* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 25, 2010

“အမြောက်နဲ့များပစ်ပြီး စားမလားမသိဘူး”

တစ်ခါက မြန်မာပြည်အထက်အပိုင်းတွင် ရွာသာရွာဟုအမည်ရသော ရွာကလေးတစ်ရွာရှိလေသည်။ ထိုရွာတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိလေသည်။ ရွာ၏ အမည်ကို အစွဲပြုကာ ထိုဘုန်းတော်ကြီးကျောင်းကိုလည်း ရွာသာကျောင်းဟုအမည်ပေးကြလေသည်။ထိုကျောင်း၏ဓလေ့အရကိုရင်+ကျောင်းသားများသည်ကိုးနာရီထိုးလျှင် ဆွမ်းခံသွားကြရသည်။ဆယ်နာရီထိုးလျှင်ကျောင်းပြန်ရောက်ကြသည်။မိနစ်သုံးဆယ်ခန့်ခေတ္တခဏနားကြရသည်။ ဆယ်နာရီခွဲလျှင်ကား မြတ်စွာဘုရားအား ဆွမ်းတော်ကပ်ရန်အတွက်လည်းကောင်း ဆရာတော်အား ဆွမ်းကပ် ရန်အတွက်လည်းကောင်း ပြင်ဆင်ကြရသည်။ ဆယ်နာရီလေးဆယ့်ငါးမိနစ်တွင်ကား မြတ်စွာဘုရားအား ဆွမ်း တော်ကပ်ကြသည်။ ဆွမ်းတော်ကပ်ဆိုရိုးသည်ကား (၁၅)မိနစ်အကိုက်ပင်ဖြစ်သည်။ ပြီးသည်နှင့် ဆယ့်တစ်နာရီ ထိုးသည်။ ထို့နောက် ကြေးမောင်းခေါက်သည်။ ခေါင်းလောင်းထိုးသည်။ ကြေးမောင်းခေါက်+ခေါင်းလောင်း ထိုးခြင်း၏ အဓိပ္ပာယ်သည်ကား အရပ်လေးမျက်နှာတွင် ရှိကြသော ပုဂ္ဂိုလ်အပေါင်းတို့အား ကျောင်းမှ ပြုလုပ် လိုက်သော ကုသိုလ်၏ အဖို့ဘာဂကို ရကြစေရန်အလို့ငှာ အမျှဝေလိုက်ခြင်းဖြစ်သည်။ နောက်ရည်ရွယ်ချက် သည်ကား ကျောင်းအတွင်းရှိ သံဃာတော်များကို ဆွမ်းဘုဉ်းပေးရန်အလို့ငှာ ခေါင်းလောင်းတီးပြီး ပင့်လိုက်ခြင်း ပင်ဖြစ်သည်။ သံဃာတော်များသည် ဆွမ်းဘုဉ်းပေးတော့ဟူသော အဓိပ္ပာယ်ကိုလည်းဆောင်ပေး၏။ တစ်နေ့ ထိုသို့ ရွာဦးကျောင်းမှ ကြေးမောင်းခေါက်+ခေါင်းလောင်းထိုးသံကို ကြားရသောအခါ အခြားအရပ်မှ အသက်ကြီးကြီး လူစိမ်းတစ်ယောက်က
“ခင်းဗျားတို့ရွာက နေ့ခင်းကြောင်တောင်ကြီး ကြေးမောင်းတွေခေါက်၊ ကြေးစည်တွေတီး၊ ခေါင်းလောင်းတွေ ခေါက်နဲ့ ဘာလုပ်မလို့လဲဗျ”ဟု မေးသောအခါ ရွာမှ ကြေးမောင်းခေါက်ခြင်းစသည်တို့၏ အဓိပ္ပာယ်ကို အတိ အကျမသိသော ကိုလူလည် မောင်ကျော်မင်းကြည်က
“ဘကြီးကလဲ အဲဒါဘုန်းကြီးတွေ ဆွမ်းစားတော့မယ်ဆိုတဲ့ အကြောင်းကို သိစေရန်အချက်ပေးတာလေဗျ”ဟု ဖြေကြားလိုက်လေသည်။ ထိုအခါ အသက်ကြီးကြီးဒါယကာကြီးက
“အွန်း မောင်ရင်တို့ရွာက ဘုန်းကြီးကလဲ သူများလှူတဲ့ ဆွမ်းကို စားတာတောင် မောင်းခေါက်၊ကြေငြာပြီး စားလိုက်သေးတယ်၊ကိုယ်တိုင်အလုပ်လုပ်လို့ ကိုယ်တိုင်ရှာလို့ရလာတဲ့ ဆွမ်းကိုသာစားရလို့ကတော့ အမြောက် နဲ့ပစ်ပြီးတောင် စားလောက်တယ်ငါ့တူရေ၊ မင်းတို့ဘုန်းကြီးကတော့ ကြွားချက်ကတော့ သန်ပါပေ”ဟု ပြောကာ ထွက်သွားလေတော့သတည်း။ ကွမ်းယာရောင်း သမား လေးမောင်ကျော်မင်းကြည်တစ်ယောက်တော့ အတွေး တစ်ခုနဲ့ ကျန်ရစ်လေတော့သည်။ သူ၏အတွေးသည်ကား
“ဒီဘကြီးနယ် ပေါက်ပေါက်ရှာရှာပြောတတ်ပါပေ့”ဟူ၍ပင်ဖြစ်သတည်း။ မိမိအတွေးဝင်မိသည်ကား
“ဒီဒကာကြီးပြောလိုက်ပုံကတော့ သံဃာတော်များသည်ပင် ခေါင်းလောင်းထိုးပြီး ဆွမ်းမစားရဲအောင်ပင် ဖြစ် နေပြီ”ဟူသည်ပင်ဖြစ်သတည်း။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP