ ဒီမေးခွန်းကို ဖြေရှင်းဖို့ အချိန်များစွာ အသုံးပြုပြီးသော်လည်း နောက်ဆုံး သူတို့ဟာ အဖြေကို မရှာဖွေနိုင်ခဲ့ပါဘူး။ သူတို့မှာ အဖြေများစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အုပ်စုအသီးသီးအကြား အဖြေအသီးသီးဟာ ခြားနားနေပါတယ်။ သို့ဖြစ်၍ ဤအရာများက ရဟန္တာများဟာ ပဋိပက္ခများ ရှိနိုင်တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP